နိုင်ငံတော်အတိုင်ပင်ခံ ချက်နိုင်ငံကို သွားမယ် အပါအဝင် မေလ ၂၆ ရက်နေ့ သတင်းများ

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ရွာလွတ် (ဘီလူးကျွန်း) ရောက်နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော် အတိုင်ပင်ခံ ချက်သမ္မတနိုင်ငံသွားမယ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ အစောပိုင်းမှာ ချက်သမ္မတနိုင်ငံကို သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဥရောပ နိုင်ငံတွေကို ကာလ အတန်ကြာ မသွားရောက်ရာကနေ အခုနှစ်မှာ ပြန်လည်သွားရောက်မှာဖြစ်ပါတယ်။

အခု နိုင်ငံတော် အတိုင်ပင်ခံသွားရောက်မယ့် ချက်နိုင်ငံ ခရီးစဉ်ဟာ ချက်သမ္မတနိုင်ငံရဲ့ ဝန်ကြီးချုပ်က ဖိတ်ကြားခြင်း ခံရတာဖြစ်ပြီး ခရီးစဉ်နဲ့ ပတ်သက်လို့ စီစဉ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ဟာ လေးရက်တာ ကြာမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ်မှာ ချက်သမ္မတနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သူရဦးရွှေမန်းပြောတဲ့ UBP ပါတီ၊ ပြည်ခိုင်ဖြိုး နဲ့ ဒေါ်အောင်ဆန်းစုကြည်

ကာကွယ်ရေးဝန်ကြီးဌာနကနေ အရပ်ဖက်ကို ပြောင်းရွှေ့သူ ၈၀ ကျော်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် တတိယ တစ်နှစ်တာ ကာလအတွင်း ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက် ဝန်ကြီးဌာနကို ပြောင်းလဲလာတဲ့ အရာထမ်း ဦးရေ ၂၂ ဦးရှိပြီး အရပ်ဖက် ဝန်ကြီးဌာနတွေကနေ ကာကွယ်ရေး ဝန်ကြီးဌာနဆီကို ပြန်တမ်းဝင် အရာရှိတောင်းခံလို့ ပြောင်းလာရသူ အရာထမ်း ၆၀ ဦးရှိတယ်လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက ပြောပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက်ဝန်ကြီးဌာနကို ပြောင်းရွှေ့မယ့် အရာထမ်းတွေအတွက် အချက် ၃ ချက် သတ်မှတ်ထားပါတယ်။

အရင်အစိုးရတွေ လက်ထက်မှာလည်း ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်တဲ့ အရာထမ်းတွေရှိခဲ့ပါတယ်။ လက်ရှိဝန်ကြီးဌာနတွေမှာလည်း ညွှန်ကြားရေးမှူးကနေ ညွှန်ကြားရေးမှူးချုပ် ရာထူးအထိ တာဝန်ထမ်းဆောင်နေသူ အများစုမှာ တပ်မတော်က အရာရှိဟောင်းတွေဖြစ်ပါတယ်။

Image caption စပါးခြွေလှေ့နေသူ တောင်သူတစ်ဦး

နွေစပါးဝယ်သူ မရှိလို့ တောင်သူတွေအခက်တွေ့

နွေစပါးကို အဓိက စိုက်ပျိုးတဲ့ ဧရာဝတီ ၊ ပဲခူး၊ ရန်ကုန်နဲ့ နေပြည်တော်ဒေသတွေမှာ နွေစပါးတွေ လှိုင်လှိုင် ထွက်ပေါ်နေတဲ့အတွက် စပါးပေါ်တဲ့အချိန်မှာ ဝယ်မယ့်သူမရှိပဲ ဈေးကျနေတာကြောင့် တောင်သူတွေ အခက်တွေ့နေရတယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။

မနှစ်က အခုလို နွေစပါးပေါ်ချိန်မှာ စပါးတင်းတစ်ရာကို ကျပ် ၆ သိန်းခွဲ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ပေမဲ့ ဒီနှစ်မှာတော့ စပါးဈေးဟာ ကျပ် ၅ သိန်းအောက်ရောက်နေတယ်လို့ နေပြည်တော်က တောင်သူတွေက ဆိုပါတယ်။

အစိုးရအနေနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး ဧည့်မထ အုပ်စုဝင် စပါးတင်းတစ်ရာကို ကြမ်းခင်းဈေး ၅ သိန်းသတ်မှတ် ပေးထားကာ ကျပ် ၅ သိန်းအောက်ရှိပါက ဝယ်ယူပေးမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေနဲ့ ငွေစပါးပေါ်ချိန်မှာ သတ်မှတ်ဈေးနဲ့ ဝယ်ယူပေးခဲ့ပေမဲ့လည်း သိုလှောင်ရုံ အခက်အခဲ အခြောက်ခံစက် အခက်အခဲနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းနေတယ်လို့ မကြာသေးခင်က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ