မန္တလေးသင်္ကြန်မနှစ်ကထက် လူအသေများ၊ မန္တလေးတစ်တိုင်းလုံး လူ၃၀ ကျော် သေဆုံး

ဓာတ်ပုံ မူပိုင် Alamy
Image caption ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေမှာအပြင် လူစည်ကားရာနေရာတွေမှာလည်း လုံခြုံရေး ဆောင်ရွက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဘက် ကပြောပါတယ်။

မန္တလေး သင်္ကြန်ပွဲတော်ကာလ အတွင်းလုံခြုံရေးနဲ့ ယဉ်စည်းကမ်း ထိန်းသိမ်းရေးလိုအပ်ချက်ကြောင့် ထိခိုက်ဒဏ်ရာသူ အရေအတွက်ဟာ မနှစ်ကထက်များကြောင်း မန္တလေးသင်္ကြန် ပွဲတော် ကျင်းပရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဘီဘီစီကို ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ သင်္ကြန်ကာလ ၄ ရက်အတွင်း ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှုနှင့် သေမှု သေခင်းဖြစ်စဉ်တွေအရ လူ ၃၁ ဦးသေဆုံးခဲ့ပြီးတော့ ၅ဝ၀ကျော် အထိ ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ရဲတပ်ဖွဲ့က လုံခြုံရေးကို စနစ်တကျ ဆောင်ရွက်တယ်လို့ပြောပေမဲ့ ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှုနှင့် သေမှုသေခင်းဖြစ်စဉ်တွေ များလာတာဟာ ရဲတပ်ဖွဲ့ဘက်က လုံခြုံရေး ဆောင်ရွက်မှုအားနည်းမှုတွေကြောင့် လို့မန္တလေးသင်္ကြန် ပွဲတော် ကျင်းပရေးကော်မတီ ဦးကျော်ဆန်းမြင့်ကပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ သေဆုံးသူ အရေအတွက် ၃၀ ကျော် မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ဟာ ၁၆ ဦးကျော် ရှိပြီးတော့ အရက်သောက်ပြီး ဆိုင်ကယ် မောင်းနှင်မှုကြောင့် ဖြစ်တယ်လို့ ဒေသခံ လူမှု ကူညီမှုအသင်းဆီက သိရပါတယ်။

မနှစ်ကတော့ မန္တလေး သင်္ကြန်ပွဲတော်ကာလမှာ ၈ဦးသေဆုံးခဲ့တယ်လို့ မန္တလေးဆေးရုံကြီး စာရင်းအရ သိရပါတယ်။

ဒီနှစ်မှာ မန္တလေးဆေးရုံကြီး ကိုရောက်လာပြီး သေဆုံးသူအရေအတွက်ဟာ ၁၁ ဦး ဖြစ်တာကြောင့် မန္တလေးမှာ သေတဲ့သူအရေတွက်ကလည်းမနှစ်ကထက် များတယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Mdy POLICE
Image caption မန္တလေးသင်္ကြန် ကျောက်လှည့်ကအစ လုံခြုံရေးအတွက် ရဲကသိမ်းပါတယ်

မန္တလေးတိုင်း ရဲတပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက် အရ (သင်္ကြန်အကြိုနေ့)ကစပြီး အတက်နေ့အထိ ခိုက်ရန် ဖြစ်ပွားမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက် လည်း များခဲ့ပါတယ် ။

ဒါပေမဲ့ မန္တလေး သင်္ကြန်ကာလ လာရောက်ကြတဲ့ လူအရေအတွက်ဟာ ပြီးခဲ့တဲ့၂၀၁၇ လမ်းလျှောက် သင်္ကြန်စတင်စဉ်ကထက် သုံးဆလောက် များလာတာကြောင့် ဒီအတိုင်းအတာအတွင်းမှာတော့ သေဆုံးထိခိုက် ဒဏ်ရာအရေအတွက် များလွန်းတယ်လို့ ပြောလို့မရကြောင်းလည်း လို့မန္တလေးသင်္ကြန် ပွဲတော် ကျင်းပရေးကော်မတီက ပြောပါတယ် ။

ဒုတိယ သမ္မတ ဟင်နရီဗန်ထီးယူနဲ့ မိသားစု အပါအဝင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင် ခေါင်းဆောင်တဲ့ နိုင်ငံတကာ သံတမန် အဖွဲ့တွေ ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေဟာ မန္တလေး လမ်းလျှောက် သင်္ကြန်ကို ပထမဆုံး လာရောက် ဆင်နွှဲခဲ့ကြပါတယ်။

သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက် နေ့လယ်မှာ ရောက်လာကြပြီး သင်္ကြန် အတက်နေ့အထိ မန်းသင်္ကြန် ကို ဆင်နွှဲခဲ့ ကြတာ ဖြစ်ပါတယ်။

အကြိုနေ့ညမှာ မန္တလေး မြို့တော်ခန်းမမှာ တိုင်းဝန်ကြီးချုပ်က သံတမန်အဖွဲ့တွေကို ညစာနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီးနောက် မြို့တော်ဝန် မဏ္ဍပ်မှာ ညပိုင်း အဆို အက ဖျော်ဖြေ မှုတွေကို သွားရောက် ကြည့်ရှု ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Naing Wing Htun
Image caption ၂၀၁၇ လမ်းလျှောက် သင်္ကြန်စတင်စဉ်ကထက် သုံးဆလောက် များလာပါတယ်။

ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေရေးစစ်ဆေးရာမှာ အရက်၊ ဘီယာ၊ မျက်နှာဖုံး၊ ဓား၊ တုတ်၊ ဝက်အူလှည့်၊ ကတ်ကြေး၊ အိပ်ဇော၊ သံချောင်းနှင့် လက်နက်မှုတွေကိုသိမ်းဆည်းခဲ့တာတွေ ရှိခဲ့ပါတယ်။

သင်္ကြန်ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေအပြင် ကျုံးဘေးက လမ်းဆုံလမ်းထောင့်တွေမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူ ဆောင်ရွက်ခဲ့သလို မန္တလေးမြို့ထဲက ကျောက်တော်ကြီးဘုရား၊ တောင်သမန်အင်း၊ ကန်တော်ကြီး၊ မနော်ရမ္မံ၊ မဟာမုနိဘုရားကြီး စတဲ့နေရာတွေမှာလည်း လုံခြုံရေး ဆောင်ရွက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဘက် ကပြောပါတယ်။

သင်္ကြန်ကာလ ၄ ရက်အတွင်း ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှုနှင့် သေမှု သေခင်းဖြစ်စဉ်တွေလျှော့ချဖို့ က ရဲတပ်ဖွဲ့က အခုထက်ပိုပြီးလုံခြု့ရေး ကို အင်အားဖြည့်ပေးဖို့လိုမယ်လို့လည်း လို့မန္တလေးသင်္ကြန် ပွဲတော် ကျင်းပရေးကော်မတီက ပြောပါတယ် ။

ဆက်စပ် အကြောင်းအရာများ