နယ်က ကျောင်းသားတွေကို စက်ဘီးအသစ် လက်ဆောင်ပေးမယ့်သူ

ဒီလ ကုန်ရငိ သူ့စီမံကိန်းစပါမယ်။ ဓာတ်ပုံ မူပိုင် Than Tun Win
Image caption ဒီလ ကုန်ရင် သူ့စီမံကိန်းစပါမယ်။

မြန်မာနိုင်ငံ ကျေးလက်ဒေသ ကားလမ်းဘေးတွေမှာ စီတန်းပြီး ကျောင်းကို လမ်းလျှောက်သွားနေကြတဲ့ကျောင်းသားလေးတွေကို မြင်ပြီး သူဒီစိတ်ကူးရခဲ့တာလို့ပြောပါတယ်။

အဲဒီနောက် တစ်နှစ်လောက် အကြာမှာ ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ အခွင့်အရေးကိုသူ တွေ့ခဲ့ပါတယ်။

လက်တွေ့အကောင်အထည်ဖော်ဖို့ စင်ကာပူနဲ့ တရုတ်ကို ခရီးတွေထွက်ခဲ့ပြီးနောက် သူ့အကူညီပေးရေးစီမံကိန်းဟာ တစထက်တစ ရုပ်လုံးပေါ်လာခဲ့ပါပြီ။

ဇွန်လ၅ရက်မှာတော့ တစ်ရက်ကို တစ်မိုင်ခွဲလောက် လမ်းလျှောက်နေရတဲ့ ကျောင်းသားလေးတွေကို လှူမယ့် စက်ဘီးအသစ် ၅၀၀၀ စင်ကာပူကနေ ရန်ကုန်ကို ရောက်လာပြီ ဖြစ်ပါတယ်။

နေပူရေရှားတဲ့ ချောက်မှာ အခမဲ့ ရေချိုးစခန်းဖွင့် ကုသိုလ်ယူသူ

ပြည်သူ့ဂုဏ်ရည်ဆုရသူ မသန်စွမ်းဆရာမ

ဓာတ်ပုံ မူပိုင် Ye Pyae Zar Ni
Image caption အလှူရှင်က နယ်ဘက်ကို ဦးစားပေးပြီးလှူဖို့ရှိနေပါတယ်။

အလှူရှင်ကတော့ ကိုမိုက်သန်းထွန်းဝင်းပါ၊ အသက် ၃၃ နှစ် အရွယ် မန္တလေးဇာတိ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါတယ် ။စင်ကာပူမှာ ငယ်စဉ်ကတည်းကရောက်ပြီးကျောင်းတက် ပညာသင်ခဲ့သူဖြစ်ပါတယ်။

ရန်ကုန်မှာသူက အိုင်တီနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်နေသူလို့ သူက ပြောပါတယ်။

"ကျွန်တော် နယ်တွေဘက် ခရီးထွက်ရင် ကလေးတွေ ကားလမ်းဘေးမှာ စီတန်းပြီး လမ်းလျှောက်ပြီး ကျောင်းသွားနေတာ အမြဲတမ်းတွေ့တယ်။ ရန်ကုန်မှာလို ကျောင်းကား မရှိကြဘူး။အရမ်းလည်း စိတ်မကောင်း ဖြစ်တယ်။ သူတို့ လမ်းလျှောက်တဲ့ အချိန်ကို လျှော့ပေးနိုင်ရင် စာကို ပိုအာရုံစိုက်နိုင်မလား ဆိုတာတွေးမိတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး လုပ်ဖြစ်တာပါ "လို့ သူကပြောပါတယ် ။

စင်ကာပူမှာ မအောင်မြင်ခဲ့တဲ့ bike-sharing ကုမ္ပဏီတွေဖြစ်တဲ့ ofo နဲ့ oBike တို့ဆီက စက်ဘီးစီးရေ ၁၀,၀၀၀ ကို မြန်မာနိုင်ငံတွင်းက ချို့တဲ့နွမ်းပါးတဲ့ ကျောင်းသားကလေးငယ်တွေကို လက်ဆောင်အဖြစ် ပေးအပ်သွားဖို့ သူက စီစဉ်နေတာဖြစ်ပါတယ် ။

"အသစ်နီးပါးကောင်းတဲ့ စက်ဘီးတွေရခဲ့တယ်။ အဲဒါနဲ့ ဈေးလည်းသင့်တာနဲ့ ကောက်ဝယ်လိုက်တာပါ" လို့ ကိုမိုက်သန်းထွန်းဝင်းက ပြောပါတယ် ။

ဓာတ်ပုံ မူပိုင် Than Htun Win
Image caption စက်ဘီးအားလုံး အကုန်ရောက်ရင်တော့ တိုင်းဒေသကြီး အစိုးရ ပညာရေးဝန်ကြီးဌာန တွေနဲ့ပေါင်းပြီး ဘယ်လိုပေးမယ် ဆိုတာ စီစဉ်မယ် လို့ပြောပါတယ်။

သူဖွဲ့ထားတဲ့ မြန်မာနိုင်ငံက non-profit အကျိုးအမြတ်မယူ အဖွဲ့ Lesswalk က ပြီးခဲ့တဲ့ ဧပြီလက အဲဒီစက်ဘီးတွေကို ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်သူတွေကို ပေးမှာလဲ ဆိုတာနဲ့ ပတ်သက်လို့ သူရှင်းပြတာကတော့ "နယ်ဘက်ကို ဦးစားပေးပြီးလှူဖို့ ရှိပါတယ်။ တကယ် ဆင်းရတဲ့ မိသားစုတွေက ဖြစ်ရမယ်။ အိမ်ကနေကျောင်းကို ၂ ကီလိုမီတာ အထက် လမ်းလျှောက်သွားနေသူ ဖြစ်ရမယ်။ ၁၃ နှစ် နဲ့ ၁၆ နှစ် ကြား၊ ၇ တန်းကနေ ၁၀ တန်းကြား ကျောင်းသားဖြစ်ရမယ် ဆိုတာမျိုးစဉ်းစားထားပါတယ်" လို့လည်း သူကရှင်းပြပါတယ်။

နောက် တစ်ပတ်ထဲ စက်ဘီးအားလုံး အကုန်ရောက်ရင်တော့ တိုင်းဒေသကြီးအစိုးရတွေရယ် ပညာရေးဝန်ကြီးဌာနတို့နဲ့ ပေါင်းပြီး ဘယ်လိုပေးမယ်ဆိုတာ စီစဉ်မယ်လို့ သူကပြောပါတယ်။

သူဝယ်ထားတဲ့ စက်ဘီးတွေကို ကျောင်းသားတွေကို ဇွန်လကုန်ပိုင်းက စတင်ပေးသွားတော့မှာ ဖြစ်ပါတယ်။

လောလောဆယ် စက်ဘီးတွေက ကျုအာ ကုတ် နဲ့ စကန်ဖတ်ပြီး စီးရတဲ့ စက်ဘီးတွေဖြစ်လို့ ရန်ကုန်ရောက်ရင် ရိုးရိုးသော့တွေ ပြန်လဲရဦးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Than Htun Win
Image caption အစီး ရေ ၅၀၀၀ ရန်ကုန် ရောက်ပါပြီ

ရန်ကုန်အရောက် သော့လဲအပြီးဆိုရင်တော့ စက်ဘီးတစ်စီး ကို ဒေါ်လာ ၅၀ လောက်တော့ ကျတယ်။ ရောင်းတန်းဈေးက ဒေါ်လာ ၁၅၀ လောက် ရှိတော့ အများကြီးသက်သာတယ်လို့ သူကပြောပါတယ်။

Ofo နဲ့ obike တို့ စင်ကာပူနဲ့ မလေးရှားတို့မှာ တပ်ခေါက်ခဲ့ရပြီးနောက်ပိုင်း အသုံးမပြုရသေးဘဲ ရှိနေတဲ့ စက်ဘီးတွေကို လက်ဝယ်ထိန်းသိမ်းရင်း ကျန်နေရစ်ခဲ့တဲ့ warehouse operators တွေလို third-parties တွေဆီကနေ ဒီစက်ဘီးတွေကို ပြန်ဝယ်ခဲ့တာဖြစ်ပါတယ်။

Lesswalk တည်ထောင်သူ ကိုမိုက်သန်းထွန်းဝင်းကတော့ ဒီ စက်ဘီးတွေကို ကျေးလက်ဒေသ ရွာတွေဆီ ပေးပို့ဖြန့်ဝေပေးဖို့ ရည်ရွယ်နေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိမ် ကနေကျောင်းကို ၂ ကီလိုမီတာ (တစ်မိုင်ခွဲနီးပါး) အထက် လမ်းလျှောက်သွားနေ သူ ၁၃ နှစ် နဲ့ ၁၆ နှစ် ကြား၊ ၇ တန်းကနေ ၁၀ တန်းကြားကျောင်းသား ကျောင်းသူတွေ လျှောက်နိုင်ပါတယ်

မြန်မာတစ်နိုင်လုံး အခုလိုမျိုးလိုအပ်ချက် ရှိသူတွေကတော့ သိန်းဂဏန်း အထိ လည်းရှိနိုင်ပါတယ်။

ကျောင်းသားကျောင်းသူ အယောက် တစ်သောင်းကို ကျောင်းတက်ဖို့ စက်ဘီးပေးတာ ဟာ ထိရောက်ပါ့မလား ဆိုတဲ့ ဝေဖန်မှုလည်းရှိပါတယ်။

ဒါ့အပြင် အခုလို အသစ် တွေတင် မဟုတ်ပါဘူး။ ရန်ကုန် စက်ဘီးဈေးကွက် မှာ အဲဒီပုံစံ အဟောင်းကိုတောင် ပေါက်ဈေး ကျပ် ၇ သောင်းလောက်ရှိပါတယ်။

တကယ်လိုအပ်တဲ့ သူဆီမရောက်ဘဲ ကြားဖြတ်ရောင်းသူတွေဆီ ရောက်သွားတာလည်း ဖြစ်လာနိုင်ပါတယ်။

ဥပမာ ကလေးမိဘက ပြန်ရောင်းစားတာတို့ ကလေးတကယ် သုံးခွင့်မရမှာ တို့လည်းရှိလာနိုင်ပါတယ်။

" ဒီအစီစဉ် က ရာနှုန်းပြည့် အလကားပေးတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ရာနှုန်းပြည့် အားလုံးတော့ ထိရောက်မယ် မျှော်လင့်မထားပါဘူး၊ အတင်း စည်းကမ်းကြီးကြပ်လွန်းရင်လည်း တကယ်လိုအပ်တဲ့ သူတွေ မရမှာ စိုးတယ်၊ နောက်ထပ်လည်းလုပ်ဦးမှာပါ" လို့လည်းကိုမိုက်သန်းထွန်းဝင်းကပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ