တရုတ်က ဆန်နဲ့ သကြား တင်သွင်းမှု တင်းကျပ်လို့ မြန်မာကုန်သည်တွေအခက်ကြုံ

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံဟာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အရေးအကြီးဆုံး၊ ပမာဏအများဆုံး ကုန်သွယ်ရေးဇုန် ဖြစ်
Image caption မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံဟာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အရေးအကြီးဆုံး၊ ပမာဏအများဆုံး ကုန်သွယ်ရေးဇုန် ဖြစ်

မြန်မာဘက်ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ကို အဓိကတင်ပို့နေတဲ့ ဆန်နဲ့ သကြားတင်ပို့တဲ့လမ်းကြောင်း တွေကို တရုတ် ဘက်က တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာရက်ကြာလာတာကြောင့် မြန်မာဘက်ခြမ်းက သိုလှောင်ရုံ တွေမှာ ကုန်တွေ ပုံနေပြီး ကုန်သည်တွေအခက်ကြုံနေကြရတယ်လို့ မူဆယ် ၁၀၅ မိုင်နယ်စပ်အခြေ စိုက် ကုန်သည်တွေက ဘီဘီစီကို ပြောပါတယ်။

' ' ကျွန်တော့်အမြင်အနေနဲ့ကတော့ နဂိုထက် ၈၀ ၊ ၉၀ ရာခိုင်နှုန်းလောက်ကို ကုန်သွယ်မှုကလျော့သွား တယ်။ အခုလောလောဆယ မူဆယ် ပန်ခမ်းပေါ့ ရွှေလီမြစ်ကြောင်းတလျှောက်မှာ ပစ္စည်းကဲ့တဲ့ ဂိုဒေါင်အားလုံးမှာ ပစ္စည်းတွေ ပြည့်နေတယ်။ ဒီရက်ပိုင်းဆိုရင် မိုးကလည်းရွာနေတယ်။ ဆန်တို့ သကြားတို့ကို ကွင်းပြင်တွေမှာကို မိုးကာတွေခင်း မိုးကာတွေ ပြန်အုပ်ပြီး ထားရတဲ့အနေအထားကိုဖြစ်နေတယ်။ အခုလောလောဆယ်တော့ စနစ်ကျအောင် ထားနေကြတာပဲ။ မိုးကလည်း ဆက်ရွာမယ်ဆိုရင်တော့ ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်'' လို့ မူဆယ် ၁ဝ၅ မိုင်က ဆန်ကုန်သည် တစ်ဦးဖြစ်တဲ့ ဦးအေးသက်ထွန်းက ကုန်သည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲကိုပြောပြပါတယ်။

တရုတ်နိုင်ငံ ရွှေလီဘက်က စစ်ဆေးရေးတွေ တင်းကျပ်တာ ရက်ရှည်လာတာကြောင့် မူဆယ်ကို ဆန်နဲ့ သကြား ကားအဝင်တွေလည်း မရှိသလောက်နည်းပါးလာတယ်လို့လည်း ဆန်ကုန်သည်အချို့ ကပြောပါ တယ်။

Image caption ဆန်တအိတ်ကို ယွမ် ၁ဝဝ ဝန်းကျင်ကနေ ယွမ် ၁၂ဝ ( ကျပ်ငွေ ၂၅, ဝဝဝ ) ဝန်းကျင်ခန့်အထိ ရှိ

' ' တရုတ်ဘက်က အခွန်လည်းမကောက်ဘူး။ တရားဝင် ဂျုတီမပေးဘူး။ ဆန်တွေ သကြားတွေကျ တရားဝင် အပေါက်က ဝင်တာမဟုတ်ဘူး။ မန္တလေးတို့ဘာတို့ကနေ မူဆယ်ရောက်လာတဲ့ ဆန်တွေ သကြား ကားတွေက ဆိပ်ကမ်းက နေကားတွေနဲ့ ဂိုဒေါင်တွေမှာ ချရင်လည်းချ၊ တခါတည်းကဲ့ရင်လည်း ကဲ့တယ် ရွှေလီဘက်ကို ။ ပြီးတော့မှ ဟိုဘက်ကနေ တရုတ်ကားတွေနဲ့ လာသယ်တာ။ အခုကြပ်နေတော့ ကွင်းထဲမှာ လည်း ကားတွေက မရှိသလောက်ပဲ။ အရင်က ကားစီးရေ ရာနဲ့ချီရှိပေမယ့် အခုတော်တော်ပါးသွားတယ်'' လို့ ကုန်ကားတွေကို အခွန်ဆောင်ပေးတဲ့လုပ်ငန်းကိုလုပ်တဲ့ မူဆယ်မြို့ခံ ကိုကျော်ထက်က ဘီဘီစီကို ပြောပါတယ်။

အခုလို နယ်စပ်လမ်းကြောင်းကတဆင့် ဆန်နဲ့ သကြားတင်ပို့နေတာဟာ နှစ်ဖက်ကုန်သည်တွေ ချိတ် ဆက်ပြီး တင်ပို့ရောင်းချနေတာဖြစ်ပြီး တရုတ်အစိုးရဘက်က တရားဝင်ခွင့်ပြုထားတာမျိုးမရှိတဲ့ အတွက် စစ်ဆေးရေး တင်းကျပ် လာတဲ့အခါတိုင်းမှာ ကုန်သည်တွေအနေနဲ့ အခုလို အမြဲအခက်ကြုံ နေကြရတာ ဖြစ်တယ်လို့လည်း မူဆယ်အခြေစိုက်ကုန်သည်တွေက ပြောပါတယ်။

' ' တရားဝင် လမ်းကြောင်းဖြစ်ရင်တော့ ပိုကောင်းတာပေါ့ ။ အခုက တရုတ်ဘက်က တရားမဝင်တော့ ဆန်ပဲဖြစ်ဖြစ်၊ သကြားပဲဖြစ်ဖြစ် ရွှေလီမြစ်ကို တရားမဝင် လမ်းကြောင်းကနေ ပြန်ကဲ့ပေးရတယ် ။ အိတ်တွေ ပြန်ထည့်ရတာ ၊ အလုပ်သမားစရိတ်တွေ သယ်ယူစရိတ်တွေ အများကြီး ကုန်တယ်။ အခုဆို တရုတ်ဘက်က ပို့မရတာ တလနီးပါးလောက် ကြာလာတော့ ပို့မရတော့ ဈေးတွေလည်းကျလာတယ်။ ကျွန်တော်ဆိုလည်း ဒီဆန်ပို့တာကို ခဏနားထားတယ်။ ကုန်သည်တော်တော်များများကတော့ စောင့်ကြည့်နေကြရတာပေါ့ '' လို့ ဦးအေးသက်ထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံဘက်က တင်ပို့နေတဲ့ ဆန်ဈေးနှုန်းဟာ ဆန်အမျိုးအစားအလိုက် ၅၀ ကီလိုဂရမ်ပါဝင်တဲ့ ဆန်တစ်အိတ်ကို ယွမ် ၁၀၀ ဝန်းကျင်ကနေ ယွမ် ၁၂၀ ( ကျပ်ငွေ ၂၅, ဝဝဝ ) ဝန်းကျင်ခန့်အထိ ရှိပြီး အောက်တိုဘာ ၁၂ ရက်နေ့ ငွေလဲနှုန်းအနေနဲ့ မြန်မာကျပ်ငွေ တသိန်းကို ၄၃၆ ယွမ် ပေါက်တယ်လို့ သိရပါတယ်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ဟာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အရေးအကြီးဆုံး၊ ပမာဏအများဆုံး ကုန်သွယ်ရေးဇုန် ဖြစ်သလို မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုတခုလုံးရဲ့ နံပါတ်တစ် အရေးအပါဆုံး၊ ပမာဏအများ ဆုံးသော ကုန်သွယ်မှုဇုန်ကြီး ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲက အကျိုးဆက်များ

ဆက်စပ် အကြောင်းအရာများ