အပစ်ရပ်မယ် ဆိုပြီး ရခိုင်မှာ အေအေနဲ့ တိုက်ပွဲဆက်

burma

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN

ဓာတ်ပုံ ပုံစာ,

ရခိုင်တိုက်ပွဲတွေကြောင့် ထွက်ပြေးလာနေရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အတွင်း နှစ်ရက်ဆက်တိုက် ရက္ခိုင့်တပ်မတော် (AA) နဲ့ မြန်မာ့တပ်မတော် အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ခရစ္စမတ်နေ့ ကဆိုရင် တနေ့ကုန် ဖြစ်ပွားခဲ့ပြီး ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၆ ရက် မနက်မှာတော့ ရသေ့တောင်မြို့နယ် အတွင်း ဘူးသီးတောင်နဲ့ ရသေ့တောင်ကားလမ်းပေါ်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN

ဓာတ်ပုံ ပုံစာ,

အကူပစ္စည်းတွေ ယူလာတဲ့ စစ်ရှောင်ဒုက္ခသည်တွေ

အင်အား တရာ ခန့်ရှိတဲ့ တပ်မတော်စစ်ကြောင်းတခု ခရုချောင်းရွာကနေ ထွက်သွားပြီး သိပ်မကြာခင်မှာ တိုက်ပွဲ ဖြစ်တယ်လို့ ခရုချောင်းရွာ ရာအိမ်မှူးက ပြောပါတယ်။

တိုက်ပွဲ နှစ်နာရီခန့်ဖြစ်ပွားပြီး လက်နက်ကြီးသံတွေရော လက်နက်ငယ်သံ ပစ်ခတ်သံတွေကိုရော ကျယ်လောင်စွာ ကြားရတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်တဲ့အတွက် ရွာထဲက အိမ်ထောင်စု ၂ဝ ကျော်ခန့် နီးစပ်ရာ သိုင်းတပုတ်၊ ကျောက်ပြင်ဆိပ်ရွာတွေကို ထွက်ပြေးသွားကြတယ်လို့ ပြောပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN

ဓာတ်ပုံ ပုံစာ,

အပစ်ရပ်မယ်ဆိုပြီး စစ်မီးဆက်နေတော့

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ခရစ္စမတ်နေ့က ရသေ့တောင်မြို့နယ် အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲကတော့ ပြင်းထန်ပြီး တနေကုန် ဖြစ်တယ်လို့ သိုင်းတပုတ်ရွာက လူကြီး ဦးထွန်းသာဇံက ပြောပါတယ်။

ရွာကလူတွေကို ပေါ်တာဆွဲတာမရှိပေမယ့် ရွာသားတဦးကို စစ်တပ်က လမ်းပြအဖြစ်ခေါ်သွားတဲ့ အတွက် စိုးရိမ်နေကြတယ်လို့လည်း ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အထိအခိုက် အကျဆုံးရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုဖို့တော့ ခက်ခဲပါတယ်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကတော့ ခုလို ရခိုင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေ ရှိတဲ့ အတွက် အမြန်ဆုံး တပ်မတော်ကနေ ရပ်ဆိုင်းဖို့ ကြေညာထုတ် တောင်းဆိုထားပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက အစိုးရစစ်တပ်ရဲ့ စစ်တိုင်းကြီး ငါးတိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်လို့ ထုတ်ပြန်ကြေညာပြီးနောက် ရခိုင်ပြည်နယ်ထဲက ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ရပ်စဲတာ မရှိတဲ့ အပြင် တပ်မတော်ဘက်က ရက္ခိုင့်တပ်မတော် AA ကို မူလအတိုင်း အကြီးအကျယ် ထိုးစစ် လုပ်နေတယ်လို့ FPNCC က ပြောပါတယ်။

မကြာမီ ကျင်းပမယ့် အပစ်ရပ် ဆွေးနွေးပွဲအတွက် FPNCC အနေနဲ့ ကောင်းမွန်တဲ့ အခြေအနေကို လုပ်ဆောင်နိုင်ဖို့ AA အပေါ် စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးဆိုင်ရာ စီမံချက်တွေကို တပ်မတော်ဘက်က ရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံတယ် ဆိုပြီး FPNCC က ဒီဇင်ဘာ ၂၄ ရက် ကတည်းက ထုတ်ပြန် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။