ကမန်အဖြစ် နိုင်ငံသားပေးမှု ကန့်ကွက်ဆန္ဒပြ

Image caption စစ်တွေမြို့ လမ်းမတွေကိုပေါ် လှည့်လည်ကာ ဆန္ဒ ဖော်ထုတ်

ရခိုင်ပြည်နယ်မှာ ကမန်တိုင်းရင်းသား အဖြစ် လူ ၃၀၀၀ ကျော်ကို နိုင်ငံသား စိစစ်ရေးကတ် ထုတ် ပေးမှု အပေါ် စစ်တွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

လူပေါင်း ၅၀၀ လောက်က သာသနာ့အလံတွေ ၊ ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ ကိုင်ဆောင်ပြီး တနင်္ဂနွေ နေ့လယ်ပိုင်းက စစ်တွေမြို့ လမ်းမတွေကိုပေါ် လှည့်လည်ကာ ဆန္ဒ ဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်္ဂါလီ လူငယ်တွေကို ကျောင်းဆရာ ခန့်တဲ့ ကိစ္စ နဲ့ မောင်တော် တောင်ဘက်မှာ ဘင်္ဂါလီတွေ မထားရှိရေး ကိစ္စ အပါအဝင် ခိုးဝင် ဘင်္ဂါလီတွေကို သက်ဆိုင်ရာ စိစစ်ဖေါ်ထုတ် အရေးယူ ပေးဖို့ တို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်ပွဲကို အရပ်သားတွေ သာမက ဘုန်းတော်ကြီးတွေလည်း ရှေ့ဆုံး ကနေ သာသနာ့ အလံတွေကို ကိုင်ဆောင်ပြီး ပါဝင်ခဲ့ကြ ပါတယ်။

Image caption ဆန္ဒပြတာတွေက ရခိုင်မှာ ခဏခဏ ပေါ်ပေါက်နေပေမယ့်

ဒီလို ဆန္ဒပြတာတွေက ရခိုင်မှာ ခဏခဏ ပေါ်ပေါက်နေပေမယ့် အစိုးရဘက်က တစ်စုံတစ်ရာ တုန့်ပြန်ဆောင်ရွက်တာ မရှိတဲ့ အတွက် ပြဿနာသာ များပြီး ဘာမှ အကျိုးမထူးဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဆန္ဒဖော်ထုတ်ပွဲနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရရရဲ့ သဘောထားကို သိလိုတဲ့ အတွက် ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်နဲ့ အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းတို့ကို ဖုန်းဆက်သွယ်ပေမယ့် လက်ခံ ဖြေဆိုခြင်း မရှိပါ။

ဆက်စပ် အကြောင်းအရာများ