အကျဉ်းသားကိုဖုန်း ရောင်းတဲ့ ရွှေဘိုထောင်၀န်ထမ်းကို ဖမ်းပြီးစစ် ဆေး

အကျဉ်းထောင်အတွင်းက အဆောင်တွေက တုတ်၊ဓား၊ လက်နက်များကို ရှာဖွေသိမ်းဆည်းနေပါတယ်။ ဓာတ်ပုံ မူပိုင် BBC Sport
Image caption အကျဉ်းထောင်အတွင်းက အဆောင်တွေက တုတ်၊ဓား၊ လက်နက်များကို ရှာဖွေသိမ်းဆည်းနေပါတယ်။

ပြီးခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ သူ အကျဉ်းသားကို အရေးယူထားပြီး ဖုန်းရောင်းတဲ့ ထောင်၀န်ထမ်းကို ဖမ်းပြီးစစ် ဆေးနေတယ် လို့ ရွှေဘိုအကျဉ်းထောင် ထောင်မူး က ရွှေဘိုအကျဉ်းထောင် ရှေ့ မှာ သတင်းထောက် တွေကို ဒီနေ့မနက်က ပြောလိုက်ပါတယ်။

ရွှေဘိုအကျဉ်းထောင် ထောင်မှူး ဦးဇော်ထွန်း ကို ဒီသတင်းနဲ့ပက်သက်လို့ တိုက် ရိုက် ဆက်သွယ် မေးမြန်း ခဲ့ပြီး သူကမှတ်ချက်တစုံရာမပေးလို ဘူးလို့ ဘီဘီ စီကို ပြောပါတယ်။

ဖုန်းနဲ့တိုက်ရိုက်ထုတ်လွှင့်ခဲ့ သူ အကျဉ်းသားက အဲဒီဖုန်းဟာ ပေါက် စျေး ၆ သောင်းသာ တန်ပြီးကို ၅သိန်းနဲ့ ဝယ်ယူခဲ့တာ လို့ ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်စဉ် မှာ ပြောသွားခဲ့ပါတယ်။

"အဲဒါကို သိပါတယ် သူတို့လုပ်ရမဲ့ အလုပ်ပဲ တို့ ကဆူပူမှု မဖြစ်အောင် ဝင်ထိန်း တာပါ၊ဆူပူမှု မရှိတော့ရင် ကျန်တာ အရေးယူတာ သူတို့ အပိုင်း ပေါ့" လို့စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဦးမြင့်နိုင်က ပြောပါတယ်။

Image caption ရွှေဘိုအကျဉ်းထောင်မှာ ဆူပူမှုကြောင့် ပစ်ခတ်နှိမ်နှင်းမှုကြောင့် အကျဉ်းသားတွေ ၄ဦးသေဆုံးခဲ့ပါတယ်။

ရွှေဘိုအကျဉ်းထောင်ဆူပူမှု ဆူပူမှုဖြစ်စဉ် မှာ ဦးဆောင်ခဲ့သူ တွေကိုဖော်ထုတ် ထားပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဦးမြင့်နိုင်က ဘီဘီ စီကို ပြောပါတယ်။

ဒါ့ အပြင် အကျဉ်းထောင်အတွင်းရှိ အဆောင်တွေက တုတ်၊ဓား၊ လက်နက်များကို ရှာဖွေသိမ်းဆည်းလျက်ပြီး ကျူးလွန်သူတွေကိုဆက်လက် ဖော်ထုတ်အရေးယူမည်လို့လည်း သူကပြောပါတယ်။

သမ္မတရုံးက မေလ ၉ ရက်နေ့ထုတ်ပြန်ချက်မှာ ထောင်ဆူပူမှုကို Facebook တွင် Live ထုတ်လွှင့်ခဲ့တဲ့ အခြေအနေကို ထောက်ပြခဲ့ပြီး နိုင်ငံအနှံ့ ထောင်ဆူမှုများသည် ချိတ်ဆက်မှုရှိနေတယ်လို့လည်း သုံးသပ်ထားပါတယ်။

မေလ ၈ ရက် ညနေပိုင်း ကစပြီး ၂၄ နာရီနီးပါး ဆူပူခဲ့သည့် ရွှေဘိုထောင် အခြေအနေကတော့ မေလ ၉ ရက်နေ့ညေနပိုင်းက ပြန်လည်တည်ငြိမ်သွားပြီ ပေမဲ့ လုံခြုံရေးအင်အား အများအပြား ချထားတယ်လို့ သိရပါတယ်။။

ဖုန်းရောင်းတဲ့ဝန်ထမ်းဟာ တပ်သားအဆင့် ဖြစ်ပြီး ထောင်တွင်းဖုန်းဈေးကွက် မည်ကဲ့သို့ ဖြစ်ပေါ်ခဲ့တယ် ဆိုတာကိုပါ စုံစမ်းစစ်ဆေး မှုတွေလုပ်နေတယ်လို့ လည်း ရွှေဘိုအကျဉ်းထောင် ထောင်မူး က ရွှေဘိုအကျဉ်းထောင် ရှေ့ မှာ သတင်းထောက် တွေကို ပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်ဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အကျဉ်းသားများ၏ တောင်းဆိုချက်များကို သမ္မတ ဆီကို ဆက်လက် တင်ပြပေးသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ဘီဘီ စီကို ပြောပါတယ်။

ရွှေဘိုအကျဉ်းထောင်မှာ ဆူပူမှုကြောင့် ပစ်ခတ်နှိမ်နှင်းမှုကြောင့် အကျဉ်းသားတွေ ၄ဦးသေဆုံးခဲ့ြပီး ရုပ်အလောင်း တွေကိုတော့ မနေ့က အပြင်ကို သယ်ထုတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

ဆက်စပ် အကြောင်းအရာများ