ရန်ကုန်လျှပ်စစ်လုပ်ပိုင်ခွင့်အပြည့်ရလို့ တစ်မြို့လုံးက လမ်းမီးတွေပြန်လင်းတော့မယ် အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Hein Ko Soe
Image caption အရင်ကမီးသီးကို စည်ပင်ကတာဝန်ယူတယ်၊ ဓါတ်ကြိုးနဲ့ ဓါတ်တိုင်ကိုလျှပ်စစ်ကတာဝန်ယူတယ်။ ဌာနတစ်ခုနဲ့ တစ်ခု အချိတ်အဆက်မရှိတော့ မီးသီးကျွမ်းလဲ လာလဲမယ့်သူမရှိ

ရန်ကုန်လျှပ်စစ်လုပ်ပိုင်ခွင့်အပြည့်ရလို့ တစ်မြို့လုံးက လမ်းမီးတွေပြန်လင်းတော့မယ်

ရန်ကုန်လျှပ်စစ်လုပ်ပိုင်ခွင့်အပြည့်ရလို့ တစ်တိုင်းလုံးက မြို့နယ်တွေမှာ လမ်းမီးတွေကို ပြန်လည်တပ်ဆင်ကာ မီးလင်းရေးကို လုပ်ဆောင် ပေးနေပြီလို့ တိုင်းလျှပ်စစ်နဲ့စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တတိယ တစ်နှစ်တာသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

"အရင်ကမီးသီးကို စည်ပင်ကတာဝန်ယူတယ်၊ ဓါတ်ကြိုးနဲ့ ဓါတ်တိုင်ကိုလျှပ်စစ်ကတာဝန်ယူတယ်။ ဌာနတစ်ခုနဲ့ တစ်ခု အချိတ်အဆက်မရှိတော့ မီးသီးကျွမ်းလဲ လာလဲမယ့်သူမရှိ၊ မီးမလာရင်၊ မီးသီးကျွမ်းတာလား၊ မီးမလာတာလားဆိုတာအမြဲဖြစ်ခဲ့တယ်" လို့အရင် လမ်းမီးတွေ မီးမလာရခြင်းပြဿနာကို သူကရှင်းပြပါတယ်။

၂၀၁၈/၁၉ ဘဏ္ဍာနှစ်၊ လက်ရှိအချိန်မှာတော့ စည်ပင်က ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းကို လုပ်ပိုင်ခွင့်အားလုံးလွှဲအပ်ပေးလိုက်လို့ မီးတိုင်တွေကိုအကုန်ပြန်လည်ပြုပြင်တပ်ဆင်ပြီး မီးလင်းရေး လုပ်ပေးနေတယ်လို့သူကဆိုပါတယ်။

လက်ရှိမှာတော့ ထောက်ကြန့်ဖက်မှာ လုပ်ငန်းစတင်နေပြီး၊ အဲဒီကပြီးတာနဲ့ လှိုင်သာယာနဲ့ ဒဂုံလေးမြို့ နယ်ဖြစ်တဲ့ တောင်၊ မြောက်၊ အရှေ့နဲ့ ဆိပ်ကမ်းတွေမှာလည်းဆက်လက်တပ်ဆင်ကာ တတိုင်းလုံးမှာ ဆက်လုပ်သွားမယ်လို့ ဒေါ်နီလာကျော် ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် PHILIP HEIJMANS
Image caption SMEs ၆၃ ခုကိုပဲ ထောက်ခံချက်ပေးနိုင်

ရန်ကုန်တိုင်းအစိုးရက SMEs လေးသောင်းထဲက ၆၃ခုသာ ငွေချေးနိုင်ဖို့ ထောက်ခံနိုင်

ရန်ကုန်တိုင်းထဲမှာက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း SMEs စုစုပေါင်း လေးသောင်းထဲကမှ လုပ်ငန်း ၆၃ခုသာ ပုဂ္ဂလိကဘဏ်တွေနဲ့ချိတ်ဆက်ပြီး ငွေချေးယူနိုင်ဖို့ တိုင်းအစိုးရက ထောက်ခံချက်ပေးထားတယ်လို့ တတိယတစ်နှစ်တာလုပ်ငန်းများနဲ့ပက်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။

ရန်ကုန်တိုင်းက မြန်မာတနိုင်ငံလုံးရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၂၅ရာခိုင်နှုန်းအထိရှိပြီး အဲဒီထဲမှာ SMEs တွေရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုးတွေလည်းပါဝင်သလို၊ SMEs လုပ်ငန်းတွေက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတဲ့နေရာကပါဝင်နေတယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေ ကရော အစိုးရကပါ အသိအမှတ်ပြုထားပါတယ်။

"SMEs ၆၃ ခုကိုပဲ ထောက်ခံချက်ပေးနိုင်တယ်ဆိုတာ ရှိတဲ့ပမဏနဲ့ ပြန်တွက်ကြည့်ရင်တော့ နည်းတယ်လို့ ပြောလို့ရတယ်။ ရန်ကုန်ကော၊ တနိုင်ငံလုံးကလုပ်ငန်းတွေက SMEs များတယ်" လို့ လုပ်ငန်းရှင်တစ်ဦး လည်းဖြစ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ဘီဘီစီ ကိုပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရရဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်များဖွံဖြိုးတိုးတက်ရေး အေဂျင်စီက တိုင်းအတွင်းက SMEs လုပ်ငန်းပေါင်း လေးသောင်းထဲကမှ ၁၁၅ခုကိုရွေးချယ်ပြီး အဲဒီထဲကလုပ်ငန်း ၆၃ခုကိုသာ ထောက်ခံလက်မှတ်ထုတ်ပေးနိုင်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လက်ခံရရှိတဲ့ သူတိုင်းမှာတော့ လက်တလော သူတို့ကလေးတွေပျောက်ဆုံးတာမျိုး၊ ဆုံးပါးတာမျိုး၊ မရှိဘူး

နှစ်သိမ့်ပေးစာတွေ အများအပြားပေးပို့နေမှု နယူးဇီလန်ရဲတပ်ဖွဲ့က စုံစမ်း

နယူးဇီလန်နိုင်ငံသားတွေ ဖေ့ဘွတ်မှာ ရုတ်တရက်အများအပြားတင်နေကြတဲ့ သူတို့ကလေးတွေဆုံးပါး သွားတဲ့အပေါ် နှစ်သိမ့်ပေးစာတွေ ရရှိနေမှုကို နယူးဇီလန်ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

အဲဒီလိုကတ်တွေကို လက်ခံရရှိတဲ့ သူတိုင်းမှာတော့ လက်တလော သူတို့ကလေးတွေပျောက်ဆုံးတာမျိုး၊ ဆုံးပါးတာမျိုး၊ မရှိဘူးလို့ နယူးဇီလန်မီဒီယာတွေက ဖော်ပြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
နယူးဇီလန် ဝန်ကြီးချုပ်နဲ့ ဘီဘီစီ တွေ့ဆုံ

နယူးဇီလန်ရဲတပ်ဖွဲ့ကတော့ ကတ်တွေရရှိထားသူတွေရဲ့ သတင်းပေးမှုတွေကို အမြောက်အမြားရရှိထားပြီး၊ စုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။

စာနာနားလည်မှုကိုရေးသားထားတဲ့ ကတ်တွေကို အော့ကလန် တောင်ပိုင်းနဲ့ အနောက်ပိုင်း နော့ရှိုးနဲ့ အဲလက်စ်ဇီဒေသတွေက နေအိမ်တွေကို လက်ရောက်ပေးပို့နေတာလည်းဖြစ်ပါတယ်။

အဲဒီလိုလက်ခံရရှိကြတဲ့သူတွေထဲကတချို့က အဲဒီရရှိတဲ့ကတ်တွေကိုဖေ့ဘွတ်မှာ တင်ခဲ့ကြတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ