အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းသိသင့်တဲ့သတင်းများ

သေနတ်သမားကို အနီးကပြည်သူတွေကလုံးထွေးသတ်ပုတ်ပြီး ဖမ်းဆီးပေးခဲ့

ဓာတ်ပုံ ရင်းမြစ်, Naing Myint Aung

ဓာတ်ပုံ ပုံစာ,

သေနတ်သမားကို အနီးကပြည်သူတွေကလုံးထွေးသတ်ပုတ်ပြီး ဖမ်းဆီးပေးခဲ့

ဘားအံနောင်လုံတံတားမှာ တာဝန်ကျရဲကို သေနတ်သမားတစ်ဦးပစ်ခတ်လို့ သေဆုံး

ဘားအံမြို့နယ် နောင်လုံကျေးရွာ နောင်လုံတံတားရဲဂိတ်ကင်းမှာအောက်တိုဘာ ၂၇ရက်နေ့က ဆိုင်ကယ်စီး လာတဲ့လူတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် တာဝန်ကျ ရဲဒုတပ်ကြပ်ကိုပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဘားအံ မြို့ခံတွေထံကသိရပါတယ်။

ဖြစ်စဉ်မှာ အိန္ဒုဘက်မှ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားတစ်ယောက် ဟာ နောင်လုံတံတားပေါ် အရောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒုတပ်ကြပ်ကို သေနတ်နဲ့ တစ်ချက်ပစ်ခတ်ခဲ့ရာ ရဲဒုတပ်ကြပ်တစ်ဦးနဲ့ အတူ နောင်လုံတံတား ဆောက်လုပ်ရေးမှ ရုံးစောင့်ဝန်ထမ်းကိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲဝန်ထမ်းကတော့ သေဆုံး သွားခဲ့တယ်လို့သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့သူကို နောင်လုံတံတားဝန်းကျင်အနီးမှ တာဝန်သိပြည်သူတွေကနေ လိုက်လံဖမ်းဆီးခဲ့သဖြင့် အခင်းဖြစ်နေရာမှာပဲဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ပစ်ခတ်ခံခဲ့ရသူတွေအတွက် ဖယောင်းတိုင်ငယ်တွေထွန်းပြီး ဝမ်းနည်းကြေကွဲမှုကိုပြသခဲ့

အမေရိကန်မှာ ဂျုးဘုရားကျောင်းကို သေနတ်သမား ဝင်ပစ်လို့ လူ ၁၁ ဦးသေဆုံး

အမေရိကန် ပန်ဆယ်ဗေးနီးယားပြည်နယ် ပစ်စဘာ့ဂ်မြို့ ဂျုးဘုရားကျောင်းမှာ သေနတ်သမားတစ်ယောက်က ဂျုးဘုရားကျောင်းထဲ ပစ်ခတ်လို့ လူ ၁၁ ယောက် သေဆုံးသွားပါတယ်။

အဲဒီသေနတ်သမားဟာ ဂျုးအားလုံးသေဆုံးရမယ်လို့ ကျိန်းဝါးရင်း ဘုရားကျောင်းထဲပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အသက်ဘေးကလွတ်လာသူတချို့ကပြောပါတယ်။

သေနတ်သမားက အသက် ၄၆ နှစ်အရွယ်ရှိတဲ့ Robert Bowersဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့ကသူ့ကိုဖမ်းဆီးထားပါတယ်။

ရဲ ၄ ယောက်အပါအဝင် လူ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ဒဏ်ရာရသူ ၂ဦးကတော့ စိုးရိမ်ဖွယ်အခြေအနေရှိနေတယ်လို့ ရဲတပ်ဖွဲ့ကပြောဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, LIAM HOPKIN / @HOPKIN_LIAM

ဓာတ်ပုံ ပုံစာ,

ရဟတ်ယာဉ်ထဲမှာ Mr Vichai Srivaddhanaprab ရှိနေခဲ့လားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေး

ပရီးမီးယားလိဂ်ဘောလုံးအသင်း လက်စတာစီးတီး အသင်းပိုင်ရှင်ရဲ့ ရဟတ်ယာဉ်ပျက်ကျ

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်း လက်စတာစီးတီး ပိုင်ရှင် ထိုင်းဘီလျံနီသူဌေး ရဲ့ရဟတ်ယာဉ် ဟာ လက်စတာစီးတီးဘောလုံးကွင်းမှာ ပျက်ကျခဲ့ပြီး မီးလောင်သွားခဲ့ပါတယ်။

King power ဘောလုံးကွင်းထဲကနေ ပြန်အတက်ထိန်းမရဘဲ ပျက်ကျသွားတာဖြစ်တယ်လို့ မျက်မြင် သက်သေအချို့ကပြောပါတယ်။

ရဟတ်ယာဉ်ထဲမှာ Mr Vichai Srivaddhanaprab လည်းပါသွားတယ်လို့ သူ့မိသားစုနဲ့ရင်းနှီးသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဝက်စ်ဟမ်းအသင်းကိုလက်ခံကစားပြီး ၁ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကစားအပြီး ၁နာရီအကြာ မှာ အခုလို ရဟတ်ယာဉ်ပျက်ကျတဲ့ဖြစ်စဉ်ဖြစ်ခဲ့တာပါ။

ပုံမှန်အတိုင်းဆိုရင်တော့ မစ္စတာ ဟာ သူ့အသင်းကစားတာကိုလာကြည့်ပြီးတိုင်း ရဟတ်ယာဉ်နဲ့ ပြန်လည် ထွက်ခွာသွားလေ့ရှိတယ်လို့သိရပါတယ်၊