ဘင်္ဂလားဒေ့ရှ် ခရီးသည်တင်လေယာဉ် ရန်ကုန်လေဆိပ်မှာ လမ်းချော်

ဘီမန်းလေယာဉ် ဓာတ်ပုံ မူပိုင် မြန်မာ့လေကြောင်း

ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဘီမန်း လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်း( BG 60 ) ဒီကနေ့ မေလ ၈ ရက် ညနေက ရန်ကုန်လေဆိပ်အဆင်းမှာ ပြေးလမ်းချော် ( Over Run ) ခဲ့တယ်လို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DCA )က ဒုတိယ ညွန်ကြားရေးမှူးချုပ်ဦးရဲထွဋ်အောင်က ဘီဘီစီကိုပြောပါတယ်။

အဲဒီ လေယာဉ်ပြေးလမ်းချော်မှုကြောင့် အသေအပျောက် မရှိပါဘူး။

ထိခိုက်ဒဏ်ရာ ရသူ ၄ ဦးကိုတော့ ဆေးရုံပို့ထားတယ်လို့ ဦးရဲထွဋ်အောင်ကပြောပါတယ်။

အဲဒီလေယာဉ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့ကနေ ရန်ကုန်ကိုပျံသန်းလာတဲ့လေယာဉ်ဖြစ်ပြီး ခရီးသည် ၂၈ ဦးလိုက်ပါလာပါတယ်။