H1N1 ကြောင့် ရန်ကုန်မှာ အမျိုးသမီးတစ်ဦးထပ်သေဆုံးပြီး၊ မုံရွာမှာပါ သေဆုံးမှုရှိနေ

သံသယရှိလူနာ စောင့်ကြည့် သူ ၄၀ ခန့်ရှိပြီး အဲဒီထဲက ၁၆ ဦးခန့်မှာ H1N1 ရောဂါပိုးတွေ့နေ ရတယ်လို့ လည်း ဓာတ်ပုံ မူပိုင် Getty Images
Image caption သံသယရှိလူနာ စောင့်ကြည့် သူ ၄၀ ခန့်ရှိပြီး အဲဒီထဲက ၁၆ ဦးခန့်မှာ H1N1 ရောဂါပိုးတွေ့နေ ရတယ်လို့ လည်း

H1N1 ရောဂါကြောင့် ရန်ကုန်မှာ ဇွန်လ ၂၀ ရက် မနက်က အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ယခုလအတွင်းသေဆုံးသူအရေအတွက် ၅ ဦးထိရှိလာပြီ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန မှ ကျန်းမာရေးနှင့်အသိပညာမြှင့်တင်ရေး ဌာနခွဲ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူအေးက ဘီဘီစီကို ပြောပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သေဆုံးသူ ၃ ဦး လို့ သတင်းထုတ်ပြန်ခဲ့ပြီးတော့ ဇွန်လ ၂၀ ရက်နေ့မှာ တော့ ၅ ဦးအထိ ဖြစ်လာတာပါ ။

"ရန်ကုန်မှာ မနက်က အမျိုးသမီးတစ်ဦး၊ မုံရွာ က ၆လ သားကလေးတစ်ဦး စုစုပေါင်း ၅ ယောက်ပါ" လို့ လည်း ဒေါ်ဖြူဖြူအေးက ပြောပါတယ်။

ဒါ့အပြင် ပြည်နယ် နဲ့ တိုင်းအသီးသီးက သံသယရှိလူနာ စောင့်ကြည့် သူ ၄၀ ခန့်ရှိပြီး အဲဒီထဲက ၁၆ ဦးခန့်မှာ H1N1 ရောဂါပိုးတွေ့နေ ရတယ်လို့ လည်းသူကပြောပါတယ်။

ရန်ကုန် မှာH1N1ရောဂါပိုး တွေ့ သူ အများစု ဖြစ်ပြီးတော့ရောဂါကူးစက်ခံရသူတွေဟာ အင်းစိန်ဆေးရုံ၊ မြောက်ဥက္ကလာဆေးရုံ နဲ့ ရန်ကုန် ဆေးရုံ ကြီးတို့မှာ ကုသမှုတွေ ခံနေတယ်လို့ လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သေဆုံးသူတွေဟာ နှလုံးရောဂါ၊ ကိုယ်ဝန်ဆိပ်တက်ရောဂါနဲ့ ပန်းနာ ရင် ကျပ်ရောဂါနဲ့ ကူးစက်ရောဂါတွေ ခံစားနေရသူတွေလည်းဖြစ် တယ်လို့ ဒေါ်ဖြူဖြူအေးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် FFSS FB
Image caption ဇွန်လ ၁၉ ရက်နေ့ က သေဆုံးသူ အမျိုးသားနှစ်ဦးသဂြိုဟ်ခဲ့ပါတယ် ။

ဒါပေမဲ့ သေဆုံးတဲ့သူတွေအားလုံးဟာ စစ်ကြည့်တော့ H1N1 ရောဂါပိုးတွေ့ပါတယ် လို့ လည်း သူကပြောပါတယ်။

ရန်ကုန်တိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာတော့ ပြည်သူလူထု အနေနဲ့ အထိတ်တလန့်ဖြစ်ဖို့ မလိုကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ် ။

ဒီရောဂါပိုး ဟာ ရှေ့တစ်လံ အကွာကျော် မရောက် ကြောင်းနဲ့ နှာခေါင်းစည်းတွေ တပ်ပြီးသွားလာဖို့ လည်းမလိုအပ် ဘူးလို့ ဒေါက်တာထွန်းမြင့်က ပြောပါတယ် ။

ရာသီချိန်မှာ ဖြစ်တတ် တဲ့ ရာသီတုပ်ကွေး မဖြစ်ဖို့ ကတော့ ကိုယ်ချောင်းဆိုး နှာချေရင် ပါးစပ်၊ နှာခေါင်းတွေကို အုပ်ဖို့ အိပ်ရေး ဝဝ အိပ် ဖို့၊ ရေများများသောက် ဖို့ လိုတယ် လို့ လည်း သူကပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ