မန်ခွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ၂၅ ယောက်ရှိ

မန်ခွတ် တိုင်ဖုန်းမုန်တိုင်း ဓာတ်ပုံ မူပိုင် EPA
Image caption မန်ခွတ် တိုင်ဖုန်းမုန်တိုင်း

ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက် တိုက်ခတ် ခဲ့တဲ့ မန်ခွတ် တိုင်ဖုန်း မုန်တိုင်းကြောင့် သေဆုံးသူ ၂၅ ယောက် ရှိပြီ ဖြစ်ပါတယ်။

မုန်တိုင်းလမ်းကြောင်း အဓိက ဖြတ်သန်းရာဖြစ်တဲ့ လူဇွန်ကျွန်းမှာပဲ အနည်းဆုံး သေဆုံးသူ ၁၄ ယောက် ရှိတယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ပြောပါတယ်။

မြို့တော် မနီလာမှာလည်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံပြီး လမ်းပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မန်ခွတ် တိုင်ဖုန်း မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ၂၅ ယောက်ရှိ

တိုင်ဖုန်း မန်ကွက်ဟာ လေတိုက်နှုန်း တနာရီကို ၁၁၅ မိုင် တိုက်ခတ် တာဖြစ်ပြီး၊ လူ ၅ သန်းလောက် မုန်တိုင်းဒဏ် ခံစား ရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ သွားရောက် ခိုလှုံရ သူလည်း ၁ သိန်းကျော် ရှိတယ်လို့ ဒေသ ဆိုင်ရာ မီဒီယာတွေက ပြောပါတယ်။

မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက် နေသလို၊ ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်း တွေလည်း ပြတ်တောက် နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မန်ခွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ၂၅ ယောက်ရှိ

မုန်တိုင်းဖြတ်သန်း တိုက်ခတ်ရာ တလျှောက်မှာ ရှိတဲ့ နေအိမ်တွေ ပြိုကျ ပျက်စီး တာတွေ ရှိသလို၊ သီးနှံစိုက်ခင်း အမြောက် အမြားလည်း ပျက်စီး ကုန်တယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ဆိုပါတယ်။

တိုင်ဖုန်း မန်ကွတ်ဟာ ဖိလစ်ပိုင် နိုင်ငံကို သောကြာနေ့ ကတည်းက ချဉ်းကပ် ဝင်လာပြီး စနေနေ့မှာ ဖြတ်သန်း တိုက်ခတ် သွားတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ ၂၀၁၃ ခုနှစ်တုန်းက အင်အားပြင်းထန်တဲ့ စူပါ တိုင်ဖုန်း မုန်တိုင်း ဟိုင်ယန် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး လူ ခုနှစ်ထောင် လောက် သေကြေခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ