မန္တလေးကျုံးဘေးက ဓားသမားတွေက ဘယ်သူတွေလဲ

ဓာတ်ပုံ မူပိုင် Pwint phyu ko ko
Image caption မေလ ၁၈ ရက် နေ့ ညကဓားလွယ်ပြီး ဆိုင်ကယ်စီးလာသူ တစ်ဦး ကိုရဲတပ် ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။

မန္တလေးမှာ မေလ ၁၈ ရက် နေ့ မနက် ပိုင်းက ဓားကိုင်ပြီးလမ်းသွားလမ်းလာတွေ ခုတ်နေသူ တစ်ဦး ကိုရဲတပ် ဖွဲ့ကသေနတ်နဲ့အသေပစ်ခတ်ဖမ်းဆီးလိုက် သလို အဲဒီနေ့ ညမှာပဲဓားကိုလွယ်ကာဆိုင်ကယ်စီးလာသူတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

မန္တလေးခရိုင်အတွင်းမှာ မေလ၅ရက်ကစပြီး စီမံချက်နဲ့ မှုခင်းကျဆင်းရေး လုပ်ခဲ့တာကြောင့် တပတ်အတွင်း တရားခံ ၂၂၅ ဦး ကို အရေးယူနိုင်ခဲ့တယ်လို့ မန္တလေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မန္တလေးရဲတပ်ဖွဲ့ထုတ်ပြန်တဲ့သတင်းတွေအရ မေလ ၁၁ ရက်နေ့ညတစ်ညတည်းမှာကို အုပ်စုဖွဲ့ရမ်းကားတဲ့ဓားသမား ၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့မန္တလေးမြို့ခံ သတင်းထောက်တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ ခံစာရေးဆရာလည်းဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်ကတော့ ဓားကိုင် ရမ်းကားမူတွေဟာ မူယစ်းဆေးနဲ့ပက်သက်မူတွေရှိနိုင် တယ်လို့ သုံးသပ်ပါတယ် ။

မန္တလေးကျုံး အရှေ့ခြမ်းက သေနတ်နဲ့ ပစ်ဖမ်းရတဲ့ဓားသမား

ဓာတ်ပုံ မူပိုင် MDY POLICE
Image caption မေလ၉ ရက် နေ့ ညဘက် ရဲကသေနတ်ဖောက်ဖမ်းရတဲ့ ဓားကိုင်ရမ်းကားသူများ၊

မန္တလေးကျုံး အရှေ့ခြမ်းက သေနတ်နဲ့ ပစ်ဖမ်းရတဲ့ဓားသမား ဟာ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။သူဟာ မနက် ၄ နာရီလောက် မှာ (၆၆×၁၄)လမ်းထောင့်မှာ ဓားကိုင် ရမ်းကားနေတာပါ။

မန္တလေးရဲတပ်ဖွဲ့ထုတ်ပြန်တဲ့ သတင်းအရ သူဟာ ဓားနဲ့ ပြန်လည်ရန်ပြုတာကြောင့်သေနတ်နဲ့ပစ် ဖမ်းရတာလို့ သိရပါတယ်၊ သူအိတ်ထဲကလားရှိုး-မန္တလေး ရထားလက်မှတ်တစ်စောင်တွေ့တယ် လို့ ရဲကပြောပါတယ်၊ သူဘယ် ကလဲ ဆိုတာ ကို တော့မန္တလေးရဲတပ်ဖွဲ့ကအတည် မပြုသေးပါ ဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းသမ္မတ လွတ်ငြိမ်း သက်သာနဲ့ လွှတ်ပေးလိုက်တဲ့ အထဲမှာ မူယစ်းဆေးအမူ တွေပါတာကြောင့် ဒီလူတွေ များပါနေ သလားဆိုတဲ့ ဝေဖန် မူတွေ ရှိပါတယ်၊မန္တလေးရဲတပ်ဖွဲ့ ကို ဆက် သွယ်မေးမြန်းပေမဲ့ ဒါနဲ့ပက် သက်လို့ အတည် ပြုပြောဆိုတာမျိုး မရှိပါဘူး။

"ဆေးကြောင်တဲ့ သူတို့ နောက်တစ်ခါ ဆေးလိုလို့ လိုက်ပြီးလုတာ တွေလည်းဖြစ်နိုင်တယ်၊အခုရက်ပိုင်း ရဲက မူးယစ်ဆေးရောင်းတဲ့ နေရာတွေ ဖိဖိ စီးစီး ရှာနေတယ် ရှင်းနေတယ် ဒီတော့ အရင်လို မူးယစ်ဆေးက လွယ်လွယ် ကူကူပေါပေါ များများမရ တဲ့ ပြသာနာ ရှိတော့ ဒါတွေနဲ့ လည်းဆက် စပ်နိုင်တယ်လို့ "မန္တလေးမြို့ ခံစာရေးဆရာ ဦးကျော်ရင် မြင့်ကပြောပါတယ် ။

ရဲတပ်ဖွဲ့က ဓားသမား ကို အခု လို သေနတ်နဲ့ အသေပစ်ခတ် ဖမ်းဆီးတာကို ဝေဖန်မူ အချို့ရှိပေမဲ့ မန္တလေးမြို့ခံတွေက တော့ရဲတပ်ဖွဲ့ ကို ထောက် ခံကြတယ် လို့ လည်း မန္တလေးမြို့ခံ တွေကပြောပါတယ် ။

မန္တလေးက မူးယစ်ဆေးဝါးသုံးတာတွေ ဘာကြောင့်များ

ဓာတ်ပုံ မူပိုင် Mdy Police
Image caption မေလ ၁၁ ရက်နေ့ညတစ်ညတည်းမှာ ကိုမန္တလေးမှာ အုပ်စုဖွဲ့ရမ်းကားတဲ့ဓားသမား ၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

" တကယ်တမ်းတော့ မန္တလေးက မူးယစ်ဆေးဝါး ထုတ်နေတာ မဟုတ်ဘူး၊ မန္တလေးကို ဘယ်လမ်းကြောင်းက ဝင်ပြီးတော့ ဘယ်လမ်းကြောင်းက ထွက်နေတယ် ဆိုတာ သိနေတော့ အဓိက က ဝင်လာတဲ့ လမ်းကြောင်းမှာကိုက စနစ်တကျ ပိုက်စိပ်တိုက် စစ်ဆေးရင် ဒီထက်တော့ အများကြီး လျော့သွားမှာပေါ့ " မန္တလေး မြို့ လုံခြုံရေး စီမံခန့်ခွဲ့ရေးနဲ့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုးက ဘီဘီစီကို ပြောပါတယ်။

မန္တလေးမှာ လက်ရှိ အခြေအနေအရ အရင်နှစ်တွေကထက် မှုခင်းဖြစ်ပွားနှုန်း လျှော့နည်း ကျဆင်းနေပြီး မူးယစ်ဆေးဝါး သုံးစွဲပြီး ကျူးလွန်တဲ့ အမှုတွေက ပိုမိုများပြားတာကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ လမ်းကြောင်းတွေကို ပိတ်ပင် နေတယ် လို့လည်း သူကပြောက ပါတယ် ။

"အရင်တုံးကဆို မန္တလေး အနောက်မြောက် ဘက် ဧရာဝတီမြစ်ဘေး ရေလည်ခေါင်မှာ ဖောင်ဖွဲ့ ပြီးမူးယစ် ဆေး သုံးတဲ့နေရာတွေရှိတယ် ပွဲေတာကြီးလိုပဲ၊အခုတော့ ရဲကရှင်းလိုက်ပြီ ဆေးတွေလည် ရှားတော့ ဈေးကြီးလာပုံရတယ် ဒါကြောင့်လုတာ ယက်တာတွေဖြစ်လာတာ ဖြစ်နိုင်တယ် လို့လည်း" မန္တလေးမြို့ ခံစာရေးဆရာ ဦးကျော်ရင် မြင့်ကပြောပါတယ် ။

ဓားသမားတွေဘယ်နေရာတွေကထွက်လာကြ တာလဲ

ဒီရက်ပိုင်း မေလ၁၈ ရက် နေ့ ဓားသမားတွေ ထွက်လာတာ ကတော့ ကျုံးအရှေ့ဘက်ခြမ်းက ဖြစ်တယ် လို့ မန္တလေးမြို့တွေဆီကနေ သိရပါတယ် ။

ပြီးခဲ့ တဲ့ ဧပြီလ၂၉ ရက်ညပိုင်းကတော့ ၇၃ လမ်းမှာ ကားတစ်စီးနဲ့ ဆိုင်ကယ်စီးနေသူတွေကို ဓားဖြင့်လိုက်ခုတ်တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ် ၊

မေလ ၄ ရက် ညပိုင်းအချိန် ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြား၊ ဆိုင်ကယ်စီးနေတဲ့ လူသုံးဦးကို ည ၉ နာရီလောက်မှာ ဆိုင်ကယ်သုံးစီး၊ လူရှစ်ဦးပါ အုပ်စုတွေ က ရဲတင်းနဲ့ခုတ်ပီးထိုးကြိတ်မှုတွေလည်း ဖြစ်ပေါ် ခဲ့ပါတယ်။

ဒီ အဖြစ်ပျက်တွေ စမတ်စီးတီးလို့သတ်မှတ်ခံရတဲ့ မန္တလေးမှာအရုပ်ဆိုးအကျည်းတန်စေတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ် ၊

ဒါကြောင့် ညဘက် အပြင်ထွက် ရင် ဆိုင်ကယ် လုတာတွေ ဖုန်းလုပြေးတာတွေ ရှိသေးတာကြောင့် မြို့ခံတွေ အနေနဲ့ သတိထား နေရတယ်လို့ မန္တလေးမြို ခံ တစ်ဦးကပြောပါတယ်။

ဒီလို သတင်းတွေထွက် ပေမဲ့ မန္တလေးမြိုမှာ မူခင်းဖြစ်စဉ်တွေ ဟာ အခြားမြို့တွေ ထက် ပိုပြီး ထူးခြားပြီးများလာတာ မဟုတ်ဘူးလို့လည်း ဦးကျော်ရင် မြင့်ကပြောပါတယ်။

"မန္တလေး ကကျီးလန့်စာစား အနေထားတော့ မဟုတ်ပါ ဘူး နေ ရိုးနေစဉ် သွားရိုးသွားစဉ် ပါပဲ လို့ "ဦးကျော်ရင် မြင့်ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Mdy Police
Image caption ပညာပေးလက်ကမ်းစာစောင် ဝေနေတဲ့ ရဲတပ်ဖွဲ့

ဘာတွေ ဆက် ဖြစ်နိုင်လဲ

လက်ရှိအချိန်မှာတော့ မန္တလေး ကို အသစ်ပြောင်း လာတဲ့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဓားသမားတွေကို ဖော်ထုတ် ဖမ်းဆီးနေတာဖြစ်ပါတယ် ။

ဓားသမားတွေကို အခုလို အများပြားဖမ်းဆီးမိတာ ဟာပို အလုပ် လုပ်လို့ဖြစ်တယ် ပိုဆိုးလာလို့ မဟုတ်ပါ ဘူးလို့လည်း ဦးကျော်ရင် မြင့်ကပြောပါတယ်။

အစိုးရက လည်းမူးယစ်ဆေးရောင်းဝယ်တာတွေနဲ့ ဆက်စပ်တဲ့ ကျုးကိစ္စ တွေကို လည်းနေ့စဉ် ရှင်းနေတော့ မူးယစ်ဆေး စွဲနေ သူတွေ ဟာ ပိုပြီး ကယောင်ကတန်းဖြစ် လာပုံရ တယ် လို့လည်း သူကပြောပါတယ်။

ရဲတပ်ဖွဲ့က အခုလို ဖမ်းဆီးမူတွေဟာ အသက် စွန့်ပြီး ဖမ်းရတာဖြစ်လို့ဆက်အရေးယူရ မဲ့ တရားရေးအပိုင်းအပါဝင် ကျန် တဲ့ သူတွေက ပူးပေါင်းပါဝင် ဖို့လိုတယ် လို့လည်း မန္တလေးမြို ခံတွေ က ပြောကြပါတယ် ။

ရဲတပ်ဖွဲ့က အခုလို ကြိုးစားပမ်းစား ဖမ်းဆီးမူတွေ ဟာ နောက် ပိုင်းမှာ အာမခံတွေပေးပြီးပြန် လွှတ်ပေး ထောင် ထဲရောက် လည်းခဏနေ ပြန် လွတ် လာတယ် ဆိုရင်တော့ ရဲတပ်ဖွဲ့ကလည်းကြိုးစားရကျိုးမနပ် သလို အခြေနေ ကလည်းပိုဆိုးလာနိုင်တယ် လို့ လည်း ဦးကျော်ရင် မြင့်ကပြောပါတယ်။

"ရဲက ဖမ်းပေးတာကို ကျန်တဲ့ တရားရေးအပါဝင် သက်ဆိုင်ရာက အရေးယူနိင်ရင် တက်ညီလက်ညီကြိုးစားပြီးလုပ်ရင် ဒီလိုဆိုးသွမ်းတဲ့ လူဆိုတာ သိပ်များများ မရှိနိုင်ပါ ဘူး လျော့ပါး သွားမှာပါ "လို့ မန္တလေးမြို့ ခံစာရေးဆရာလည်းဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်ကပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ