နာဂမှာရှိတဲ့ အာသံနဲ့ ကသည်းစခန်းတွေကို တပ်မတော်သိမ်းပိုက်

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယဉ်းများ ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption သိမ်းဆည်းရမိတဲ့ လက်နက်ခဲယဉ်းများ

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာအနီးတဝိုက်မှာရှိတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN(K) ဌာနချုပ်နယ်မြေက အာသံနဲ့ ကသည်းတပ်ဖွဲ့ဝင်တွေရဲ့ စစ်သင်တန်းကျောင်းတွေနဲ့ စခန်းတွေကို တပ်မတော်က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

မင်္သကာဖွယ် အထောက်အထားတွေ တွေ့ရလို့ တပ်မတော်စစ်ကြောင်းတွေက ဇန်နဝါရီ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှာ တကားကျေးရွာ အနောက်တောင်ဘက်မှာ စခန်း ၂ ခုနဲ့ သင်တန်းကျောင်း နေရာ ၂ ခု၊ မြောက်ဘက်မှာ ယာယီအခြေပြုနေရာ ၁ ခု၊ အနောက်ဘက်မှာ စခန်း ၁ ခု တို့ကို သိမ်းပိုက်ရခဲ့ပြီး NSCN(K) အဖွဲ့ဝင် ၆ ဦး၊ ကသည်းအဖွဲ့ဝင် ၂ ဦးနဲ့ လက်နက်ငယ်မျိုးစုံ ၁၁ လက် အပါအ၀င် ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဒီတပ်စခန်းတွေကို သိမ်းပိုက်ရတာနဲ့ ပတ်သက်လို့ တပ်မတော် ထုတ်ပြန်ချက်မှာတော့ အိန္ဒိယ ကြည်းတပ်ကွပ်ကဲမှုအောက် Assam ပြည်နယ်နဲ့ Arunachal Pradesh ပြည်နယ်နယ်စပ်မှာ National Democratic Front of Bodoland- Sangbijit (NDFB-S) လက်နက်ကိုင်အဖွဲ့က အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦး တို့ကို ပစ္စတို၊ AK-47 ၊ AK-45 အမျိုးအစားလက်နက်ငယ်တွေ၊ ဆက်စပ်ခဲယမ်းတွေနဲ့ ၂၀၁၈ ဒီဇင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးမိခဲ့ပြီး သူတို့တွေဟာ မြန်မာနိုင်ငံက စခန်းတွေမှာ စစ်ပညာသင်တန်းတက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာတာလို့ အိန္ဒိယသတင်းစာတွေမှာ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption သိမ်းဆည်းရမိတဲ့ လက်နက်ခဲယဉ်းများ

ဒီသတင်းနဲ့ ပတ်သက်လို ဆက်စပ်မှုကို ပဏာမစိစစ်ခဲ့ရာမှာ NSCN(K)အဖွဲ့နဲ့ ပတ်သက်မှုရှိနိုင်ကြောင်း တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NSCN(K) အဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနဲ့ သဘောတူချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးပဏမသဘောတူညီချက်ကို ချိုးဖောက်ခဲ့လို့ ဆက်လက်အရေးယူမယ်လို့လည်း တပ်မတော်က ဆိုပါတယ်။

ဒါ့အပြင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း တဖက်အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့ကိုမှ အခြေချနေထိုင်ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းတွေက လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်လုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။