လောင်းကစားနဲ့ ဆိုင်တဲ့ ဥပဒေကို အတည်ပြုပြီး ကာစီနိုလုပ်ငန်း လုပ်ခွင့်ပြု

လောင်းကစားနဲ့ ဆိုင်တဲ့ ဥပဒေကို ပြီးခဲ့တဲ့ သောကြာနေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဓာတ်ပုံ မူပိုင် Getty Images
Image caption လောင်းကစားနဲ့ ဆိုင်တဲ့ ဥပဒေကို ပြီးခဲ့တဲ့ သောကြာနေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြု

၂၀၁၈ နှစ်လယ်ပိုင်းလောက်က ဆွေးနွေးနေတဲ့ လောင်းကစားနဲ့ ဆိုင်တဲ့ ဥပဒေကို မတ်လ ၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။

အတည်ပြုလိုက်တဲ့ ဥပဒေအရ ကာစီနိုလုပ်ငန်းကို မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်ပြုလိုက်ပြီး နိုင်ငံခြားသားတွေပဲ ကစားခွင့်ရမှာ ဖြစ်တယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးကျော်စိုးလင်းက ပြောပါတယ်။

အရင်ကတော့ မြန်မာနိုင်ငံမှာ ကာစီနိုလုပ်ငန်းကို တရားဝင် လုပ်ကိုင်ခွင့်ပြု မထားပါဘူး။ အစိုးရအဖွဲ့အနေနဲ့ ဒီဥပဒေကို ပြဌာန်းရတာဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်လာစေဖို့နဲ့ အခွန်အခတွေ ပိုမိုရနိုင်ဖို့အတွက် ကာစီနိုလောင်းကစားရုံတွေ ဖွင့်လှစ်ခွင့်ပေးတာ ဖြစ်ပါတယ်။

ကာစီနိုလောင်းကစားလုပ်ငန်းကို ကြီးကြပ်ဖို့အတွက် ဥပဒေထဲမှာတော့ ဝန်ကြီးဌာန တစ်ခုကို သတ်မှတ်ပေးမထားပဲ ပြည်ထောင်စု အစိုးရအဖွဲ့က တာဝန်ပေးထားတဲ့ ဝန်ကြီးဌာနကသာ တာဝန်ယူ ကြီးကြပ်ဆောင်ရွက် ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လောင်းကစားဥပဒေအရ ထီလုပ်ငန်းဟာ ဆိုရင်လည်း လောင်းကစား မမြောက်ဘူးလို့ ဖော်ပြထားတဲ့ အကြောင်းကိုလည်း ဦးကျော်စိုးလင်းက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လာစ်ဗေးဂတ်စ် ပစ်ခတ်မှု လူ ၅၀ သေဆုံး၊ ရာပေါင်းများစွာ ဒဏ်ရာရ

ဒါပေမယ့်လည်း တရားမဝင် လုပ်ကိုင်နေတဲ့ ၂ လုံးထီ ၊ ၃ လုံးထီတွေကတော့ တရားဝင် လုပ်ဖြစ်လာမှာ မဟုတ်ဘူးလို့ ကိုကျော်စိုးလင်းက ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ထီလုပ်ငန်းဆိုင်ရာ ဥပဒေ သီးခြား ပြဌာန်းဖို့ ရှိပါတယ်။ လက်ရှိမှာတော့ တရုတ်-မြန်မာနယ်စပ်နဲ့ ထိုင်းမြန်မာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ကာစီနိုလုပ်ငန်းတွေ လုပ်ကိုင်နေတာ ရှိပါတယ်။

နောက်ပိုင်းမှာ လိုအပ်ချက် ရှိလာရင်လည်း ကာစီနိုဥပဒေကို သီးခြားထုတ်ပြန်ဖို့ရှိပြီး အစိုးရအဖွဲ့အနေနဲ့ကတော့ ကာစီနိုလောင်းကစားရုံ လုပ်ငန်းတွေကို တရုတ်မြန်မာ နယ်စပ်နဲ့ ထိုင်းမြန်မာနယ်စပ်တွေမှာ တရားဝင် လုပ်ကိုင်ခွင့်ပြုဖို့ လျှောက်ထားတာတွေ ရှိတဲ့အတွက် ဒါတွေကို ခွင့်ပြုပေးနိုင်ဖို့အတွက် လွှတ်တော်က ခုလို အတည်ပြုလိုက်တာဖြစ်တယ်လို့ တိုင်းရင်းသား လုပ်ငန်းရှင်တချို့က သုံးသပ်ပြောဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ