အာရှပစိဖိတ် ဆွေးနွေးပွဲတက်ဖို့ ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံကို ရောက်ရှိ

အာရှပစိဖိတ်၊ နီပေါ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တာဝန်ယူပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နီပေါ ခရီးစဉ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးရက်ကြာ ကျင်းပမယ့် အာရှပစိဖိတ် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ကို ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို နီပေါ ဒုတိယ ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး အစ်ရှ်ဝါ ပေါ့ခ်ရယ်လ် က ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

သောကြာနေ့မှာ နီပေါ သမ္မတ ဘီဒယာ ဒေဗီ ဘန်ဒါရီ၊ ဝန်ကြီးချုပ် ကေ ပီ ရှားမား အိုလီ တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ရှိပါတယ်။

ဒီခရီးစဉ်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တာဝန် ယူခဲ့ပြီးကတည်းက စလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နီပေါနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပမယ့် အာရှ ပစိဖိတ် ထိပ်သီးဆွေးနွေးပွဲမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ