ဟောလီးဝုဒ်ရဲ့ နာမည်ကျော် ဘတ်ရေးနိုးလ် ကွယ်လွန်

ဗြိတိန်ရုပ်ရှင်သရုပ်ဆောင်လဲဖြစ် ဇနီးဟောင်းလဲဖြစ်သူ ဂျူဒီကာနီ ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗြိတိန်ရုပ်ရှင်သရုပ်ဆောင်လဲဖြစ် ဇနီးဟောင်းလဲဖြစ်သူ ဂျူဒီကာနီ

ဟောလီးဝုဒ်ရဲ့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဘတ်ရေးနိုးလ် ဟာ သြဂုတ်လ ၆ ရက်က ဖလော်ရီဒါ ဆေးရုံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ် ရှိပါတယ်။

ဘတ်ရေးနိုးလ်ဟာ ၁၉၇၀ နှစ်တွေမှာ ထိမိတဲ့ အပြောအဆို ပျက်လုံးတွေနဲ့ ရုပ်ရှင်တွေကြောင့် ပရိသတ်ရဲ့ အသည်းစွဲဖြစ်ခဲ့သူ အော်စကာဆု စာရင်းတင်သွင်းခံရသူပါ။

ရုပ်ရှင်သရုပ်ဆောင် ဘတ်ရေးနိုးလ်ဟာ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်မှာ မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ၊ ဒါရိုက်တာနဲ့ ရုပ်ရှင်ထုတ်လုပ်သူ တယောက်ပဲဖြစ်ပါတယ်။

သူဟာ ဖလော်ရီဒါ ဆေးရုံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သူ့မိသားစုက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ငယ်ရွယ်နုပျိုစဉ်က ရေးနိုးလ်

နှုတ်ခမ်းမွေး ဖက်ရှင်နဲ့ နာမည်ကျော်ဟာ နှလုံးသွေးကြော ခွဲစိတ်မှုကို ၂၀၁၀ မှာ လုပ်ခဲ့ရပြီး သူကွယ်လွန်ချိန်မှာ ကွင်းတန်ဆိုတဲ့ သားတဦး ကျန်ခဲ့ပါတယ်။

သူ့ကွယ်လွန်မှုအတွက် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်တွေက ဝမ်းနည်းကြေကွဲကြောင်း တွစ်တာမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

ဘတ်ရေးနိုးလ်ဟာ Smokey , The Bandit , The Cannonball Run နဲ့ Boogie Nights စတဲ့ နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

သူဟာ ဖလော်ရီဒါက ဂျုပီတာဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ သူရဲ့ တူမဖြစ်သူကတော့ သူ့ဦးလေး မိသားစုကို ခွဲသွားတာဟာ တကယ်ကို ကြေကွဲတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကျွန်မရဲ့ဦးလေးက နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တယောက် ပဲမဟုတ်ပါဘူး။ တကယ်ကို ထူးချွန်တဲ့ပါရမီရှင်ဖြစ်ပြီး ဒီအလုပ်ကို မိသားစုတွေ သူငယ်ချင်းတွေထက် ပိုပြီး ရူးသွပ်ခဲ့သူ တယောက်ပါလို့ တူမဖြစ်သူ နန်စီက ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ