အမြန်လမ်းရဲကင်းက ရဲတပ်သား အသတ်ခံရမှု သံသယရှိသူကို ရဲကဖမ်း

ရဲကင်းမှာရဲတပ်သားတစ်ဦးဟာ ဘယ်ဘက်လည်ပင်းမှာ လေးလက်မကျော် ခန့် ပြတ်ရှဒဏ်ရာနဲ့ အသတ်ခံ ရတာပါ။ ဓာတ်ပုံ မူပိုင် kyaw thu win
Image caption ရဲကင်းမှာ ရဲတပ်သားတစ်ဦးဟာ ဘယ်ဘက်လည်ပင်းမှာ လေးလက်မကျော် ပြတ်ရှဒဏ်ရာနဲ့ အသတ်ခံ ရတာပါ။

ရန်ကုန်- မန္တလေး အမြန်လမ်း ၁၅၂ မိုင် ရဲကင်းမှာ ရဲတပ်သား အသတ်ခံရမှု သံသယရှိသူ နှစ်ဦး အနက်က တစ်ဦးကို ဒီနေ့နေ့လယ် ပိုင်း တောင်ငူအဝင် နားက မိုင်တိုင် ၁၄၇ ရဲ့ အနောက်ဘက် နှစ်မိုင်ခန့် အကွာမှာ ဖမ်းမိတယ်လို့ ရဲကပြောပါတယ်။

အခြားသံသယ တရားခံကိုလည်း ဖမ်းဆီးရမိရေး စစ်ဆေးဖော်ထုတ်လျက်ရှိပြီး သက်သေခံဓားနဲ့ အဝတ်အစားတွေကို ဖော်ထုတ် သိမ်းဆည်းရမိထားတယ်လို့ ရဲကပြောပါတယ်။

ရန်ကုန် - မန္တလေး အမြန်လမ်း တောင်ငူအကျော် ၁၅၂ မိုင်က ရဲကင်းမှာ ရဲတပ်သားတစ်ဦးဟာ ဘယ်ဘက်လည်ပင်းမှာ လေးလက်မကျော်ခန့် ပြတ်ရှဒဏ်ရာနဲ့ အသတ်ခံခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။

အသတ်ခံရတဲ့ ရဲတပ်သားဟာ အသက်၂၇ နှစ်အရွယ်ဖြစ်ပြီး သတ်ဖြတ်သွားသူဟာ သူရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကိုလုယူသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် kyaw thu wwin
Image caption လည်လှီး အသတ်ခံရ သလို သူ့ဆိုင်ကယ်နဲ့ တယ်လီဖုန်း ပျောက်ဆုံးခဲ့ပါတယ်။

မေ ၂၉ နံနက် ၆နာရီခွဲခန့်က အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဇီးပင်သာစခန်း နယ်မြေ မိုင်တိုင်(၁၅၄/ဝ) ရွာသစ် ရဲကင်းမှ ရဲတပ်သား အောင်စိုးဝေဟာ မိုင်တိုင် (၁၅၂/၃)အနီးမှာ လည်ပင်းဓားဒဏ်ရာတွေနဲ့သေဆုံး နေခဲ့တာဖြစ်ပါတယ်။

အမြန်လမ်း ရဲကင်းမှာ ရဲတပ်သား အသတ်ခံရမှုကြောင့် ရန်ကုန် - မန္တလေး အမြန်လမ်း အသုံးပြု ဖြတ်သန်းသွားလာ နေသူတွေ တုန်လှုပ် သွားကြပါတယ် ။

အမြန်လမ်းမှာ ယာဉ်တိုက်မှုတွေ ကြောင့် လူအသေပျောက်ရှိပေမဲ့ အမြန်လမ်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ လုယက်မှုကြောင့် အသတ်ခံရတာကတော့ ပထမဆုံးဖြစ်တယ်လို့ တောင်ငူမြို့ခံ သတင်းထောက် တစ်ဦး ကပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ