တနင်္ဂနွေ ညနေခင်း သတင်းဖတ်စာ

မုန်တိုင်း န်ခွတ် တရုတ်ကို ဝင်

ဓာတ်ပုံ မူပိုင် EPA
Image caption ဟောင်ကောင် မှာ လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိ

ဖိလစ်ပိုင်မှာ လူ ၂၉ ဦး သေဆုံးခဲ့ရတဲ့ မန်ခွတ် မုန်တိုင်းဟာ အခုတော့ တရုတ်နိုင်ငံ တောင်ပိုင်းကို ဦးတည် တိုက်ခတ် နေပြီ ဖြစ်ပါတယ်။

ဟောင်ကောင်ကို ဝင်ချိန်မှာတော့ လေတိုက်နှုန်း တနာရီ ၁၁၀ မိုင်နှုန်း ရှိခဲ့တာကြောင့် မိုးပျံတိုက်ကြီးတွေ ယိမ်းထိုး ခဲ့ပြီး၊ ပြူတင်းပေါက် မှန်တွေလဲ ကွဲကုန် ပါတယ်။ ဟောင်ကောင် မှာ လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွား ခဲ့ပါတယ်။

တရုတ်နိုင်ငံ အာဏာပိုင်တွေ ကတော့ နိုင်ငံ အနောက်တောင်ဘက်ကို ဦးတည်နေတဲ့ ဒီမုန်တိုင်း အတွက် အနီရောင် အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မကြာခင် နာရီပိုင်း အတွင်း တရုတ်ကို ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။

ဘားအံမှာ ထောင်ဖေါက်ထွက်ပြေး

ဓာတ်ပုံ မူပိုင် Google
Image caption ကားတစီးကို ယူဆောင် ထွက်ပြေး

ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးမှာ ရှိတဲ့ ဘားအံ အကျဉ်းထောင်က အကျဉ်းသား တချို့ ထောင်ဖောက် ထွက်ပြေးခဲ့ကြောင်း ကရင်ပြည်နယ်ရဲ့ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းက အတည်ပြုပြောဆိုပါတယ်။

အကျဉ်းသားတွေဟာ ဘားအံ အကျဉ်းထောင် ကနေ ကားတစီးကို ယူဆောင် ထွက်ပြေး သွားတယ်လို့ သတင်းကြား ကြောင်း ဘားအံမြို့ခံတွေက ပြောပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းများအရ ထောင်ဖောက်ထွက်ပြေးသူ အကျဉ်းသား လေးဆယ်ခန့်ရှိတယ်လို့ သိရပါတယ်။

ကိုရီးယား နှစ်နိုင်ငံ ရှေ့အပတ်တွေ့မယ်

ဓာတ်ပုံ မူပိုင် EPA
Image caption မြောက်ကိုရီးယား မြို့တော် ပြုံယမ်း မှာ တွေ့ဆုံမယ်

ရှေ့သီတင်းပတ်မှာ ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့တဲ့အခါ တောင်ကိုရီးယား ဘက်က ထိပ်ပိုင်း စီးပွားရေး လုပ်ငန်းရှင်တွေကိုပါ ခေါ်လာမှာလို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက အတည်ပြု ပြောကြားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ ဒီတခါ တွေ့ဆုံမှုဟာ တတိယမြောက် ဖြစ်ပါလိမ့်မယ်။

အရင်လို နှစ်နိုင်ငံ နယ်ခြားမှာ တွေ့ဆုံမှာ မဟုတ်ဘဲ ပထမဆုံး အကြိမ်အဖြစ် မြောက်ကိုရီးယား မြို့တော် ပြုံယမ်း မှာ တွေ့ဆုံ ကြမှာလည်း ဖြစ်ပါတယ်။