မြန်မာ တစ်နိုင်ငံလုံးကျောင်းတွေ မတ်လကုန် အထိတက်ရမယ်

ဓာတ်ပုံ မူပိုင် Peter Charlesworth
Image caption ဧပြီလ ၁ ရက် နေ့ အထိက်ကျောင်းတက် ရတာ့မှာဖြစ်ပါတယ် ။

လာမဲ့စာသင်နှစ်ကစလို့ မြန်မာတစ်နိုင်လုံး ကကျောင်းတွေ မတ် လ၃၁ ရက်နေ့အထိ ကျောင်းတက် ရ မှာဖြစ်တယ် လို့ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့စာသင်နှစ်တွေအထိ လေးတန်း၊ရှစ်တန်းနဲ့ဆယ်တန်းစာမေးပွဲတွေရှိတာကြောင့် ကျန်အတန်းတွေကို ဖေဖော်ဝါရီလမှာ ကျောင်းပိတ်ခဲ့တာပါ။

မတ်လဟာ မြန်မာနိုင်ငံမှာ အပူ ချိန်မြင့်တဲ့ကာလ ဖြစ်လို့ ဘီဘီစီ ကမေးကြည့်တဲ့ ကျောင်းသားမိ ဘ အတော် များများကတော့ ဒီလို ပြောင်းတာ ကို သ ဘောမ ကျ ကြပါဘူး။

အခုသတ်မှတ်ချက် ဟာကိုယ်ပိုင် ကျောင်းမှတ်ပုံတင် နဲ့ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ပုဂ္ဂလိဂ ကျောင်းတွေပါ လိုက် နာရမှာ ဖြစ်တယ် လို့ လည်း ဦးကိုလေးဝင်းက ဘီဘီစီ ကို ပြောပါ တယ် ။

ဘယ်တော့ စမှာလဲ

လာမဲ့ ကျောင်းဖွင့်ရာသီက စမှာပါ ။ ၂၀၁၉- ၂၀၂၀ပညာသင်နှစ်အတွက် အခြေခံပညာအတန်းတွေရဲ့ ပညာသင်ကာလက လာမယ့်ဇွန်လ၁ရက်ကနေ ၂၀၂၀ခုနှစ် မတ်လ(၃၁)ရက်အထိ သတ်မှတ်မှာ ဖြစ်တယ်လို့လည်း ဦးကိုလေးဝင်းက ပြောပါတယ်။အခြေခံပညာအတန်းတွေရဲ့ပညာသင်ကာလပြောင်းမှာဖြစ်တာကြောင့်ပုံမှန်စစ်ဆေးတဲ့စာမေးပွဲအချိန်တွေလဲ ပြောင်းဖို့စီစဉ်နေတယ်လို့သိရပါတယ်။

ပထမအကြိမ်စစ်ဆေးတာကို ဇူလိုင်(သို့မဟုတ်)သြဂုတ်မှာ တစ်ကြိမ်၊အောက်တိုဘာလမှာ ပထမနှစ်ဝက်စစ်ဆေးတာ တစ်ကြိမ်၊ဒီဇင်ဘာမှာ အခန်းဆုံးစစ်ဆေးတာ တစ်ကြိမ်နဲ့ နှစ်ဆုံးစစ်ဆေးတာကို မတ်လ နောက်ဆုံးပတ်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စာသင်နှစ်က ဇူလိုင်နဲ့ ဒီဇင်ဘာမှာ အခန်းဆုံး စစ်ဆေးတာ(၂)ကြိမ်၊ အောက်တိုဘာလမှာ ပထမနှစ်ဝက်စစ်ဆေးတာတစ်ကြိမ်နဲ့ ဖေဖော်ဝါရီလမှာ နှစ်ဆုံးစစ်ဆေးတဲ့ စာမေးပွဲတွေကျင်းပခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Wolfgang Kaehler
Image caption ကျောင်းသားတွေ ကတော့ မနှစ် ကအထိ ဖေဖဝါ ရီ လကုန် အထိ ပဲတက် ကြရ ပါတယ်

ဘယ်အတန်းတွေပါလဲ

အခြေခံပညာ အတန်းတွေ အားလုံးပါပါတယ် ၊လေးတန်း ရှစ်တန်း ဆယ်တန်း ကတော့ အရင် စာမေးပွဲ အချိန်တွေ အတိုင်း အပြောင်းလဲ မရှိပါဘူး။

ကျန်တဲ့အတန်းငယ်လေးတွေ ကတော့ သူတို့ စာမေးပွဲတွေ ပါမတ်လ ၃၁ ရက်နေ့မှာအပြီး လုပ် ရမှာဖြစ်တယ်လို့ လည်း အချိန်တွေ ပြောင်းပြီးစာမေးပွဲတွေစစ် ရဖို့ အစီစဉ်တွေ ဆွဲရပါတယ် လို့လည်းဦးကိုလေးဝင်းက ပြောပါတယ်။

မတ်လ၃၁ရက်အထိ ကျောင်းတက်ဖို့ ဆောင်ရွက်တာဟာ စာသင်ချိန်ပြောင်းလဲတာမဟုတ်ဘဲ မူလသတ်မှတ်ထားတဲ့ကာလအတိုင်း အပြည့်အဝကျောင်းတက်ဖို့ စီစဉ်တာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ကရှင်းပြပါတယ်။

ဓာတ်ပုံ မူပိုင် Ye Pyae
Image caption ဧပြီ ၁ ရက် နေ့ အထိ ေကျာင်းတက် ရေတာ့မှာ ဖြစ်ပါတယ်

ဘယ်လိုသက်ရောက်မူတွေရှိနိုင်လဲ

ဆရာ ဆရာမတွေ ဟာ နဂိုကတည်းကမတ်လ ၃၁ ရက် နေ့ အထိ ကျောင်းတက်ကြရ ပေမဲ့ ကျောင်းသားတွေ ကတော့ မနှစ် ကအထိ ဖေဖဝါ ရီ လကုန် အထိပဲတက် ကြရ ပါတယ် ။

ကျောင်းသားမိဘတွေထောက် ပြတာကတော့ ကျောင်းတက် ချိန် ကျောင်း အသွားအပြန် မှာကြုံရမဲ့ ရာသီဥတု ဒဏ် ဖြစ်ပါတယ် ။

မြန်မာနိုင်ငံတဝန်း ဆယ်စုနှစ်တွေအတွင်း အပူချိန်စံချိန်တင်မြင့်တက်နေပြီး ချောက်၊ ဂန့်ဂေါ၊ ကျောက်ဆည်၊ ဟဲဟိုး၊ ဖလမ်းစတဲ့ မြို့တွေမှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း စံချိန်တင်ပူပြင်းခဲ့တယ်လို့ မိုးလေသဝနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

'မနက် ၁၀ နာရီကနေစပြီးတော့ ည ၁၂ နာရီအထိ အပူရှိန်ကို သိသိသာသာခံစားရတယ်၊ ပူလွန်းအားကြီးလွန်းလို့ အေးတဲ့နေရာရှာ၊ အေးတဲ့နေအိမ်တွေမှာ သွားနေရတယ်' လို့ မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ နေထိုင်သူ မဦးက ပြောပါတယ်။

မိုးဇလရဲ့ တိုင်းတာချက်တွေထဲမှာတော့ ဂန့်ဂေါမှာ ၄၇ ဒီဂရီစင်တီဂရိတ်နဲ့ နှစ်ပေါင်း ၅၅ နှစ်အတွင်း အပူဆုံးဖြစ်ခဲ့ပြီ၊ ချောက်မှာဆိုရင် ၄၇ ဒီဂရီနဲ့ နှစ်ပေါင်း ၂၂ အတွင်း အပူဆုံးဖြစ်ခဲ့ပါတယ်။

ကျောင်းတက် ချိန်ကတော့ ရာသီ ဥတု ပေါ်မူတည် ပြီး ပြောင်းလို့ရနိုင်ပါတယ် ကျွန်တော်တို့ က ပုံသေ သတ်မှတ် မထားပါ ဘူးလို့ ဦးကိုလေးဝင်း ကပြောပါတယ် ။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption မတ်လ မှာ ရာသီ ဥတု အခြေနေ ကြောင့် ကျောင်းတက် ချိန်တွေပြောင်းလဲနိုင်ပါတယ်

ဘာတွေပြောင်းလဲသွားမလဲ

တစ်နိုင်ငံလုံးမှာ အခြေခံပညာကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အခု ပြောင်းလဲသတ်မှတ်ချက် အတိုင်းဆိုရင် နွေရာသီကျောင်းပိတ်ရက် ဟာ အရင် ၃ လ ကနေ နှစ် လလောက် ဖြစ် သွားပါမယ် ။

ပုဂ္ဂလိဂ ကျောင်းတွေပါ လိုက် နာရမှာ ဖြစ် လို့ လည်းသက်ရောက် မူကပိုကြီးပါတယ်။ လာမဲ့နှစ်မတ်လ မှာ ရာသီ ဥတု အခြေနေ ကြောင့် ကျောင်းတက် ချိန်တွေပြောင်းလဲနိုင်ပါတယ် ။

စာသင်ချိန် ပိုရရင် ကျောင်းမှာ ကျောင်းသားတွေအချိန် ပိုရှိ ရင် သူတို့ အတွက် ပို အကျိုးရှိနိုင် လို့ အခုလို စာသင်ချိန် ကာလ ကို ပြောင်းပြီး သတ်မှတ်ရတာဖြစ်တယ် လို့လည်း အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘီဘီစီ ကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ