နှစ် ၇၀ မြောက် နိုင်ငံတည်ထောင်ခြင်း စစ်ရေးပြပွဲမှာ ဒုံးကျည်မပါ

ဓာတ်ပုံ ရင်းမြစ်, AFP
နျူကလီးယား စွန့်လွှတ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်လား
မြောက်ကိုရီးယား တည်ထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြ အခမ်းအနားကို ကျင်းပခဲ့ရာ တိုက် တခုကနေ နောက်တိုက် တခုကို ပစ်နိုင်တဲ့ ဒုံးကျည်တွေ ပြသတာ မရှိဘဲ၊ တခြား လက်နက်တွေနဲ့ သာ ချီတက် ပြသခဲ့ ပါတယ်။
မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား စွန့်လွှတ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် နဲ့ ဒုံးလက်နက် ပစ်စင် တွေ အပေါ် အခု အခမ်း အနားက တစုံတရာ ပြသပုံ ရပါတယ်။
အခု စစ်ရေးပြ အခမ်း အနားမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း မိန့်ခွန်း ပြောခဲ့လား ဆိုတာလည်း ရှင်းရှင်း လင်းလင်း မသိရသေးပါ။
ကင်ဂျုံအွန်း ဟာ အမေရိကန် သမ္မတ နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်း စစ်လက်နက် ပြသ တာတွေကို လျှော့ချမယ်လို့ အကဲဖြတ် တချို့က တင်ကြို သုံးသပ် ထားပြီး ဖြစ်ပါတယ်။
အရင်တုန်းကတော့ အမေရိကန် အထိ ပစ်ခတ် နိုင်တဲ့ နျူကလီးယား ထိပ်ဖူး လည်းပါနိုင်တဲ့ ဒုံးလက်နက် တွေကို ပြသတာဟာ ရန်စတဲ့ ပုံစံမျိုး ဖြစ်စေ ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ တုန်းကတော့ ကင်ဂျုံအွန်းနဲ့ မစ္စတာ ထရမ့်တို့ ဟာ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အတွက် ဆောင်ရွက်ကြဖို့ သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
စစ်လက်နက် ပြသ တာတွေကို လျှော့ချမယ်လို့ အကဲဖြတ် တချို့က တင်ကြို သုံးသပ်
ဒါပေမယ့် ဒီသဘောတူညီချက်ဟာ တိကျ ခိုင်မာတဲ့ သဘောတူညီချက်တော့ မဟုတ်ပါဘူး။ အချိန် အတိုင်း အတာလည်း မပါ သလို၊ လုပ်ငန်း အသေးစိတ် နဲ့ စိစစ်မှုတွေ လုပ်ဖို့လည်း ပါဝင်ခြင်းမရှိပါ။
နှစ်နိုင်ငံ အဆင့်မြင့် ဆွေးနွေးမှုတွေ နဲ့ လည်ပတ် မှုတွေ ဆက်လုပ် နေပေမယ့် မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ ပြုံယမ်း ခရီးစဉ်ကို နောက်ဆုံး သွားခါနီး အချိန်ကျမှ ဖျက်သိမ်း လိုက်ပါတယ်။
ဒါဟာ စေ့စပ်ဆွေးနွေး မှုတွေကို ကြန့်ကြာအောင် လုပ်နေတာ ဆိုပြီး နှစ်ဘက် စလုံးက အပြန်အလှန် အပြစ် ပြောနေကြပါတယ်။
ဘီဘီစီ သတင်းထောက် ရဲ့ သုံးသပ် ချက်ကတော့ ဒုံးလက်နက်ကြီးတွေ ပြခဲ့မယ် ဆိုရင် နောက်ပိုင်း ဆွေးနွေးစရာ ဖြစ်လာဖို့ ရှိပြီး၊ ကိုရီးယား စစ်ပွဲ အဆုံးသတ်ရေး သဘောတူချက် အတွက်ပါ အန္တရာယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။
သမိုင်းတလျှောက် ကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး