မန္တလေး ကျုံး အနောက်ဘက် နဲ့ မြို့သစ်ဘက်မှာ ဓားသမားတွေ ထပ်ဖမ်းမိ

ဓာတ်ပုံ မူပိုင် Mdy police
Image caption မနက်လင်းအားကြီးမှာ အသွား ၂ပေ နီးပါး ဓါးရှည်(၁)ချောင်းနှင့်အတူ ဓါးကိုင်တာတွေ့လို့ရဲ ကဖမ်းတာပါ။

မန္တလေး မှာ ဓားသမားတွေ ထပ်ဖမ်းမိတယ်လို့ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မေ လ ၂၄ ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။

ကျုံးအနောက်ဘက်ကတစ်ဦးကို မေ ၂၄ရက်နေ့မနက် ၃ နာရီခန့်က မိတာဖြစ်ပြီး မြို့သစ်ဘက်ကတစ်ဦးကိုတော့ မေ ၂၃ ရက် ညမှာ ဖမ်းမိတာပါ။

မေ ၂၄ရက်နေ့ မနက်၃ နာရီ လောက်ကဓါးကိုင်ထားတဲ့ အသက် ၂၈ နှစ် အရွယ် အမျိုး သားတစ်ဦးကို ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ဓားကိုင်ဆောင် ရမ်းကားနေကြောင်း သတင်းအရ သွားရောက် ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

အရိုးအသွား ၂ပေ နီးပါး ဓားရှည်(၁)ချောင်းနှင့်အတူ ဓားကိုင်ဆောင်ရမ်းကားနေတာကိုတွေ့လို့ မျိုးမင်းဦး (၂၁)နှစ်ကိုဖမ်းဆီး လိုက်တာလို့လည်းရဲကပြောပါတယ် ။

အလားတူ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၄၆ လမ်း ဘီယာဆိုင်အနီး လမ်းမပေါ်မှာ ၊ လူတစ်ဦး ဓား မြောင်တစ်ချောင်းကိုင်ဆောင် သွားလာနေကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်ခဲ့ရာ မှာ အောင်မျိုး(၂၈)နှစ် အရိုးအသွား (၁၂)လက်မခွဲခန့်ရှိ ကြေးအရိုးတပ် ဓား မြောင်(၁)ချောင်းအား ကိုင်ဆောင်သွားလာနေတာကို တွေ့ရလို့ လက်နက်ဥပဒေပုဒ်မ-၁၉(င)အရအသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိ တယ်လို့ လည်းရဲကပြောပါတယ် ။

ဓာတ်ပုံ မူပိုင် AFP
Image caption မန္တလေး၊၄၆ လမ်း ဘီယာဆိုင်အနီး လမ်းမပေါ်မှာ ၊ လူတစ်ဦး ဓါးမြောင်တစ်ချောင်း နဲ့ မိတာပါ

မန္တလေးမှာ မေလ ၁၈ ရက် နေ့ မနက် ပိုင်းက ဓားကိုင်ပြီးလမ်းသွားလမ်းလာတွေ ခုတ်နေသူ တစ်ဦး ကိုရဲတပ် ဖွဲ့ကသေနတ်နဲ့အသေပစ်ခတ်ဖမ်းဆီးလိုက် သလို အဲဒီနေ့ ညမှာပဲဓားကိုလွယ်ကာဆိုင်ကယ်စီးလာသူတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

မန္တလေးခရိုင်အတွင်းမှာ မေလ၅ရက်ကစပြီး စီမံချက်နဲ့ မှုခင်းကျဆင်းရေး လုပ်ခဲ့တာကြောင့် တပတ်အတွင်း တရားခံ ၂၂၅ ဦး ကို အရေးယူနိုင်ခဲ့တယ်လို့ မန္တလေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မန္တလေးရဲတပ်ဖွဲ့ထုတ်ပြန်တဲ့သတင်းတွေအရ မေလ ၁၁ ရက်နေ့ညတစ်ညတည်းမှာကို အုပ်စုဖွဲ့ရမ်းကားတဲ့ဓားသမား ၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့မန္တလေးမြို့ခံ သတင်းထောက်တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ ခံစာရေးဆရာလည်းဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်ကတော့ ဓားကိုင် ရမ်းကားမူတွေဟာ မူယစ်းဆေးနဲ့ပက်သက်မူတွေရှိနိုင် တယ်လို့ သုံးသပ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ