မွန်မှာ အွန်လိုင်း ငွေစုတဲ့ကိစ္စ အရှုပ်အရှင်းဖြစ်၊ ရဲတပ်ဖွဲ့ဝင် တစ်ရာခန့် လုံခြုံ့ရေး ယူထား

ရဲတပ်ဖွဲဝင်တွေ လမိုင်းမြို့မှာ အင်အားတိုးပြီးချထားပါတယ်။ ဓာတ်ပုံ မူပိုင် CJ
Image caption ရဲတပ်ဖွဲဝင်တွေ လမိုင်းမြို့မှာ အင်အားတိုးပြီးချထားပါတယ်။

ရေးမြို့ နဲ့မိုင် ၂၀ လောက် ဝေးတဲ့ မွန်ပြည်နယ် လမိုင်းမြို့မှာ အွန်လိုင်းက ငွေစုတဲ့ကိစ္စ အရှုပ်အရှင်းဖြစ်ပြီး မနေ့က အိမ်တချို့ ဖျက်ဆီးခံရသလို ဒီနေ့လည်းလူစုလူဝေးဖြစ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ရာ လောက်က လုံခြုံ့ရေး ယူထားရတယ်လို့ လမိုင်းမြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ် ။

လမိုင်းမြို့မှာ မေလ ၂၂ ရက်နေ့မှာ ငွေပြန်မရတဲ့သူတွေက စုငွေဒိုင်ကိုင်တဲ့ အိမ်နဲ့ ဆွေနီးမျိုးစပ်တော်သူတွေ အိမ် ၄ လုံးလောက်ကို ဝင်ရောက် ဖျက်ဆီးကြပြီး လုယက်တာတွေလည်းရှိခဲ့ပါတယ်။

ဒီနေ့တော့ ရဲတပ်ဖွဲဝင်တွေ လမိုင်းမြို့မှာ အင်အားတိုးပြီးချထားပါတယ်။

အွန်လိုင်းက ငွေစုတဲ့ကိစ္စ မှာ လမိုင်းမြို့က အမျိုးသမီးနှစ်ဦးပါဝင် ပတ်သက်နေပြီး နှစ်ယောက်ပေါင်း ပြန်ပေးဖို့ရှိတဲ့စုငွေဟာ သိန်းတစ်သိန်းကျော်မယ်လို့လည်း လမိုင်းမြိုခံ ကိုခြပ်ခြေးက ဘီဘီစီ ကို ပြောပါတယ်။

"ဒီနေ့လည်း လူစုလူဝေးတွေ ရှိနေတုန်းပဲ ကျွန်မတို့တော့ ကြောက်လို့ အိမ်ထဲကအိမ် အပြင် မထွက်ရဲဘူး"လို့လမိုင်းမြို့ခံ ဒေါ်ရွှေဝါက ဘီဘီစီ ကိုပြောပါတယ် ။

မေလ၂၁ရက် နေ့ထဲက ငွေမပေးနိုင်တော့ရာကနေ ဒီပြဿနာတွေ စနေတာပါ ။

အနည်းဆုံးအိမ် ၄လုံးလောက် ဖျက်ဆီးခံရသလို ကားတွေလည်း ဖျက်ဆီးခံရတယ်လို့လည်းရွာခံတွေက အတည်ပြုပါတယ်။

ဓာတ်ပုံ မူပိုင် Tin Myo Aung FB
Image caption စုငွေ ဆုံးသူတွေထဲမှာ လမိုင်းမြို့က ပါသလို အနီးတစ်ဝိုက်က ကျေးရွာတွေကလည်းပါ ပါတယ်။

သူတို့ ငွေစုတာ က တစ်သိန်းစုရင် သုံးရက် ကြာရင် တစ်သိန်းခွဲ ရပါတယ်၊ တစ်ဦးထဲ ကို ကျပ် သိန်းတစ်ထောင်လောက် စုတဲ့ သူလည်းရှိပါတယ်။

ရက် ကြာရင် ငွေပို ရပါတယ်။ အခု စုငွေ စုတာကို လမိုင်းက အမျိုးသမီးနှစ် ဦး က စုငွေ ကိုင် ကြပါတယ။စုငွေ ဆုံးသူတွေထဲမှာ အနီးတစ်ဝိုက်ကကျေးရွာတွေကလည်းပါသလို မြန်မာနိုင်ငံ အထက်ပိုင်းက လူတွေလည်း ပါတယ်လို့ လည်း လမိုင်းမြို့ ခံ တစ်ဦးကပြောပါတယ် ။

မနေ့ညကလည်း ရေးမြို့က ရဲတပ်ဖွဲ့ဝင် တွေ အင်အား၃၀ လောက် ကလည်း လူအုပ်ကြီး ရန်ကနေ စုငွေကိုင်တဲ့ အမျိုးသမီး နဲ့ သူ့ယောက်ျား ကို ကာကွယ်ပေးခဲ့ရပါတယ်။

လူအုပ်က တိုက်ခိုက်မှုကြောင့် စုငွေကိုင်တဲ့ အမျိုးသမီး နဲ့ သူ့အမျိုးသားတို့ ဒဏ်ရာတွေ ရရှိထားပါတယ်။

သူတို့ ကို ရဲစခန်းမှာ ခေါ်ထားတယ် လို့ လည်း လမိုင်းဒေသခံက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် cj
Image caption ပြည်နယ်အစိုးရ လုံခြုံ ရေးတပ်ဖွဲဝင်တွေ ကထိန်းသိမ်းပေမဲ့လမိုင်း ဒေသခံတွေ ကတော့ စိုးရိမ်နေကြပါတယ်

ဒီနေ့မှာ တော့ စုငွေကိုင်တဲ့ အခြားအမျိုးသမီးတစ်ဦးက ငွေတွေပြန်ထုတ်ပေးနေသလို ရဲတပ်ဖွဲ့ ကလည်း လုံခြုံရေး အင်အားထပ် တိုးထားတာကြောင့်အခြေနေတွေကတော့ တည်ငြိမ်နေပေမဲ့လည်း ဒေသခံတွေ ကတော့ ထိတ်လန့်နေကြပါတယ် ။

အွန်လိုင်းကနေ အခုလို စုငွေငွေကြေးလိမ်လည်မှုတွေဟာ ရန်ကုန်မြို့မှာလည်း ပြဿနာတွေ ရှိခဲ့ပါတယ်။

အလိမ်ခံရသူတွေဟာ လောဘကြောင့် အလိမ်ခံရတာ လို့ပြောပေမဲ့ သူတို့ ဟာ အကူညီမဲ့ ပြီး ရှိသမျှ ငွေကြေးအကုန်နီးပါး ဆုံးကြပါတယ်။ ဒီလို ဖြစ်စဉ်တွေအပေါ်မှာ အစိုးရဘက်က ကြိုတင်ဖော်ထုတ်တားဆီးတာ အားနည်းတယ်လို့လည်းဒေသခံတွေ ကပြောပါတယ်

ဒေါသထွက်နေတဲ့ ဒေသခံ ပြည်သူတွေရဲ့ အခြေနေကို ထိန်းသိမ်းဖို့ ဒေသခံ ရပ်မိရပ်ဖ တွေ သက်ဆိုင်ရာ ပြည်နယ်အစိုးရ လုံခြုံ ရေးတပ်ဖွဲဝင်တွေက ထိန်းသိမ်းပေမဲ့ လမိုင်း ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ