ရခိုင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကနေ မွတ်ဆလင်ဒုက္ခသည်တချို့ လှေစီးပြီး ခိုးထွက်တာတွေရှိနေ၊ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေ မှာ ထောင်ဒဏ် ၁ လ ထည့်သွင်းဖို့ တိုက်တွန်း အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် AYEMYAMYAMYO'FACEBOOK
Image caption ကျောက်တန်းမြို့နယ်အနီးမှာတွေ့ခဲ့ရတဲ့ မွတ်ဆလင်ဒုက္ခသည်တွေပါလာတဲ့လှေ

၁) ရခိုင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကနေ မွတ်ဆလင်ဒုက္ခသည်တချို့ လှေစီးပြီး ခိုးထွက်တာတွေရှိနေ

ဒီရက်ပိုင်းထဲမှာ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်ထဲက ကမ်းရိုးတန်းတစ်ခုမှာ မွတ်ဆလင်ဒုက္ခသည် ၉၀ ကျော်ပါတဲ့ လှေတစ်စီးကို မြန်မာ့ရေတပ်က တွေ့ရှိလို့ ထိန်းသိမ်းထားလိုက်တယ်လို့ သိရပါတယ်။

ဒီလှေထဲမှာပါတဲ့ မွတ်ဆလင်တွေဟာ စစ်တွေမြို့အနီးမှာရှိတဲ့ ဒုက္ခသည်စခန်းကလို့ ဒါးပိုင် ဒုက္ခသည် စခန်းက ဒုက္ခသည် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ အစိုးရကတော့ တရားဝင် ထုတ်ပြန်ကြေညာတာမျိုးတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ကျောက်တန်းမြို့နယ်အနီးမှာ လှေတစ်စီးနဲ့ ရောက်ရှိလာတဲ့ မွတ်ဆလင်ဒုက္ခသည် ၁၀၀ ကျော်ကို စစ်တွေမြို့က ဒုက္ခသည်စခန်းကို တပ်မတော် (ရေ) ရဲ့ ရေယာဉ် နဲ့ပြန်ပို့ခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒုက္ခသည်စခန်းတွေကနေ မလေးရှား၊ ထိုင်းစတဲ့ တခြားနိုင်ငံတွေကို သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှေတွေနဲ့ ပင်လယ်ပြင်ကို ထွက်ခွာနေကြတာ ဖြစ်တယ်လို့ ဒါးပိုင် ဒုက္ခသည် စခန်းက ဒုက္ခသည် တစ်ဦးက ပြောပါတယ်။ ဒီ့အတွက်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို လာဘ်ထိုးရတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

" ဒီဒုက္ခသည်စခန်းတွေမှာ ၇ နှစ်လောက် လှောင်ထားတော့ ကျွန်တော်တို့လူမျိုးတွေဟာ ဘာမှထွက်ခွင့် မရှိဘူး၊ ဘာမှလည်း အလုပ်မရှိဘူး။ စားတဲ့သောက်တဲ့ ဒုက္ခလည်းရောက်တယ်၊ အစိုးရက ဖမ်းနိုင်တာလည်း သိတယ်။ သေရင်လည်းသေပေါ့၊ တကယ်လို့ ရှင်မယ်ဆိုလို့ရှိ ရင်လည်း သူတို့ ဘဝကသာယာလှပသွားမယ်လို့ အဲ့လိုအယူအဆနဲ့ သွားနေကြတာပါ'' အမည်မဖော်လိုတဲ့ ဒါးပိုင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ် အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာအရေး စွပ်စွဲပြစ်တင်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

၂)ရိုက်တာသတင်းထောက် ၂ဦးကို ၂၀၁၈အတွက်အကောင်းဆုံးသတင်းသမားအဖြစ် ဆုချီးမြှင့်

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးသတင်းသမားတွေအဖြစ် လန်ဒန်အခြေစိုက် Foreign Press Association (FPA) က သတ်မှတ် ဆုချီးမြှင့်လိုက်ပါတယ်။

ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်က လူအစုလိုက်အပြုံလိုက်သတ်ခံရတဲ့သတင်းကိုရေးသားဖို့ အချက်အလက်စုဆောင်းရင်း ၂၀၁၇ခုနှစ် ဒီဇင်ဘာလက ဖမ်းခံရပြီး ဒီနှစ် စက်တင်ဘာလမှာ ထောင်ဒဏ် ၇ နှစ် ကျခံဖို့ အပြစ်ပေးခံရတာဖြစ်ပါတယ်။

ဆုရွေးချယ်ရေးအဖွဲ့က သူတို့ရဲ့ သတင်းသမားပီသတဲ့ လုပ်ရပ်ကြောင့် ဒီဆုကိုပေးခဲ့တာလို့ FPA က ကြေညာခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိန်းသိမ်းခံ ဖခင်နဲ့ သမီးငယ်ကြားက သံယောဇဉ်
ဓာတ်ပုံ မူပိုင် OK THAN SOE / FACEBOOK
Image caption အလုပ်ထုတ်ခံလိုက်ရတဲ့ ဖုယွင်အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ စက်ရုံရှေ့ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်

၃)အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေ မှာ ထောင်ဒဏ် ၁ လ ထည့်သွင်းဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တိုက်တွန်း

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကြမ်းကို ပြင်ဆင်ရာမှာ ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁ လကိုပါ ထည့်သွင်းဖို့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီးက နိုဝင်ဘာ ၂၇ ရက်နေ့ကကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းဆွေးနွေးသွားခဲ့ပါတယ်။

ဒါက အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရှေ့မှောက်မှာချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ အချက်အလက်တွေကိုဖောက်ဖျက်ရင် ထောင်ဒဏ် ၁ လပြစ်ဒဏ်ချမှတ်ဖို့ တိုက်တွန်းဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုတွေဖြစ်ပေါ်တဲ့အခါ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကနေ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ထားဖို့ ညှိနှိုင်းပေးခဲ့တဲ့အမှုအများစုမှာ အလုပ်ရှင်ဘက်က အလုပ်သမားတွေကို အလုပ်ပြန်ခန့် မယ့်အစား ဥပဒေမှာ ပြဋ္ဌာန်း ထားတဲ့ စာချုပ်ကိုဖောက်ဖျက်ရင် အမြင့်ဆုံးပြစ်ဒဏ်ဟာ ဒဏ်ငွေ ၁၀ သိန်းသာဖြစ်တဲ့အတွက် ငွေဒဏ်ကိုသာပေးဆောင်တာ တွေရှိနေတဲ့အတွက် ငွေဒဏ်အပြင် ထောင်ဒဏ် ၁ လကိုပါ ထည့်သွင်းသတ်မှတ်သွားဖို့ လိုအပ်နေတဲ့ အပေါ် ဒေါက်တာခင်မကြီးက ဆွေးနွေးတင်ပြသွားခဲ့ တာဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖုယွင် သပိတ်အလုပ်သမားတဦးက သူ့ခံစားချက်ကို ထုတ်ဖော်ပြောဆို
ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption ရိုဆာရီယို မူရီလိုဟာ ခင်ပွန်းဖြစ်သူ သမ္မတ ဒန်နီယန် အိုတေဂါနဲ့အတူ နိုင်ငံကို အုပ်ချုပ်နေတာ ဆယ်စုနှစ် တစ်ခုကျော်ရှိ

၄)အမေရိကန်က နီကာရာဂွါနိုင်ငံ ဒုသမ္မတကို လူ့အခွင့်အရေးချိုးဖောက်လို့ဆိုပြီး အရေးယူပိတ်ဆို့မှုတွေလုပ်

အမေရိကန်ဟာ နီကာရာဂွါနိုင်ငံ ဒုတိယသမ္မတလည်းဖြစ်၊ သမ္မတကတော်လည်းဖြစ်တဲ့ ရိုဆာရီယို မူရီလို ဒီ အိုတေဂါ ကို ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ မစ္စစ်မူရီလိုနဲ့ သူ့အကြံပေးတို့ဟာ အဂတိလိုက်စားမှုနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ လုပ်ထားတယ်လို့ စွပ်စွဲပါတယ်။

ဒါ့အပြင် မစ္စစ်မူရီလိုဟာ နီကာရာဂွါနိုင်ငံထဲမှာ အာဏာသိမ်းကျုံးရယူနိုင်ရေးအတွက်ဒီမိုကရေစီနည်းကျ ဖော်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေကို ဖြိုဖျက်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတိဗ် မနူချင်က ပြောပါတယ်။

ရိုဆာရီယို မူရီလိုဟာ ခင်ပွန်းဖြစ်သူ သမ္မတ ဒန်နီယန် အိုတေဂါနဲ့အတူ နိုင်ငံကို အုပ်ချုပ်နေတာ ဆယ်စုနှစ် တစ်ခုကျော်ရှိနေပါပြီ။

ဒီသတင်းနဲ့ပတ်သက်သမျှ