ဧရာဝတီကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်အသစ် စီးပွားဖြစ်ထုတ်လုပ်နိုင်

ဓာတ်ပုံ မူပိုင် AFP
Image caption ကမ်းလွန် သဘာဝဓါတ်ငွေ လုပ်ငန်းခွင်တခု

သဘာဝဓာတ်ငွေ့သိုက်အသစ် စီးပွားဖြစ်ထုတ်လုပ်နိုင်

အသစ် ထပ်မံတွေ့ရှိထားတဲ့ စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ သဘာဝဓာတ်ငွေ့သိုက်သစ်ဟာ ကုဗပေ သုံးထရီလျံအထိထုတ်နိုင်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။

စမ်းသပ် တွေ့ရှိခဲ့တဲ့ သဘာဝဓါတ်ငွေသိုက်ဟာ ဧရာဝတီတိုင်း အတွင်းမှာ တူးဖော်နေတဲ့ ကမ်းလွန်လုပ်ကွက် အမှတ် A-6 ရဲ့ ရွှေရည်ထွန်း -၂ လုပ်ကွက်ကနေ တူးဖော် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ငွေတွင်း တွေ့ရှိတဲ့ နေရာဟာ ရေအလွန်နက်တဲ့ နေရာ ဖြစ်တဲ့အတွက် ၂၀၂၃ ခုနှစ်မှ အဲဒီတွင်းကနေ ထွက်ရှိတဲ့ ဓာတ်ငွေတွေကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီးဦးဝင်းခိုင်က ဆိုပါတယ်။

အခု တွေ့ရှိတဲ့ သဘာဝဓါတ်ငွေ့တွင်းကနေ အစိုးရက ၂၀ ရာခိုင်နှုန်းလောက် ရရှိမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးဝင်းခိုင်က ဆိုပါတယ်။

စာချုပ်ထဲပါ နိုင်ငံတော်က ပါဝင်ခွင့်ရတယ်ဆိုတဲ့ ချုပ်ဆိုမှုအရ ထွက်တဲ့ပမာဏရဲ့ ၂၀ ရာခိုင်နှုန်း ရရှိမှာ ဖြစ်တယ်လို့ ဝန်ကြီးဦးဝင်းခိုင်က ပြောပါတယ်။

ကမ်းလွန် လုပ်ကွက်အမှတ် A-6 မှာ စမ်းသပ်တူးဖော်နေတဲ့ တွင်းတစ်ခုကနေ စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ သဘာဝဓါတ်ငွေသိုက်ကို ရှာတွေ့ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် MICHELE COOPER
Image caption သဘာဝဓါတ်ငွေ လုပ်ငန်းခွင်တခု

အဲဒီသဘာ၀ ဓါတ်ငွေသိုက်ကို မြန်မာနိုင်ငံသားတွေ ဦးဆောင်လုပ်ကိုင်တဲ့ MPRL E @ P ကုမ္ပဏီ၊ ပြင်သစ် အခြေစိုက် Total ကုမ္ပဏီနဲ့သြစတြေးလျ အခြေစိုက် Wood Side ကုမ္ပဏီတို့ စုပေါင်း ရှာဖွေတဲ့ တွင်းကနေ တွေ့ရှိခဲ့တာပါ။

သဘာဝ ဓာတ်ငွေ့သိုက် အသစ် တွေ့ရှိမှုနဲ့ ပတ်သတ်ပြီး စက်တင်ဘာ ၂၅ ရက်က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက နေပြည်တော်ရှိ Kempinski Hotel မှာ ဖိုရမ်တခု ပြုလုပ်ပြီး ရှင်းပြခဲ့တာဖြစ်ပါတယ်။