လူတစ်ယောက်ကို မှတ်ပုံတင်ပြီးတဲ့ ဖုန်းကတ်နှစ်ခုသာ ကိုင်ခွင့်ပြုမည်

Image caption မှတ်ပုံတင်ထားတဲ့ ဖုန်းကတ်တွေ လူတစ်ယောက်လျှင် နှစ်ခုထက် ပိုမသုံးရ

လုံခြုံရေးကို ထိထိရောက်ရောက် အကာကွယ်ပေးနိုင်ဖို့အတွက် မြန်မာပြည်သူတွေ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြား တစ်ခုကို ဖုန်းကတ် နှစ်ခုပဲ ကိုင်ဆောင် မှတ်ပုံတင်ခွင့် ပေးတော့မယ်လို့ ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် နိုင်ငံသား ကတ်ပြားတခုနဲ့ မှတ်ပုံတင်ထားတဲ့ နှစ်ခုထက်ပိုတဲ့ ဖုန်း SIM ကတ်တွေကို လာမယ့် ဧပြီလက စတင်ပြီးတော့ ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။

အခုချိန်မှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ခုတည်းနဲ့ ဖုန်းကတ် အများအပြားကို မှတ်ပုံတင် ဝယ်ယူပြီး ပြန်ရောင်းချတာတွေ၊ ကိုယ့်နာမည်နဲ့ မှတ်ပုံတင်ထားတာ မရှိတဲ့ ဆင်းကတ် တွေကို ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူသုံးစွဲနေတာကြောင့် မိုဘိုင်းဖုန်းတွေ အသုံးပြု ပြီး လုံခြုံရေး ချိုးဖောက်နေမှုကို အကာအကွယ် ပေးဖို့နည်းပညာအရ အခက်တွေ့တယ်လို့ ဆက်သွယ်ရေး ညွန်ကြားမှု ဦးစီးဌာနရဲ့ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဘီဘီစီကို ပြောပါတယ်။

ယခု ဆင်းကတ်နှစ်ခုထက်ပိုပြီး ဝယ်ယူအသုံးပြုနေသူတွေကတော့ မိမိတို့ နိုင်ငံသားကတ်နဲ့ မှတ်ပုံတင်ပြီး သုံးစွဲမည်ဆိုပါက ဆက်လက် အသုံးပြုလို့ရတယ်လို့ ဦးမျိုးဆွေက ပြောပါတယ်။

ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ရောင်းချတဲ့ ကတ်တွေကိုသာ နိုင်ငံသားကတ် တစ်ခုလျှင် ဆင်းကတ် နှစ်ခုထက် ပိုပြီး ရောင်းချသုံးစွဲခွင့် မပြုမှာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖုန်းအဟောင်းတွေကို ဘာလုပ်ပစ်လဲ

မှတ်ပုံတင်ပြီး ဆိုက်ဘာလုံခြုံရေး နှောက်ယှက်နေသည်များ ရှိကြောင်း ဆိုက်ဘာနည်းပညာ လုံခြုံရေး ကျွမ်းကျင်သူတွေက ပြောခဲ့ပါတယ်။

သက်သေခံ ကတ်ပြားဆိုတာဟာ နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်နဲ့ ပတ်စ်ပို့ (ပြည်ပနိုင်ငံသားတွေအတွက်) တို့ကို ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမြင်အာရုံ တိုးတက်စေမယ့် မျက်စိယောဂ

ဆက်သွယ်ရေး အော်ပရေတာများဟာ ညွန်ကြားချက်အတိုင်း မှတ်ပုံတင်ပြီး ဆင်းမ်ကတ်တွေကိုသာ အသုံးပြုခွင့်ပေးတယ်လို့ ၂၀၁၇ ဆက်သွယ်ရေး ညွန်ကြားမှု ဦးစီးဌာနက ကြော်ညာထားခဲ့ပါတယ်။

သို့ရာတွင် ဈေးကွက်အတွင်း မှတ်ပုံတင်ပြီး ဖုန်းကတ်တခုလျှင် ကျပ် ၃၀၀ မှ ကျပ် ၁၀၀၀အတွင်း ပေးပြီး ဝယ်ယူနေတာတွေ ရှိနေပါတယ်။