မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ ပြည်သူတွေ ကွမ်းမစားဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဓာတ်ပုံ မူပိုင် Myanmar state counsellor office
Image caption ဝန်ကြီးချုပ် ဆရာဝန်ကိုယ်တိုင် ကွမ်းစားနေတာကတော့ ပြည်သူတွေစံနမူနာယူ ဖို့ သိပ်မကောင်းဘူးလို့လည်းဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မွန်ဝန်ကြီး ချုပ် ဒေါက်တာအေးဇံ အပါဝင် ပြည်သူတွေကွမ်းမစားဖို့ မွန်ပြည်နယ် ချောင်းဆုံ ရွာလွတ် ခရီးစဉ်မှာ ပြောသွားပါတယ်။

ကွမ်းစားရင် ငွေကုန် အလှပျက် ပြီးကျန်းမာရေးပါထိခိုက် နိုင်တယ်လို့ မွန်ပြည်နယ် ချောင်းဆုံ ရွာလွတ် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောတာပါ။

ကွမ်းယာရောင်းသူတွေကိုလည်း တခြားအလုပ်တွေ၊အခွင့်ရေးတွေရှာပေးဖို့ကလည်း မွန်ဝန်ကြီးချုပ်မှာ တာဝန်ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် ကပြောသွားပါတယ်။

၂၀၁၇နှစ်တုန်းကလည်းအစိုးရက ပြည်သူတွေ ကွမ်းမစားဖို့ စည်းရုံးလူပ်ရှားမှု လုပ်ခဲ့ပြီး ကွမ်းယာနဲ့ဆေးရွက်ကြီးစားသုံးမူကြောင့် တစ်နှစ်ကိုလူခြောက်သောင်းလောက် ခံတွင်းကင်ဆာခံစားနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူခုနစ်သန်းလောက် ကွမ်းယာနဲ့ဆေးရွက်ကြီး နေ့စဉ်စားသုံးနေကြပြီး ကွမ်းယာနဲ့ဆေးရွက်ကြီးကြောင့် တစ်နှစ်ကို လူခြောက်သောင်း လောက်သေဆုံးနေတယ်လို့ ၂၀၁၇ ခုနှစ် ပြည်သူတွေကွမ်းမစားဖို့စည်းရုံးလှုပ်ရှားမှုမှာ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တုန်းကတော့ အစိုးရနဲ့ အန်ဂျီအိုတွေေပါင်းပြီး ကျပ်သန်း၂၅၀လောက် အကုန်အကျခံပြီး ပြည်သူတွေ ကွမ်းမစားဖို့ စည်းရုံးလှုပ်ရှားမူပြုလုပ်ခဲ့ပေမဲ့ သိသိသာသာလျော့သွားတာ မတွေ့ရပါဘူး။

မွန်ပြည်နယ် ချောင်းဆုံတွေ့ဆုံပွဲမှာတော့ ဝန်ကြီးချုပ် ဆရာဝန်ကိုယ်တိုင် ကွမ်းစားနေတာ ကတော့ပြည်သူတွေစံနမူနာယူ ဖို့ သိပ်မကောင်းဘူးလို့လည်းသူကပြောပါတယ်။

ကျန်းမာရေးကောင်းချင်ရင် နေထိုင်စားသောက်တာတွေ ကို ပြင်ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ချောင်းဆုံ ခရီးစဉ်မှာ ပြောသွားပါတယ်။