မန္တလေးသင်္ကြန်မှာ လုံခြုံရေးအတွက် ပိတ်ဆို့ရှာဖွေ

လုံခြုံရေးအတွက် ဘယ်သတင်းကို မဆို အလေးထားဆောင်ရွှက်ပါတယ် လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှုးကပြောပါတယ်။ ဓာတ်ပုံ မူပိုင် TK
Image caption လုံခြုံရေးအတွက် ဘယ်သတင်းကို မဆို အလေးထားဆောင်ရွှက်ပါတယ် လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှုးကပြောပါတယ်

မန္တလေးသင်္ကြန် ပွဲတော်လုံခြုံရေးအတွက် အညာဒေသအခေါ် ကျောက်လှည့် ဝက်အူလှည့်က အစ တုတ်ဓားလက်နက်တွေကိုမြို့အဝင် ၁၅ နေရာမှာ စစ်ဆေးပြီး သိမ်းဆည်းအရေးယူ နေတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးအောင် က ဘီဘီစီ ကိုပြောပါတယ်။

ဒါ့ အပြင် မျက်နှာဖုံး တွေ ပြောက်ကျားဝတ်စုံတွေ သေနတ် အတု တွေကိုလည်း လုံခြုံရေးအရ စစ်ဆေးပြီးသိမ်းဆည်းနေတယ်လို့ လည်း ရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ရန်ကုန် မန္တလေး နေပြည်တော်အပါဝင် မြန်မာနိုင်ငံက မြိုကြီးတွေမှာ သင်္ကြန်ရေမကစားကြဖို့နဲ့ အနီးတဝိုက်မှာမနေကြဖို့ ရခိုင် အေအေ အဖွဲ့ကဆိုပြီးထုတ်ပြန်ထားတာရှိပြီး မြန်မာနိုင်ငံ ဂျပန်သံရုံးကလည်း အဲဒီထုတ်ပြန်ချက် ကို သတိထားဖို့ ကိုလည်း မြန်မာနိုင်ငံရောက် ဂျပန်တွေကို သတိပေးထားပါတယ်။

မန္တလေး သင်္ကြန်အကြိုနေ့ ညနေပိုင်းအထိတော့ သင်္ကြန် ပွဲတော်လာသူ အချို့ဆီက ဓားအချို့ သိမ်းဆည်းရရှိပြီး လုံခြုံရေး ကို အရပ်ဝတ်တွေနဲ့ အပါဝင် ရဲဝန်ထမ်းထောင်ချီပြီးဆောင်ရွက်နေတယ်လို့ ရဲမှူးကြီး မျိုးအောင်ကပြောပါတယ်။

Image caption ရိုးရာအဝတ်အစားတွေကိုဝတ်ဆင်ပြီး မန္တလေးလမ်းလျှောက်သင်္ကြန်LGBT တွေအပေါ်ခွဲခြားမှုလျော့နည်းရေး အသိပေးတာကို ဒီကနေ့ ပြုလုပ်နေပါတယ်

မန္တလေးသင်္ကြန် အေအေ သတင်းရလား

လုံခြုံရေးအတွက် သတင်းတွေ ကတော့ အစုံရောက်လာလေ့ရှိပြီးဘယ်သတင်းကို မဆို အလေးထားဆောင်ရွက်ပါတယ် လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးကပြောပါတယ်။

မြန်မာနိုင်ငံက ဂျပန်သံရုံးက အေ အေသတင်း ထုတ်ပြန်ချက် ကို မှန်မမှန် အတည်မပြုနိုင်ပေမယ့် မြန်မာရောက် ဂျပန်များအတွက် အထူးသတိထားနေထိုင်ကြ ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၂ ရက်နေ့က သတိပေးချက် ထုတ်ပြန် ထားပါတယ်။

အင်တာနက်လူမှုကွန်ရက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ ကြေညာချက်ဟုဆိုသည့် ထုတ်ပြန်ချက် ပျံ့နှံ့နေပြီး အပြစ်မဲ့ရခိုင်ပြည်သူများ သတ်ဖြတ်ခံရသဖြင့် ပြန်ပေးဆပ်ရမည်ဟု ရေးသားထားကြောင်း ဂျပန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Thing Kyaing
Image caption မန္တလေး လမ်းလျှောက်သင်္ကြန်ကို နေရာတိုးချဲ့ ထားပြီး အညာဓလေ့ သင်္ကြန်အပြင်၊ ရပ်ကွက်အလိုက်ယိမ်းတွေ ထပ်မံထည့်သွင်းထားတယ်

သင်္ကြန်အစည်ဆုံးလား

အခုနှစ် မန္တလေးသင်္ကြန်ဟာ အကြိုနေ့မှာ ကိုပဲ အထူးစည်ကားတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် မန္တလေး လမ်းလျှောက် သင်္ကြန်ဟာ မနှစ်ကထက်စည်ကားသလို့ ရန်ကုန်နေပြည်တော် စတဲ့မြို့တွေက မန္တလေးကိုလာတဲ့ သူတွေများတယ်လို့ မန္တလေးနေသူ မသင်းသင်းကြိုင်ကပြောပါတယ်။

အခုနှစ် မန္တလေးမှာ လမ်းလျှောက်သင်္ကြန်ကို နေရာတိုးချဲ့ ထားပြီး အညာဓလေ့ သင်္ကြန်အပြင်၊ ရပ်ကွက်အလိုက်ယိမ်းတွေ ထပ်မံထည့်သွင်းထားတယ်လို့ မန္တလေးသင်္ကြန် ကျင်းပရေးကော်မတီကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အခြေစိုက်ရုံးဖွင့်ထားတဲ့ နိုင်ငံတကာသံရုံးတွေက သံတမန် တွေ၊ စစ်သံမှူးတွေအပါအဝင် ကုလသမဂ္ဂအဖွဲအစည်းတွေက သံတမန် တွေပါ ပထမဆုံးအကြိမ်အဖြစ် မန္တလေးမြို့ လမ်းလျှောက် မန္တလေးသင်္ကြန်ကို လာဖို့ရှိတယ်လို့လည်းသိရပါတယ်။

ဘာကြောင့်သိမ်းတာလဲ

ဓာတ်ပုံ မူပိုင် Ye Lwin FB
Image caption အများပြည် သူရေကစားတဲ့ အခါမှာ အန္တရာယ် ဖြစ်မှာစိုးလို့ အခုလိုပိတ်ဆို့ရှာဖွေ စစ်ဆေးရတာဖြစ်တယ်လို့လည်းရဲမှုးကြီက ပြောပါတယ်။

အခုနှစ် သင်္ကြန် မှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူ၊ မော်လမြိုင်၊ ထားဝယ်၊ မိတ္ထီလာ၊ ပုသိမ်၊ နေပြည်တော်၊ ပခုက္ကူ၊ မင်းဘူး၊ မကွေး စသည့် မြို့များတွင် ဧပြီလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေအိမ်တွင်သာ နေထိုင်ကြရန်ဆိုပြီး အေအေ အဖွဲ့သတိပေးထားကြောင်း ဂျပန်အစိုးရ၏ ထုတ်ပြန်ထားပြီး အေအေဖက် ကတော့ ဒီသတင်းကို ငြင်းထားပါတယ်။

အခုနှစ်ပါဆိုရင် မန္တလေးမှာ လမ်းလျှောက် သင်္ကြန်ကျင်းပလာတာ သုံးနှစ်ရှိပါပြီ။ မနှစ် ကစပြီး ကျောတ်လှည့် နဲ့ မျက်နှာဖုံး တုတ်ဓားတွေ သိမ်းဆည်းခဲ့ ပြီး အများပြည် သူရေကစားတဲ့ အခါမှာ အန္တရာယ် ဖြစ်မှာစိုးလို့ အခုလိုပိတ်ဆို့ရှာဖွေ စစ်ဆေးရတာဖြစ်တယ်လို့လည်း ရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

မနှစ် ကတော့ မန္တလေးမှာ အခုလို ပိတ်ဆို့ရှာဖွေရှာမှာ ကျောက်လှည့် ဝက်အူလှည့်ပေါင်း ၂၄၀ ကျော် သိမ်းဆည်းရရှိခဲ့ ပြီး တုတ် ၁၀၈ ချောင်း ဓား ၁၉ လက် မျက်နှာဖုံး ၃၀၀ ကျော် ရရှိခဲ့တယ်လို့လည်း ရဲမှုးကြီးကပြောပါတယ်။

မျက်နှာဖုံးစွပ် တွေသိမ်းရတာ ကတော့ မှုခင်းဖြစ်ရင် ဖော်ထုတ်ရတာ ခက်တဲ့အတွက်သိမ်းဆည်းရတာဖြစ်တယ် လို့လည်း ခရိုင်ရဲတပ်ဖွဲ့မှုးကပြောပါတယ်။

ရန်ကုန်နဲ့ နေပြည်တော်မှာတော့ မဏ္ဍပ် တွေအနီး မှာ လုံခြုံရေးတွေယူထားတာရှိပြီးတော့ မန္တလေးမှာလို ပိတ်ဆို့ရှာဖွေရှာတာတွေ မတွေ့ရဖူးလို့ လည်း ဒေသခံတွေက ဘီဘီစီ ကို ပြောပါတယ်။

ရခိုင်မြောက်ဦးမြို့အပါဝင် ရခိုင်ပြည်နယ်က မြို့အတော်များများမှာတော့ သင်္ကြန်ပွဲတော်ကို တိုက်ပွဲတွေကြောင့် စည်စည်ကားကားကျင်းပတာမတွေ့ရဘူး လို့မြောက်ဦးဒေသခံ ကိုအောင်စိုးမြင့်ကပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ