သမ္မတရဲ့ လွတ်ငြိမ်းသက်သာနဲ့ လွတ်ငြိမ်းချမ်းသာဘာတွေကွာသလဲ

၂၀၁၉ ခုနှစ်အတွင်း သမ္မတဦးဝင်းမြင့်က အကျဉ်းသူအကျဉ်းသား ၂ သောင်းကျော်ကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်။
Image caption ၂၀၁၉ ခုနှစ်အတွင်း သမ္မတဦးဝင်းမြင့်က အကျဉ်းသူအကျဉ်းသား ၂ သောင်းကျော်ကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း နိုင်ငံတဝှန်း က အကျဉ်းသူအကျဉ်းသား နှစ်သောင်းကို နိုင်ငံတော်သမ္မတကပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပါတယ်၊အကျဉ်းသူအကျဉ်းသားတွေ ကတော့ သူတို့ဟာ တန်းတူအခွင့်အရေးမရလို့ဆိုပြီး နိုင်ငံအဝှန်းက အကျဉ်းထောင် ၆ခုမှာ ဆူပူမှုတွေ ဖြစ်ပွားပြီး လူသေဆုံးမှု တွေ ရှိခဲ့ပါတယ်။

အကျဉ်းသူအကျဉ်းသားတွေ ရဲ့ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရဖို့နည်းလမ်း၂ ခုရှိပါတယ်။လွတ်ငြိမ်းသက်သာခွင့်ပေးတာ နဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းတို့ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ( က ) အရနိုင်ငံတော်သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့် ရှိတယ်လို့ပြဌာန်းထားပါတယ်။ဒါအပြင် ပုဒ်မ ၂၀၄ ( ခ ) မှာတော့ ကာလုံလို့လူသိများတဲ့အမျိုးသား ကာကွယ်ရေးနဲ့လုံခြံရေးကောင်စီရဲ့ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်ခွင့်ရှိတယ်လို့လဲ ဖော်ပြထားပါတယ်။

အခု သမ္မတ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာ ပေးတာ မရှိသေးဘဲ လွတ်ငြိမ်းသက်သာ ပေးတာ ပဲ ရှိပါသေးတယ်။ လွတ်ငြိမ်းသက်သာ ဆိုတာက ရာဇသတ်ကျင့်ထုံးဥပဒေပုဒ်မ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ( ၁ ) အရ ပြစ်မှုတစ်စုံတရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီး သည့်အခါနိုင်ငံတော် သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားပဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့်စည်းကမ်းချက် တခုခုထား၍ဖြစ်စေ ၎င်း အပေါ်ချမှတ်သည့်ပြစ်ဒဏ်ကို အတည်ပြုလုပ်ခြင်းကိုဆိုင်းငံထားနိုင်သည် သို့မဟုတ်၎င်းကိုစီရင်သည့်ပစ်ဒဏ် အားလုံးကို သို့မဟုတ်အစိတ်ပိုင်းတစုံတရာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည် ဆိုတဲ့အတိုင်း အဲဒီ ဥပဒေ အရ ပေးတာဖြစ်ပါတယ်။

NLD အစိုးရလက်ထက် ၃ နှစ်ကျော်ကာလအတွင်းလွတ်ငြိမ်းသက်သာခွင့် ၆ ကြိမ်ပေးခဲ့ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ကတော့ တကြိမ်မှ မပေးသေးပါဘူး။သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ လွတ်ငြိမ်းသာခွင့် နဲ့လွတ်ငြိမ်းချမ်းသာခွင့် ၂ ခုစလုံးပေးခဲ့ပါတယ်။

Image caption မူးယစ်ဆေးဝါးအမှုနဲ့ ထောင်နှစ်ရှည်ကျနေတဲ့ မင်းသား မိုးအောင်ရင် လည်းလွတ်လာပါတယ်။

အဓိက ဘာတွေ ကွာလဲ

လွတ်ငြိမ်းသက်သာခွင့် နဲ့လွတ်ငြိမ်းချမ်းသာခွင့် နှစ်ခု ဟာ ဆင်တူသလို့ရှိသော်လည်း အကျိုးသက်ရောက်မူ့ပုံစံကတော့ ကွဲပြားပါတယ်။

"လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာတော့ ထောင်သားတွေအားလုံးခံစားခွင့်ရှိတယ် ဥပမာ ထောင်သား တွေကို ပြစ်ဒဏ် ၅ နှစ်လျော့တာတို့၁၀ နှစ်လျော့တာတို့သတ်မှတ်ချက်ရှိတယ် " လို့ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီ ဥက္ကဌ အငြိမ်းစားတရားလွှတ်တော်ကြီး ဦးတင်ထွေးကပြောပါတယ်။

လွတ်ငြိမ်းသက်သာခွင့်မှာတော့ နိုင်ငံတော်သမ္မတအနေနဲ့ကျင့်ထုံးဥပဒေ ၄၀၁ နဲ့အညီ ဆောင်ရွက်တာဖြစ် ပါတယ်။နိုင်ငံတော်သမ္မတအနေနဲ့အကျဉ်းကျနေသူကို ခြွင်းချက်ထားပြီးဖြစ်စေ ခြွင်းချက်မထားပဲဖြစ်စေ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးနိုင်ပါတယ်

"သမ္မတကနေ လွတ်သင့်တဲ့လူတွေကိုလွှတ်ပေးတာပေါ့၊ လျော့ပေါ့လွတ်ငြိမ်းသက်သာခွင့်လို့လဲခေါ်တယ် ၊သတ်မှတ်ချက်တွေနဲ့လွှတ်ပေးတာပေါ့ သဘောကတော့ ၃ နှစ်တွေလွှတ်မယ် ဘယ်အမူ့တွေမပါစေရ ဘယ်အမူ့တွေဦးစားပေးထည့် ဒါမျိုးပေါ့ အဲဒါ ၄၀၁ ပဲ " အကျဉ်းဦးစီးဌါနမှာ ဒုတိယညွန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးညီမင်းညိုက လွတ်ငြိမ်းသက်သာခွင့်နဲ့ပတ်သက်လို့ရှင်းပြပါတယ်။

အခုလို ဆန္ဒပြ တောင်းဆို ခွင့် ရှိလား

ထောင်ကျသူတွေဟာ သူတို့ကို လွှတ်ပေးပါ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါလို့ ဥပဒေအရ တောင်းဆိုခွင့် မရှိပါဘူး။

ဒါပေမဲ့ အငြိမ်းစားထောင်မှူးကြီး ဟောင်းလည်းဖြစ်၊ ဥပဒေ အကြံပေးလည်းဖြစ်တဲ့ ဦးခင်မောင်မြင့်ကတော့ လွတ်ငြိမ်းသက်သာကို နိုင်ငံတော် သမ္မတက ခွင့်ပြုလိုက်တဲ့ အချိန်မှာတော့ သူတို့မှာ တန်းတူ အခွင့်ရေးရဖို့ တောင်းဆိုခွင့်ရှိတယ်လို့ ပြောပါတယ်။

အမှန်က အခုအကျဉ်းသားတွေ လွှတ်တယ်ဆိုတာ လွတ်ငြိမ်းသက်သာခွင့်ပါ။ အားလုံးပါတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးတွေက ကိုယ်ပါတာ၊ မပါတာ ရှိကြတာပဲ။ ဘယ်လို မူနဲ့ လွှတ်တယ် ဘယ်သူတွေဆုံးဖြတ်တယ် ဘာကြောင့် သူတို့ လွှတ်တယ် ဆိုတာကို အကျဉ်းသားတွေ သေချာ သိရရင် ဒါတွေမဖြစ်နိုင်ဘူးလို့ လည်း ဦးခင်မောင်မြင့် ကပြောပါတယ်။နိုင်ငံတဝန်းက အကျဉ်းထောင် ၆ ခုက ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေဟာ သမ္မတ လွတ်ငြိမ်းသက်သာခွင့်က တန်းတူညီမျှမှု မရှိဘူးဆိုပြီး မီဒီယာ၊ လူ့အခွင့်အရေးကော်မရှင်၊အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

" သမ္မတကနေ လွတ်သင့်တဲ့လူတွေကိုလွှတ်ပေးတာပေါ့ လျော့ပေါ့လွတ်ငြိမ်းသက်သာခွင့်လို့လဲခေါ်တယ် သတ်မှတ်ချက်တွေနဲ့လွှတ်ပေးတာပေါ့ သဘောကတော့ ၃ နှစ်တွေလွှတ်မယ် ဘယ်အမူ့တွေမပါစေရ ဘယ်အမူ့တွေဦးစားပေးထည့် ဒါမျိုးပေါ့ အဲဒါ ၄၀၁ ပဲ " အကျဉ်းဦးစီးဌါနမှာ ဒုတိယညွန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးညီမင်းညိုက လွတ်ငြိမ်းသက်သာခွင့်နဲ့ပတ်သက်လို့ရှင်းပြတာပါ။

ဘယ်လို သက်ရောက် သလဲ

၂၀၁၉ ခုနှစ်အတွင်း သမ္မတဦးဝင်းမြင့်က အကျဉ်းသူအကျဉ်းသား ၂ သောင်းကျော်ကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်။လွတ်ငြိမ်းသက်သာခွင့်အများစုရတဲ့သူတွေကတော့မူးယစ်ပုဒ်မနဲ့ကျခံနေသူများဖြစ်သလို့နိုင်ငံ ရေးအကျဉ်းသား ၂၀ ကျော်နဲ့ရိုက်တာ သတင်းထောက်နှစ်ဦးပါဝင်ခဲ့ပါတယ်။မူးယစ်ဆေးဝါးမူ့နဲ့ကျခံနေရသူ များထဲကမှာ လက်ဝယ်တွေ့ရှိမူ မူးယစ်ပုဒ်မ ၁၆ နဲ့ပြစ်ဒဏ်ကျခံနေရသူအများစုက သမ္မတရဲ့လွတ်ငြိမ်းသက်သာရ ခဲ့ပါတယ်။ဒါပေမဲ့လည်း မူးယစ်ပုဒ်မ ၁၅-၁၆ နဲ့ကျခံနေသူများကတော့ မလွတ်တာကိုလည်းတွေ့ရပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့NLD ပါတီဝင်အချို့ကိုလဲ လွတ်ငြိမ်းသက်သာဖြင့်လွှတ်ပေးခဲ့ပါတယ်။အဲဒီလိုလွှတ်ပေးတဲ့အခါမှာလည်း ခြွင်းချက်ထားပြီးလွတ်ပေးခဲ့တာပါ ။ပယ်ဖျက်လိုက်တာမဟုတ်ပဲ ကျန်ရှိနေတဲ့ပြစ်ဒဏ်တွေကို အကြွေးထားပြီးလွှတ်ပေးလိုက်တာ ပါ။

" လွတ်ငြိမ်းသက်သာပေးလိုက်တာ အကြွေး ၃၅ နှစ်ကျန်တယ် မူအရဆို လက်မှတ်ထိုးရတယ် ကျွန်တော်တို့ကိုတော့ မထိုးခိုင်းဘူး သမ္မတဦးဝင်းမြင့်လက်ထက်ကမှ အကြွေးကိုပယ်ဖျက်ပေးလိုက်တာ " လို့၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ကိုဂျင်မီက ပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါ သတ်မှတ်ချက်အတိုင်း အကျဉ်းသားအားလုံးခံစားရပေမဲ့ လည်း လွတ်ငြိမ်းသက်သာခွင့်ကတော့ အကျဉ်းသား အားလုံးအကုန်မခံစားရပဲ လွတ်ငြိမ်းသက်သာခွင့်စာရင်းမှ ပါသူများသာခံစားခွင့်ရတာဖြစ်တယ်လို့ ဒီနှစ်ခုရဲ့ အကျဉ်းသား တွေ အ ပေါ်အကျိုး သက်ရောက်မူ့ကို ဦးညီမင်းညိုကရှင်းပြပါတယ်။

ဆက်စပ် အကြောင်းအရာများ