လူ၄ဦး သေဆုံးတဲ့ ဒီလအတွင်း ၃ ကြိမ်မြောက် ပေါက်ကွဲတဲ့ ကလေး ကလေးဝနယ်က ကျောက်မီးသွေးမိုင်းပေါက်ကွဲမှု

ကလေး၀ မြို့နယ် ပလူဇဝ ရွာအနီး ကျေက်မီးသွေးလုပ်ငန်းခွင် ဓာတ်ပုံ မူပိုင် Nyi Nge
Image caption ကလေး၀ မြို့နယ် ပလူဇဝ ရွာအနီး ကျေက်မီးသွေးတွင်းလုပ်ငန်းခွင်

မေလ၂၈ ရက်နေ့ည၁၀နာရီလောက်က ကလေးမြို့နယ် အရှေ့ဖက်၁၅ မိုင် ခန့်အကွာ ကြက်ဖနက်ချောင်းဖျားက ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှုမှာ လူလေးဦး သေဆုံးပြီး လူလေးဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါဟာ မေလအတွင်း သုံး ကြိမ်မြောက် ပေါက်ကွဲမှု ဖြစ်ပြီးကလေး၊ တမူး နဲ့ မော်လိုက်နယ်ကျေးရွာတွေက မိုင်းလုပ်သား ၄ ဦးသေဆုံး ခဲ့တယ်လို့ အထက်ချင်းတွင်း လူငယ်များ ကွန်ရက်က ကိုကျော်သက်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အခုလ အတွင်း ကလေး - ကလေးဝ နယ်ထဲမှာ ကျောက်မီးသွေးတွင်း၃ ခု ပေါက်ကွဲခဲ့ ပြီး ၊ ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးဝ မြို့နယ် သစ်ချောက် တစ်ဖက်ကမ်းက ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုမှာ တရုတ်နိုင်ငံသားတစ်ဦးသေဆုံးခဲ့သလို ပလူဇဝ ကျေးရွာနားက အခြားမိုင်းပေါက် ကွဲမှုမှာ မိုင်းလုပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။

အခုလိုမျိုး ကလေး- ကလေးဝ နယ်ထဲက ကျောက်မီးသွေးမိုင်းတွင်းပေါက်ကွဲမှုတွေ ပြိုကျမှုတွေ ဖြစ်ရတာဟာ ကျောက်မီးသွေးတွင်း တူးဖော်မှုတွေမှာ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရဘက် က သတ်မှတ်ချက်နဲ့ညီမညီ စစ်ဆေးမှုတွေ အားနည်းတာကြောင့်ဖြစ်တယ်လို့လည်း အထက်ချင်းတွင်း လူငယ်များကွန်ရက်က ကိုကျော်သက်ဝင်းကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Nyi nge
Image caption ကျေက်မီးသွေးတွင်းတွေကို မြေအောက် အနက် ပေ၅၀၀ ဝန်းကျင် အထိ တူးကြပါတယ်

ကျောက်မီးသွေးမိုင်းတွင်းတွေကဘယ်နားမှာလဲ

ကြက်ဖနက်ချောင်းနားက ကျောက်မီးသွေးမိုင်းတွင်းဟာ ကလေး မြို့နယ်ထဲမှာရှိပါတယ်။ ကလေးမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့် အကွာမှာရှိပြီးတော့ ကလေး၀ မော်လိုက်လမ်း ပလူဇဝရွာဘက်က ဝင်ရပါတယ်။

အရင်ကတော့ ကလေးဝမြို့အနီး သစ်ချောက်မြို့တစ်ဝိုက်မှာ အစိုးရက ကျောက်မီးသွေး ရှာဖွေတာတွေလုပ်ခဲ့ပေမဲ့ ၊ အခုတော့ဒီလုပ်ကွက်တွေကို့ အစိုးရနဲ့နီးစပ်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေက လုပ်ပိုင်ခွင့်တွေ ရထားတာပါ။

အဲဒီလုပ်ပိုင်ခွင့်ရတဲ့သူတွေ ဆီကနေ တစ်ဆင့် ကန်ထရိုက် ပြန်ဆွဲပြီး ကျောက်မီးသွေးတူးဖော်နေကြတာဖြစ်ပြီးတော့ သတ်မှတ်စည်းမျဉ်း စည်းကမ်း ဥပဒေများအတိုင်း လိုက်နာခြင်းမရှိဘဲ တူးနေကြတာဖြစ်တယ်လို့ လည်း ကလေးမြိုက အရပ်က်လူ့အဖွဲ့ စည်းတွေ ကပြောပါတယ် ။

" အဲဒီမိုင်းတွင်းတွေ ရှိတဲ့နေရာက တောထဲမှာ ရှိပြီး ရွာတွေနဲ့လည်း အလှမ်းဝေးတယ်။ အဲဒီမှာ ဖုန်းလိုင်း လည်းမမိဘူး၊ ဆက်သွယ်လို့ မရဘူး။ လမ်းကလည်း တအားကြမ်းတော့ သစ်ချောက် ကနေ သွားမယ် ဆိုရင်တောင် အသွားကိုတောင် အနည်းဆုံး တနာရီခွဲလောက် ကြာတယ်။ " လို့ သစ်ချောက် ဒေသခံ ကိုကံကောင်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Nyi Nge
Image caption မြစ်သာမြစ်တစ်ဖက်ကမ်းသစ်ချောက်အနီးကျောက်အုံကျောက်မီးသွေးမိုင်းလုပ်ငန်းခွင် မှ ကားတစ်စီး

ဒီနှစ်ထဲမှာ ပေါက်ကွဲမှုတွေ ပိုအဖြစ်များလာ သလား

ပြီးခဲ့တဲ့ နှစ်ကလည်း စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက် ကျောက်မီးသွေးတွင်း ဒေသ၊ ထွန်းသွင် ကျောက်မီးသွေးတွင်းမှာ သြဂုတ်လ ၂ ရက် ည ၉ နာရီဝန်းကျင်က မိုင်းလုပ်သား၅ ဦး အောက်ဆီဂျင်ပြတ်လို့ ပြန်မထွက်မလာနိုင်ဘဲ ပိတ်မိရာကနေ သေဆုံးခဲ့ပါတယ်။

"မနှစ်ကနဲ့ ယှဉ်ရင် ဒီနှစ်ထဲမှာ ပေါက် ကွဲမှုတွေ ပိုအဖြစ်များလာတယ်။ ဒီလထဲ ၃ ခါ ရှိပြီ"လို့ ကလေးဝ မြို့ခံတစ်ဦးကပြောပါတယ်။

"မေလ ၂၇ ရက်နေ့ ညပေါက်ကွဲမှုဖြစ်စဉ် ကို သက်ဆိုင်ရာ က သွားစစ်ကြပါတယ် အခုလည်းပဲ မိုင်းတွင်းကို စစ်ဆေးတာတွေ လုပ်နေပါတယ်၊ ဒဏ်ရာရတဲ့သူတွေကတော့ ပေါက်ကွဲမှုဆိုတော့ ပြင်းတယ်၊ ကလေးဝ ဆေးရုံမှာ သူတို့ ကိုတင်ထားပါတယ် "လို့ ကိုကျော်သက်ဝင်းက ပြောပါတယ် ။

သေဆုံးတဲ့ မိုင်းလုပ်သားတွေနဲ့ ဒဏ်ရာ ရသူတွေဟာ ကလေး၊ တမူး၊ မော်လိုက်နယ် က အသက်၂၀ အရွယ် ခန့် လူငယ်တွေဖြစ်တယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Nyi Ngwe
Image caption ကျောက်မီးသွေးမိုင်းတွင်းပေါက် ကွဲမူတွေတောက်လျောက် ဖြစ်နေတာ ကို အရပ်ဘက် လူ့အဖွဲစည်းက အစိုးရ ကို တင်ပြဖို့လည်းစီစဉ်နေကြတယ် လို့ သိရပါတယ်။

ဘာကြောင့်ဖြစ်တာလဲ

မနှစ် က ကလေးဝမှာ ကျောက်မီးသွေးတွင်း အောက်ဆီဂျင်ပြတ်ခဲ့သလို ဒီနှစ်ပေါက်ကွဲမူတွေဖြစ်ရတာ ဟာကျောက်မီးသွေးတွင်း စနစ်တကျစီမံထားရှိမှု အားနည်းတာ ကိုဖော်ပြနေပါတယ်။

ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မိုင်းတွင်းကို သတ္တုတွင်း ဝန်ကြီးဌာနက စစ်ဆေးနေသလို ကလေးမြို့ စီမံခန့်ခွဲမှု ကော်မတီကလည်း စစ်ဆေးနေပါတယ်။

ကလေးခရိုင်မှာ အခုလို ကျောက်မီးသွေးမိုင်းတွင်းပေါက်ကွဲမှုတွေ တောက်လျောက် ဖြစ်နေတာ ကို အရပ်ဘက် လူ့အဖွဲစည်းက တိုင်းဒေသ ကြီးအစိုးရ ကို တင်ပြဖို့လည်းစီစဉ်နေကြတယ်လို့ သိရပါတယ်။

အခုလို မိုင်းတွင်းပေါက်ကွဲမှုဖြစ်စဉ်တွေဟာ ကျောက်မီးသွေးတွင်း စနစ်မကျမှုကြောင့်ရယ် ၊လူကိုအန္တရာယ်ဖြစ်စေတဲ့ မီသိန်းဓာတ်ငွေ့များပြားမှုကို မထိန်းချုပ်နိုင်တာတွေကြောင့်ရယ် ပေါက်ကွဲမှုတွေဖြစ်ရတာလို့ စစ်ကိုင်းတိုင်းအတွင်း EITI စောင့်ကြည့်ရေးအဖွဲ့ တွေက ပြောပါတယ် ။

ပြီးခဲ့တဲ့ ၂ နှစ် အတွင်း မကွေးတိုင်းမှာတော့ ကျောက်မီးသွေးတွင်း ပေါက်ကွဲ ပြိုကျ မူတွေကြောင့် စုစုပေါင်း သေဆုံးသူ ၁၆ ဦး ထိ ရှိခဲ့ပါတယ်။

ဘယ်လိုစစ်ဆေးကြမလဲ

အခုပေါက်ကွဲမှု ဖြစ်တဲ့နေရာဟာ ကျေးရွာတွေနဲ့ ဝေးသလို မြို့နဲ့လည်း မိုင်၃၀ လောက် ဝေးပါတယ်။ အခုပေါက်ကွဲမှု ဖြစ်တဲ့ ကုမ္ပဏီ ဟာ ကလေးဝမြို့နယ်ထဲကလုပ်ကွက်မှာရော ကလေးမြို့နယ်ထဲက လုပ်ကွက်မှာပါ ပေါက် ကွဲခဲ့ပါတယ်။ ရွှေသူငယ်ချင်းဆိုတဲ့ ကုမ္ပဏီ ဟာလည်း ပြီးခဲ့တဲ့ရက်က ကျင်းပြို မူတွေရှိခဲ့ပါတယ် ။

"ဖြစ်တဲ့နေရာမှာ ထိခိုက်သေဆုံးတဲ့ အရေအတွက်ကို အတိအကျ ထုတ်ပြန်ပေးဖို့ကိုလည်း အစိုးရကို တောင်းဆိုနေပါတယ်" လို့ ကိုကျော်သက်ဝင်းကပြောပါတယ် ။

ထိခိုက်သေဆုံးမူ ကို သတင်းထုတ်ပြန်တာ အပါဝင် မိုင်းတွင်းတွေနဲ့ ပက်သက်လို့ပြည်ထောင်စု အစိုးရဘက်ကရော တိုင်းဒေသကြီးအစိုးရဘက် ကပါ ဘယ်လို စိစစ်မှုတွေ လုပ်နေတယ်၊ ဘယ်လို အရေးယူတယ် ဆိုတာကို ထုတ်ပြန်မှု အားနည်းတယ် လို့လည်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ပြောပါတယ်။

"ဥပဒေနဲ့လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတဲ့ အတွက် အခုလို မကြာခဏဖြစ်နေတာပါ။ ဒါတွေကို စနစ် တကျ စစ်ဆေးဖော်ထုတ်ပြီး အရေးယူသင့်ပါတယ်" လို့လည်း အထက်ချင်းတွင်း လူငယ်များကွန်ရက်က ကိုကျော်သက်ဝင်းက ပြောပါတယ် ။