ဧရာဝတီတိုင်းအစိုးရတာဝန်ရှိသူတွေ နဲ့ သမ္မတ ဦးဝင်းမြင့် တွေ့ဆုံခဲ့တဲ့အကြောင်း အပါအဝင် အောက်တိုဘာလ ၂၇ ရက် ညနေခင်း သိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption သမ္မတဦးဝင်းမြင့်

(၁) ဧရာဝတီတိုင်းအစိုးရတာဝန်ရှိသူတွေ နဲ့ သမ္မတ ဦးဝင်းမြင့် တွေ့ဆုံခဲ့

ဧရာဝတီတိုင်း အစိုးရ၊ လွှတ်တော် နဲ့ တရားရေးရေးဌာန တာဝန်ရှိသူတွေနဲ့ သမ္မတဦးဝင်းမြင့် တွေ့ဆုံပြီးတော့ လူထုအခြေပြုလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ နဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေး ကိစ္စတွေမှာ အစိုးရဝန်ထမ်းတွေ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့တွေကို ဆွေးနွေးခဲ့ကြပါတယ်။

'အစိုးရအဖွဲ့ အုပ်ချုပ်ရေးပိုင်း ပြောင်းလဲလာသလို ဝန်ထမ်းတွေအနေနဲ့လည်း လစာ အဆောင်အယောင်ပေါ်မှာ သာယာ ပျော်မွေ့တာမျိုး မလုပ်ဘဲ ပြည်သူကို အလုပ်အကျွေးပြုဖို့ နဲ့ လိုအပ်တဲ့ စီမံခန့်ခွဲမှုပုံစံ ပြောင်းလဲဖို့တွေ နဲ့ ပတ်သက်လို့ သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့တယ်ဆိုပြီးတော့ ဧရာဝတီတိုင်းအစိုးရ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

၂၀၁၈ ခုနှစ် မတ်လ က စပြီး နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဝင်းမြင့် ဟာ တိုင်းနယ် ပြည်နယ်တွေက အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံနေတာဖြစ်ပြီး အခု ဧရာဝတီတိုင်း ကိုတော့ ပထမဆုံးအကြိမ် သွားရောက်တာပါ။ သမ္မတ ဟာ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ မကွေး စတဲ့ နေရာတွေကတော့ သွားခဲ့ပြီးဖြစ်ပါတယ်။

အခု သမ္မတရဲ့ဧရာဝတီတိုင်း ခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီးတချို့လိုက်ပါလာခဲ့ပြီး သမ္မတဟာ ပုသိမ်မြို့က ပုသိမ်မြစ်ကူးတံတား အမှတ် ၂ ကို ပန္နက်တင်ခဲ့သလို ချောင်းသာကမ်းခြေအလွန်က ရွှေသောင်ယံတံတားကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။

(၂) ဟောင်ကောင်တက္ကသိုလ်တွေက မြန်မာကျောင်းသားတွေကို ပညာသင်ဆု ပေးတော့မယ်

ဓာတ်ပုံ မူပိုင် The University of Hong Kong - HKU - 香港大學
Image caption ဟောင်ကောင်နဲ့မြန်မာအကြား အစိုးရချင်းချိတ်ဆက်ပြီး ပညာသင်ဆုပေးသွားမှာဖြစ်

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ ပညာရေးဦးစီးဌာနနဲ့ မြန်မာဘက်က ပညာရေးဝန်ကြီးဌာန တို့အကြား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာကို အောက်တိုဘာ ၂၆ရက်နေ့က ချုပ်ဆိုခဲ့ကြပါ တယ်။

ဒီပူးပေါင်းဆောင်ရွက်မှုအရ လာမယ့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်ကစပြီး ထူးချွန်တဲ့ မြန်မာကျောင်းသား တွေကို ဟောင်ကောင် တက္ကသိုလ်တွေမှာ တက်ရောက်နိုင်မယ့် Belt & Road ပညာသင်ဆု ပေးသွားမှာ ဖြစ်တယ်လို့ တရုတ်သတင်းဌာန စီအာအိုင်ကနေ ဖော်ပြထားပါတယ်။

' ' နားလည်မှုစာချွန်လွှာထိုးတဲ့နေရာမှာတော့ အသေးစိတ်အချက်အလက်တွေဖော်ပြလေ့မရှိဘူး။ အခုက မြန်မာကျောင်းသားတွေကို ပညာသင်ဆုတွေပေးမယ့် အစီအစဉ်ဖြစ်မှာပါ။ အများအားဖြင့် ဟောင်ကောင်က တက္ကသိုလ်တွေက တရုတ်အောက်မှာရှိတယ်ဆိုပေမယ့် နှစ်ပေါင်းများစွာ ယူကေစနစ်အောက်မှာ ဖွံ့ဖြိုးလာ တဲ့ ဒေသဖြစ်နေတော့ ဒီကကျောင်းသားတွေအတွက် အရည်အသွေးမှီတဲ့ ပညာရေး၊ နိုင်ငံတကာအဆင့်မှီ ကျောင်းတွေမှာတက်ခွင့်ရမှာပေါ့။ ဟောင်ကောင်တက္ကသိုလ်တွေက ယူကေစံညွှန်းအတိုင်းသွားတာ။ ကမ္ဘာ့ အဆင့်သတ်မှတ်ချက်မှာလည်း ကောင်းတဲ့ထဲမှာပါတယ်။ ဒီလိုကျောင်းတွေမှာ သင်ကြားခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံက ကျောင်းသားတွေ အတွက်တော့ အခွင့်အရေးကောင်းတစ်ခုပါပဲ။'' လို့ ဟောင်ကောင်နဲ့ မြန်မာအကြားပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအပေါ် ပညာရေးဝန်ကြီးဌာနသုတေသနနဲ့ လေ့ကျင့် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကဘီဘီစီကို ပြောပြ ပါတယ်။

(၃) မြန်မာ့ စပါးအုံး အောင်လ အမိမြေမှာ ထပ်မံအနိုင်ရ

Image caption ပထမအချီမှာတင် လက်သီးထိုးချက်တွေနဲ့ ပြိုင်ဘက်ကို အနိုင်ယူခဲ့

အောင်လအန်ဆန်ဟာ ပထမအချီမှာတင် လက်သီးထိုးချက်တွေနဲ့ ပြိုင်ဘက်ကို အနိုင်ယူခဲ့တာပါ။ စိန်ခေါ်ခဲ့သူ မိုဟာမက်ခရာခီကတော့ အောင်လကို ချုပ်ကွက်တွေနဲ့ လှဲသိပ်ဖို့ ကြိုးစားပေမယ့် အောင်လရဲ့ ပြင်းထန်တဲ့ လက်သီးချက်တွေကို မကာကွယ်နိုင်ခဲ့ပါဘူး။

One Championship သိုင်းပေါင်းစုံပြိုင်ပွဲရဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်ဟာ စိန်ခေါ်သူ လက်ဘနွန် နိုင်ငံက မိုဟာမက် ခရာခီ ကို ပထမ အချီမှာတင် အနိုင် ရရှိခဲ့ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ ညက ကျင်းပခဲ့တဲ့ ချန်ပီယံကာကွယ်ပွဲမှာ မြန်မာ့ စပါးအုံးလို့လည်း နာမည် ကြီးတဲ့ အောင်လဟာ ပထမအချီစလို့ မကြာခင်မှာပဲ လက်သီးထိုးချက်တွေနဲ့ ပြိုင်ဘက်ကို အနိုင်ယူ ခဲ့ပါ တယ်။

ခရာခီ ဟာ အောင်လ ကိုချုပ်ကွက် တွေနဲ့ လှဲသိပ်ဖို့ ကြိုးစားပေမယ့် အောင်လ ရဲ့ ပြင်းထန် တဲ့ လက်သီးချက်တွေကို ကာကွယ် နိုင်ခြင်း မရှိတဲ့ အတွက် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Ye Aung Thu/AFP/Getty Images
Image caption အရင်က သဘာဝကရရှိတဲ့ ငါး၊ပုစွန်တွေသာ တင်ပို့ခွင့်ပြုခဲ့

(၄) မြန်မာနိုင်ငံက မွေးမြူရေး ငါး၊ပုစွန်တွေ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို စတင်တင်ပို့ခွင့်ရပြီ

မြန်မာနိုင်ငံက မွေးမြူရေး ငါး၊ပုစွန်တွေ ဥရောပသမဂ္ဂဈေးကွက်ထဲကို စတင်တင်ပို့ခွင့်ရပြီလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ကနေသိရပါတယ်။

မြန်မာနိုင်ငံက သဘာဝငါး၊ပုစွန်တွေကို အရင်ကတည်းက တင်ပို့ခွင့်ပြုခဲ့ပေမယ့် မွေးမြူရေး ရေထွက်ကုန် တွေကို ဓာတုဓာတ်ကြွင်းမကင်းစင်လို့ဆိုပြီး တင်ပို့ခွင့် မပြုခဲ့ရာက အခု အောက်တိုဘာလကစတင်ပြီး ဓာတုဓာတ်ကြွင်းကင်းစင်တဲ့ စံချိန်စံညွှန်းနဲ့မှီတဲ့ မွေးမြူရေး ပုစွန်နဲ့ ငါးတွေ ကို စတင်တင်ပို့ခွင့်ပြုလိုက် တာဖြစ်ပါတယ်။

မြန်မာ့မွေးမြူရေးရေထွက်ကုန်တွေ တင်ပို့ခွင့်ကို ဥရောပသမဂ္ဂက အောက်တိုဘာ ၁၈ ရက်နေ့မှာ ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရွှေ့ပြောင်းဝင်ရောက်လာသူ လူအုပ်တန်းကြီးထဲ ကလေးငယ်တွေလည်းပါဝင်

(၅) ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ယာယီအလုပ်လုပ်ကိုင်ခွင့်ပေးဖို့ မက္ကစီကို အခွင့်အရေးပေး

မက္ကစီကိုက နိုင်ငံရေးခိုလှုံခွင့်တောင်းခံနေတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ယာယီအလုပ်လုပ်ကိုင် ခွင့်ပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ အမေရိကအလယ်ပိုင်းက ရွှေ့ပြောင်းဝင်လာသူတွေဟာ ကြီးမားလှတဲ့ လူအုပ်တန်းကြီး အဖြစ် အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ကြိုးစားနေကြတာပါ။

ဒီအစီအစဉ်မှာ ယာယီအသိအမှတ်ပြုကတ်ပြားတွေပါထုတ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျောင်းစရိတ်ပါထောက်ပံ့ပေးသွားဖို့ မျှော်မှန်းထားပါတယ်။

ဒါပေမယ့် အရည်အချင်းပြည့်မှီတဲ့သူတွေကိုသာ ကမ်းလှမ်းသွားမှာဖြစ်ပြီး မပြည့်မှီသူတွေကတော့ မက္ကစီကို တောင်ပိုင်းက Chiapas နဲ့ Oaxacaပြည်နယ်တွေမှာ ထားပြီး ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

အမေရိကန်ဘက်ကတော့ အမေရိကန် - မက္ကစီကို နယ်စပ်က ရွှေ့ပြောင်းလူအုပ်တန်းကြီးကို တားဆီးဖို့ အတွက် စစ်သား ၈၀၀ လောက်ကို စေလွှတ်သွားမယ်လို့ သတိပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ