စက်တင်ဘာ ၁၅ ရက် ညနေပိုင်း သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption မန်ကွတ် တိုင်ဖွန်းမုန်တိုင်း

(၁) မန်ကွတ် တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် ဆည်မြောင်းတာတမံတွေကို သတိပြုစောင့်ကြည့်ဖို့ မိုးဇလ သတိပေး

ဖိလစ်ပိုင်မှာ ဝင်ရောက်တိုက်ခတ်နေတဲ့ မန်ကွတ် တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိလာနိုင်လို့ ဆည်မြောင်းတာတမံတွေကို သတိပြုစောင့်ကြည့်ဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြိုတင်သတိပေးပါတယ်။

မန်ကွတ် တိုင်ဖွန်းမုန်တိုင်းဟာ လာမယ့် ၃ ရက် အတွင်း ကုန်းတွင်းမုန်တိုင်းအဖြစ် ပြောင်းလဲပြီးနောက် အရှေ့လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာဖို့ ရှိနေတဲ့အတွက် ဒေသအလိုက် မိုးကြီးနိုင်လို့ ရေကြီးရေလျှံတာတွေ မဖြစ်ပေါ်စေဖို့ ဆည်မြောင်းတာတမံတွေကို သတိထား စောင့်ကြည့်ဖို့ လိုမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒသညွှန်ကြားမှုဦးစီးဌာနက ကြိုတင်သတိပေးပါတယ်။

လေပွေလှိုင်း အရှိန်ကြောင့် ရုတ်တရက် မိုးကြီးနိုင်တဲ့ ဒေသတွေထဲမှာ စစ်ကိုင်း၊ မန္တလေးစတဲ့ မြို့တွေ လည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Thet Thet Khine
Image caption ၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား

() ၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပ

ပြည်ထောင်စုလွှတ်တော်က ဦးဆောင်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပပါတယ်။

အခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားဟာ ၈ ကြိမ်မြောက် ကျင်းပတာ ဖြစ်ပြီး၊ ဒီနှစ်မှာတော့ "ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်ပေး " ခေါင်းစဉ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပေးပို့တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ သဝဏ်လွှာမှာ နိုင်ငံသားအားလုံး ရည်မှန်းတဲ့ ဒီမိုကရေဒီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ချိန်မှာ ဒီမိုကရေစီ အတုအယောင်များနဲ့ အန္တရာယ်တွေကို မျက်ခြေမပြတ် ဂရုစိုက်ဖို့ လိုတယ်လို့ ရေးသားထားပါတယ်။

ဒီမိုကရေစီ အန္တရာယ်ဆိုတာက ဒီမိုကရေစီကို ယုံကြည်သော်လည်း အသွင်ကူးပြောင်းရေးကို အားမလို အားမရဖြစ်ပြီး မိမိသဘောနဲ့ လုပ်ချင်ရာ လုပ်တဲ့အတွက် အာဏာရှင်စနစ် ပြန်အသက်သွင်းပေးသလို ဖြစ်နေတာတွေ၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ မညီညွတ်တဲ့ နည်းလမ်းနဲ့ ပြည်သူ့အာဏာကို ရယူဖို့ ကြိုးစားသူတွေဟာ ဒီမိုကရေစီရဲ့ အန္တရာယ်ဖြစ်လို့ အထူးအလေးအနက်ထား သတိပြုဖို့ လိုတယ်လို့လည်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။

နိုင်ငံဟာ ဒီမိုကရေစီ လမ်းမပေါ် ခြေချခါစ အချိန်အခါမို့ အင်မတန် အရေးကြီးပြီး လမ်းလျှောက်တတ်ခါစ ကလေးကို ဂရုစိုက်သလို လဲပြိုမသွားစေဖို့ သတိတရား ဆင်ခြင်ပြီး ထိန်းသိမ်းရမယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ ရှင်သန်စေလိုရင် ဥပဒေကို လေးစားလိုက်ရမှာ ဖြစ်သလို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကိုလည်း လိုက်နာရမယ်လို့ သမ္မတဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသား ထားပါတယ်။

ဓာတ်ပုံ မူပိုင် WORLD ECONOMIC FORUM
Image caption WORLD ECONOMIC FORUM မှ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

() အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်အပေါ် သတင်းသမားအဖွဲ့တွေ ကန့်ကွက်

ရိုက်တာသတင်းထောက်နှစ်ယောက်ဟာ ဥပဒေ ချိုးဖောက်လို့ ပြစ်ဒဏ်ချမှတ်ခံရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာနဲ့ ပတ်သတ်လို့ သတင်းသမား အဖွဲ့အစည်းတွေက ကန့်ကွက်စာ ထုတ်ခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ - ကမ္ဘာ့စီးပွားရေး ညီလာခံမှာ နိုင်ငံတကာသတင်းမီဒီယာများရဲ့ မေးမြန်းမှုအပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက်စွဲနဲ့ ထုတ်တဲ့ အဲဒီကန့်ကွက်စာမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားချက်နဲ့ ပတ်သတ်လို့ မိမိတို့ အလွန်စိတ်ပျက်ကြောင်း ရေးသားထားပါတယ်။

တရားစီရင်မှုမှာ အားနည်းချက်ရှိရင် ထောက်ပြနိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြောဆိုချက်ကို ကြိုဆိုသလို သတင်းသမားကွန်ရက်များအနေနဲ့ ဒီတရားစီရင်မှုမှာ ထောက်ပြလိုတဲ့ အချက်က ရိုက်တာသတင်းထောက်နှစ်ဦးဟာ ဥပဒေဖောက်ဖျက် ကျုးလွန်ခဲ့ခြင်းမရှိဘဲ သတင်းသမားများရဲ့ တာဝန်ဖြစ်တဲ့ သတင်းအချက်အလက်ရဖို့ ကြိုးစားစုဆောင်းစဉ် ထောင်ချောက်ဆင် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း သတင်းသမားများကွန်ရက်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကယ်ဆယ်ရေးစခန်းရောက် မုန်တိုင်းရှောင် ဖိလစ်ပိုင်ပြည်သူတချို့

() ဖိလစ်ပိုင်မှာလည်း အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်

ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်းမှာ တိုင်ဖွန်း မုန်တိုင်း မန်ကွတ် ကြောင့် မိုး အဆက်မပြတ် ရွာသွန်း နေပြီး လေပြင်း တိုက်ခတ် မှုတွေကြောင့် ပျက်စီး ဆုံးရှုံး မှုတွေ ရှိခဲ့ပါတယ်။

တူဂါဂရောင်း မြို့က နေအိမ် အားလုံး နီးပါး ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း အစိုး ရ တာဝန် ရှိသူ က ပြောပါတယ်။ နောက်ပြီး မုန်တိုင်း ဒဏ်ကြောင့် ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်း တွေလည်း ပြတ်တောက် လျှက် ရှိနေတယ်လို့ ဆိုပါတယ်။

တိုင်ဖွန်း မန်ကွက် ဟာ လေတိုက် နှုန်း တနာရီကို ၁၁၅ မိုင် ရှိပြီး လူ ပေါင်း ၄ သန်း လောက် ဟာ မုန်တိုင်း ဒဏ် ကို ခံစား နေရပါတယ်။

လတ်တလော အချိန် အထိတော့ မုန်တိုင်း ကြောင့် လူ ထိခိုက် သေဆုံး တဲ့ သတင်း တွေကို တော့ မရရှိသေးပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိမ်ခြေ တစ်သိန်း လောက်မှာ လျှပ်စစ်မီး ပြတ်တောက်မှု တွေလည်း ဖြစ်ပေါ်နေ

() ဟာရီကိန်း ဖလောရင့်ကြောင့် သေဆုံးသူ ၅ ဦး ထိ ရှိလာ

အမေရိကန် နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ဒေသမှာ ဖြစ်ပေါ် နေတဲ့ ဟာရီကိန်း မုန်တိုင်း ဖလောရင့် ကြောင့် ထိခိုက် သေဆုံး ခဲ့ရသူ အနည်းဆုံး ၅ ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။

တောင် နဲ့ မြောက် ကာရိုလိုင်းနား ဒေသ က အိမ်ခြေ တစ်သိန်း လောက်မှာ လျှပ်စစ်မီး ပြတ်တောက်မှု တွေလည်း ဖြစ်ပေါ် နေပါတယ်။

လောလောဆယ်မှာ တော့ ဟာရီကိန်း မုန်တိုင်း အဆင့် ကနေ မုတ်သုံ မုန်တိုင်း ငယ် အဆင့် ကို လျော့ချ လိုက်ပြီး ဖြစ်ပေမယ့် အင်အားပြင်းထန် တဲ့ မုန်တိုင်း တခု အဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ မိုးလေဝသ ကျွမ်းကျင် သူတွေ က ပြောဆိုပါတယ်။