သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အဂတိတိုက်ဖျက်ရေး ကော်မရှင် လွတ်လပ်မှုရှိရဲ့လား - ဦးအောင်ကြည်နဲ့ သီးသန့်မေးမြန်းခန်း အပိုင်း (၁)

အခုနှစ်ပိုင်းထဲမှာ အစိုးရ ဝန်ကြီးဌာန အစုံက အဆင့်မြင့် ထိပ်တန်း အရာရှိကြီးတွေဟာ အဂတိ လိုက်စားမှု နဲ့ အရေးယူ ခံရမှု တွေ ရှိလာခဲ့ပါတယ်။ အဲဒီထဲမှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း ဥပဒေချုပ်၊ အစားအသောက် ဆေးဝါး ကွပ်ကဲရေး ဌာန က ညွှန်ကြားရေးမှူးချုပ် အစရှိတဲ့ အရာရှိကြီးတွေ အရေးယူခံခဲ့ရတာပါ။ အခု ဧပြီလ ထဲမှာ ဆိုရင်လည်း အမှတ်(၂) သတ္တုတွင်း လုပ်ငန်းက ဦးဆောင် ညွှန်ကြားရေးမှူးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က အဂတိအမှုနဲ့ တရားစွဲဆို ထားပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် မှာ ဥက္ကဋ္ဌ အဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက စပြီး တာဝန်ယူထားသူကတော့ အရင်တုန်း က ဗိုလ်ချုပ်ဟောင်းလည်း ဖြစ်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးဟောင်းအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဦးအောင်ကြည် ဖြစ်ပါတယ်။ ဒီကော်မရှင် ကို သူ့အနေနဲ့ဘယ်လို ဦးဆောင်မှု ပေးခဲ့သလဲ။ အစိုးရ အရာရှိ တွေကို အရေးယူဖို့ ရာမှာ ဘယ်လို အရာတွေ က အတား အဆီး ဖြစ်ခဲ့သလဲ။ ကော်မရှင် အနေနဲ့ဘယ်လို အခက်အခဲတွေ ရင်ဆိုင် ခဲ့ရပါသလဲ။ ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုငြိမ်းချမ်းအေး က သီးသန့် တွေ့ဆုံ မေးမြန်း ထားပါတယ်။

ရိုက်ကူး - ကိုစံကျော်ထွန်း