ရိုက်တာသတင်းထောက်နှစ်ယောက် George Polk Awards ဆုချီးမြင့်ခံရ

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

နိုင်ငံတော် လျို့ဝှက်ချက် အက် ဥပဒေနဲ့ ထောင် ၇ နှစ် ကျခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို အမေရိကန်အခြေစိုက် Long Island တက္ကသိုလ်က ဆုချီးမြှင့် လိုက်ပါတယ်။

ပြည်သူအကျိုးပြုတဲ့ စုံစမ်းဖော်ထုတ် သတင်းရေးသားတဲ့နေရာမှာ သတင်းထောက်နှစ်ယောက်ရဲ့ ထူးခြားအောင်မြင်တဲ့ သတင်းစာပညာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ပေးအပ်လိုက်တာ ဖြစ်တယ်လို့ အဲဒီ အမေရိကန်တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အင်းဒင်ရွာက ရိုဟင်ဂျာရွာသား ၁၀ ယောက် သတ်ဖြတ်ခံရမှု သတင်းကို စုံစမ်းဖော်ထုတ် ရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကို George Polk Awards ဆုကို ပေးအပ်တာ ဖြစ်ပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ယောက်ဟာ အင်းဒင်လူသတ်မှုသတင်းကို စုံစမ်းဖော်ထုတ် ရေးသားနေချိန် ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက်က အဖမ်းခံခဲ့ရပါတယ်။

အဖမ်းခံရပြီးနောက်မှာ သူတို့တွေကို နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေနဲ့ တရားစွဲဆိုခံရပြီးနောက် ၂၀၁၈ စက်တင်ဘာလ ၃ ရက်မှာ မြောက်ပိုင်းခရိုင်တရားရုံးက ထောင် ၇ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

သူတို့ နှစ်ဦးရဲ့ အယူခံကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားရုံးက ပယ်ချခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU/ AFP
Image caption ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

ဒါကြောင့် အယူခံ ပြင်ဆင်မှု တင်သွင်းလွှာကို နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော် ရုံးချုပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က သူတို့ ၂ ဦးရဲ့ ရှေ့နေတွေက တင်ခဲ့ရာမှာ ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်က လက်ခံထားပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ဟာ ၂၀၁၈ ခုနှစ် အတွက် တိုင်းမ်မဂ္ဂဇင်းရဲ့ Person of the Year 2018 အဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မိသားစုတွေ မျှော်လင့်သလို ဖြစ်မလာခဲ့တဲ့ ရိုက်တာအမှု အယူခံ

ဒီသတင်းနဲ့ပတ်သက်သမျှ