သီရိလင်္ကာ နိုင်ငံသား ဖမ်းဆီး ခဲ့မှု ကို ရှင်းလင်းရာမှာ သံသယူ ရှိသူက ပြန်ထွက်သွားပြီ လို့ အစိုးရပြော

သမ္မတ ရုံး ပြောရေး ဆိုခွင့် ရှိသူ ဉီးဇော်ဌေး ဓာတ်ပုံ မူပိုင် Getty Images
Image caption မေလ၂၃ ရက်နေ့ က ဖမ်းမိတဲ့ နိုင်ငံခြားသားဟာ သံသယ ပုဂ္ဂိုလ်အစစ်နဲ့ အတူလေယာဉ် စီးလာသူ လို့ သမ္မတ ရုံး တာဝန်ရှိသူပြော

မြန်မာနိုင်ငံကို ဝင်ရောက် လာခဲ့တယ်လို့ သတင်းရတဲ့ သီရိလင်္ကာ ဗုံးခွဲမှု အကြမ်းဖက် သံသယ ပုဂ္ဂိုလ်အစစ်က ပြန်ထွက် သွားပြီ လို့ သမ္မတရုံး ညွှန်ကြားရေးမူးချုပ် ဦးဇော်ဌေး က မေလ ၂၄ ရက်နေ့ ဒီကနေ့မှာ နေပြည်တော် က သတင်းထောက်တွေကို ပြောကြား လိုက်ပါတယ် ။

မေလ၂၃ ရက်နေ့ က ဖမ်းမိတဲ့ နိုင်ငံခြားသားဟာ သံသယ ပုဂ္ဂိုလ်အစစ်နဲ့ အတူလေယာဉ် စီးလာသူ၊ ဗီဇာအတူတူ ယူသူ၊ အတူတူရောက် လာသူ ဖြစ်ပြီး ရဲစခန်းကို ကိုယ် တိုင်လာရောက် ရှင်းပြ သူဖြစ်ကြောင်း နဲ့ သူ့ထွက်ဆိုချက်တွေကို ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေစိစစ် နေကြောင်း လည်း ဦးဇော်ဌေးကပြောပါတယ်။

သီရိလင်္ကာနိုင်ငံ မှာ အီစတာ နေ့ က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဗုံးခွဲမှုနဲ့ပတ်သက်ပြီး ဆက်စပ် သံသယ ဖြစ်ဖွယ် နိုင်ငံခြားသားတစ်ဦး မေလ၂၃ ရက်ညနေပိုင်းက ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်အတွင်း ဖမ်းမိ ခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ က ပြောထားပါတယ်။

Image caption ဖမ်းဆီး ခံရသူရဲ့နိုင်ငံကူး လက်မှတ်

သီရိလင်္ကာက အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်နေတဲ့ အဗ္ဗဒူလ် ဆလမ် အာရှတ် မာမွတ်ဆိုသူဟာ မြန်မာနိုင်ငံထဲ ရှိနေတဲ့ အတွက်၊ တည်းခိုဆောင်တွေ၊ ဟိုတယ်တွေ သတိထားကြပါ ၊ တွေ့ရင် သတင်းပို့ကြပါ ဆိုပြီး ဟိုတယ် ခရီးဝန်ကြီးဌာန က သတိပေးစာထုတ် ညွှန်ကြား ထားခဲ့တဲ့နောက် အခုလို ဖမ်းမိခဲ့တာ ဖြစ်ပြီး သမ္မတရုံး ညွှန်ကြားရေးမူးချုပ် ဦးဇော်ဌေးကနောက်ဆက်တွဲ အခြေနေကို နေပြည်တော် မှာ သတင်းထောက်တွေ ကို ရှင်းပြခဲ့တာပါ။

အဲဒီသူဟာ မြန်မာနိုင်ငံထဲ နေထိုင်ခွင့် ဗီဇာ ကျော်လွန် နေထိုင်နေတာ တစ်နှစ် ကျော်နေပြီလို့ မေလ ၂၃ ရက်နေ့ ကထုတ်တဲ့ အစိုးရ သတိပေးစာထဲ ဖော်ပြထားပါတယ်။

သီရိလင်္ကာ အသေခံ ဗုံးခွဲမှုတွေဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်လို့ မြန်မာနိုင်ငံထဲ ရောက်နေတယ် ဆိုတဲ့သူနဲ့ ဘယ်လို ဆက်စပ်နေလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဲဒီနိုင်ငံခြားသားဟာ ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီလအတွင်း ရန်ကုန်လေဆိပ်ကနေ ဝင်ရောက်ခဲ့တာဖြစ်ပြီး သူဟာကျောက်မျက် ရတနာ အရောင်းဝယ် လုပ် သူလို့ ထွက်ဆိုထားတယ် လို့လည်း ဦးဇော်ဌေး ကပြောပါတယ်။

အခုလာရောက် အဖမ်းခံသူကို ရန်ကုန်ကျောက်လော က လူ အတော် များများနဲ့ အသိအကျွမ်းဖြစ်ပြီး ငွေကြေးအလိမ်ခံရတာကြောင့် သီရိလင်္ကာ မပြန်နိုင်တာဖြစ်တယ်လို့လည်း ရန်ကုန်ကျောက်မျက် အသိုင်းဝိုင်း ကပြောပါတယ်။