အောက်တိုဘာ ၃၀ ရက် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် YANGONREGIONGOVERNMENT
Image caption တွေ့ဆုံခွင့်ပေးဖို့တောင်းဆိုနေတဲ့ အလုပ်သမားတွေကို မနေ့ကည ၉နာရီမှာဝန်ကြီးချုပ်က လက်ခံတွေ့ဆုံခဲ့

ဖုယွင်အလုပ်သမားသပိတ် ရန်ကုန်ဝန်ကြီးချုပ် ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းမယ်

ဖုယွင်အလုပ်သမားသပိတ်က အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး ဒီကနေ့ အောက်တိုဘာ ၃၀ရက်နေ့မှာ ဆန္ဒပြအလုပ်သမားတွေ၊ အလုပ်ရှင်နဲ့အတူ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိုယ်တိုင်ပါဝင်ပြီး သုံးပွင့်ဆိုင်ဖြေရှင်းပေးမယ်လို့ အောက်တိုဘာ ၂၉ရက်ညပိုင်းက ဝန်ကြီးချုပ်ကပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဖုယွင်အလုပ်သမားသပိတ်က ဆန္ဒပြတောင်းဆိုမှုတွေကို မလိုက်လျောမချင်း ရန်ကုန်တိုင်းအစိုးရရုံးရှေ့မှာ သပိတ်စခန်းဖွင့်သွားမယ်ဆိုပြီးအောက်တိုဘာ ၂၉ရက်နေ့ညအထိ အစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ရာ က ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကအလုပ်သမားတွေကိုလက်ခံတွေ့ဆုံပြီး ပါဝင်ဖြေရှင်းပေးဖို့ ပြောဆိုလိုက် တာဖြစ်ပါတယ်။

ဖုယွင်အလုပ်သမားသပိတ်ဟာ ဖုယွင်စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့အဖွဲ့ဝင်အချို့ကို အလုပ်ကရုတ်တရက်ထုတ်ပယ်ခဲ့ပြီးနောက် အဆိုပါအလုပ်သမားတွေကို အလုပ်ပြန်ခန့်ထားရေးအပါအဝင် အလုပ်သမားဥပဒေပါ အချက် ၉ ချက်ကိုတောင်းဆိုနေကြတာဖြစ်ပါတယ်။

တောင်းဆိုချက်တွေကို သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေတာ၂လကျော်ကြာမြင့် နေပြီဖြစ်ပြီး မြို့နယ်အဆင့် ခရိုင်အဆင့် အလုပ်သမားဖြန်ဖြေညှိနှိုင်းရေးအဖွဲ့တွေနဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမယ့်ပြေလည်မှုမရသေးတဲ့ အလုပ်သမားသပိတ်တစ်ခုလည်းဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် USDP
Image caption ပါတီကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်စည်းရုံးမှုမှာတွေ့ရတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဌဦးသန်းဌေး

နိုဝင်ဘာ ၃ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီကြီးတွေ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးမှုတွေပြုလုပ်

လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အာဏာရ NLD ပါတီ အပါ အဝင်ပြည်ခိုင်ဖြိုးပါတီနဲ့အခြားပါတီတွေကလည်း မဲဆွယ်စည်းရုံးမှု တွေကိုအပြိုင်အဆိုင်ပြု လုပ်နေကြ ပြီဖြစ်ပါတယ်။

မနေ့က အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကရန်ကုန်မြို့ကလစ်လပ် နေရာတွေအတွက် မဲဆွယ်စည်းရုံးမှုတွေပြုလုပ်ခဲ့ပြီး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ' 'ရန်ကုန်ရွေးကောက်ပွဲ အတွက် မဲဆွယ်စကားပြောတာ ဆိုရင်တော့ မဲဆန္ဒရှင် ပြည်သူတွေ ရှင်းကနဲမြင်သွားအောင် နှိုင်းယှဉ်မှုနဲ့ ပြောရမှာပါ။ ဥပမာအားဖြင့် ပြည်ခိုင်ဖြိုးပါတီ အစိုးရကာလမှာ ကြက်ဥတစ်လုံး တစ်ရာနဲ့ စားနိုင်တယ်။ အခုချိန်မှာတော့ ငွေတစ်ရာနဲ့ဝယ်ရင် ကြက်ဥတစ်ခြမ်းပဲ စားရတော့မယ်ဆိုတဲ့ နှိုင်းယှဉ်မှုမျိုး ဖြစ်ပါတယ်" လို့ ပြောဆိုမဲဆွယ်ခဲ့ပါတယ်။

အာဏာရပါတီဖြစ်တဲ့ NLD ပါတီကတော့ ပါတီကိုယ်စားလှယ်လောင်းတွေနဲ့အဆိုတော်တွေကပါ ပါဝင်ပြီး မေမေနိုင်မှဖြစ်မှာဆိုတဲ့ သီချင်းအပါအဝင်ဖျော်ဖြေရေးတွေနဲ့အတူ မဲဆွယ်စည်းရုံးမှုတွေကိုပြုလုပ်ခဲ့ကြပါ တယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နယ်စပ်တံတားပေါ်ရောက်ရှိနေတဲ့ အမေရိကန်က အကြမ်းဖက်ဖြေရှင်းရေးတပ်ဖွဲ့ဝင်တွေ

မက္ကစီကိုနယ်စပ်က ရွှေ့ပြောင်းဝင်ရောက်လာသူတွေကိုတားဆီးဖို့ အမေရိကန်က စစ်သား ၅၀၀၀ကျော် ကို နယ်စပ်ကိုပို့

အမေရိက အလယ်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူတွေဟာ မက္ကဆီကိုနဲ့အမေရိကန်နိုင်ငံတို့ရှိရာ မြောက်ပိုင်းကို ဦးတည်လာနေချိန်မှာပဲ အမေရိကန်ဟာ မက္ကဆီကိုနဲ့ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ တပ်သား ၅၂၀၀ကို ဖြန့်ကြက်လိုက်ပါတယ်။

အမေရိကန်ဖွဲ့စည်းပုံပါအခွင့်အရေးတွေရရှိရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဖြန့်ကြက်လိုက် တဲ့ တပ်ဖွဲ့ဝင်အရေအတွက်ဟာ များပြားလွန်းပြီး စစ်တပ်ကို နိုင်ငံရေးမှာ သုံးတဲ့သဘောရောက်နေတယ်လို့ ဝေဖန်ကြပါတယ်။

သမ္မတထရမ့် ကတော့ ဒီရွှေ့ပြောင်းဝင်ရောက်လာသူတွေဟာ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ ပြောထားပါတယ်။

ဆက်စပ် အကြောင်းအရာများ