ဒီမိုကရေစီ တိုက်ပွဲဝင် အဆိုတော် လားရှိုးသိန်းအောင် ကွယ်လွန်

လားရှိုး သိန်းအောင် ဓာတ်ပုံ မူပိုင် Lashio Thein Aung facebook
Image caption အသက် ၇၃နှစ်မှာ ကွယ်လွန်ချိန်သွားတဲ့ လားရှိုး သိန်းအောင်

ဂျင်မီဂျက်(ခ) လားရှိုးသိန်းအောင် ဟာ အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်မှာ ဒေသစံတော်ချိန် နှစ်နာရီခွဲမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ လားရှိုးက ညီဖြစ်သူ ဦးတိုးအောင်ရဲ့ ပြောကြားချက်အရ သိရကြောင်း သူနဲ့ အနုပညာ အလုပ်တွေ အတူ တွဲလုပ်ခဲ့တဲ့ ဂီတာမှူး နိုင်ဇော်က ဘီဘီစီကို ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အဆိုတော် လားရှိုး သိန်းအောင် ဟာ အသက် ၇၃နှစ်ရှိပြီး ဇနီးနဲ့ အတူ သမီး တယောက် သားနှစ်ယောက် အမေရိကန်မှာ ကျန်ရစ်ခဲ့ပါတယ်။

ဈာပန အသေးစိတ် အစီအစဉ်ကို ထပ်မံကြေညာလိမ့်မယ်လို့ ဦးနိုင်ဇော်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Lashio Thein Aung facebook
Image caption ကွယ်လွန်သွားပြီ ဖြစ်တဲ့ အဆိုတော် လားရှိုး သိန်းအောင်

တချိန်တခါတုန်းက အဆိုတော် လားရှိုးသိန်းအောင် ရဲ့ သီချင်းတွေ ဆိုရင် မြန်မာပြည်တွင်း ဖွင့်ခွင့်မရခဲ့တဲ့ အခြေအနေမျိုး ရှိခဲ့တာပါ။

အရင်အစိုးရ အဆက်ဆက် စစ် အာဏာရှင် လက်ထက်တွေကို ပြည်ပမှာ နေထိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ မြန်မာပြည် ပြန်ဝင်လာကာ ၂ဝ၁၅ မှာ သီဆို ဖျော်ဖြေပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သူမကွယ်လွန်ခင် လအနည်းငယ် တုန်းကလည်း ရန်ကုန်က ဂီတ မိတ်ဆွေတွေထံ ဆက်သွယ်ခဲ့ပြီး သူရေးစပ်ထားတဲ့ သီချင်းသစ် အပုဒ် လေးဆယ် နီးပါး ရှိကြောင်းနဲ့ ဒါတွေကို ထုတ်ဝေဖို့ အစီအစဉ် ရှိတယ်လို့ ပြောကြောင်း ဂီတမှူး နိုင်ဇော်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ