H1N1 ကြောင့် သေဆုံးသူ ၂၉ ဦးရှိပြီ

လက်ရှိသေဆုံးမှုနဲ့ ဖြစ်ပွားမှု အများဆုံး ကလည်း ရန်ကုန်တိုင်းက ဖြစ်တယ် ဓာတ်ပုံ မူပိုင် MOHS
Image caption လက်ရှိသေဆုံးမှုနဲ့ ဖြစ်ပွားမှု အများဆုံး ကလည်း ရန်ကုန်တိုင်းက ဖြစ်တယ်

ရာသီတုပ်ကွေးရောဂါပိုး (H1N1) ကြောင့် ဇူလိုင်လ ၄ရက်နေ့ထိ တရားဝင်စာရင်းတွေအရ သေဆုံးသူ ၂၉ ဦးထိရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေဟာ ရန်ကုန်တိုင်းက ၂၃ဦး ။ဧရာဝတီတိုင်း၃ ဦး ပဲခူးတိုင်း ၂ ဦးနဲ မွန်ပြည်နယ်က ၁ ဦး တို့ ဖြစ်တယ်လို့ လည်းထုတ်ပြန်ချက် က ဆိုပါတယ်။

လက်ရှိသေဆုံးမှုနဲ့ ဖြစ်ပွားမှု အများဆုံး ကလည်း ရန်ကုန်တိုင်းက ဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာဖြူဖြူအေးက ဘီဘီစီကိုပြောခဲ့ပါတယ် ။

ရောဂါပိုးကူးစက်ခံရမှုကြောင့် ဇွန်လ ၁၄ ရက်မှာ အခုနှစ်အတွင်း ပထမဆုံးသေဆုံးသူလူနာရှိခဲ့ပြီး ၂ ပတ်ကျော်ကာလအတွင်း သေဆုံးသူဦးရေ မြင့်တက်လာခဲ့တာပါ။

ရန်ကုန်ဆေးရုံကြီးမှာ H1N1 ကြောင့် နေ့စဉ်သေဆုံးလူနာရှိနေပြီး အများစုဟာ နာတာရှည်ရောဂါ ခံစားနေရသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကဘီဘီစီကို ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် FFSS
Image caption ရန်ကုန်ဆေးရုံကြီးမှာ H1N1 ကြောင့် နေ့စဉ်သေဆုံးလူနာရှိနေ

ဇူလိုင်၄ ရက်အထိရာသီတုပ်ကွေး H1N1 ရောဂါပိုး သံသယ ရှိတဲ့ လူနာ ၄၀၀ကျော်ကို အစိုးရကသွေးစစ် ခဲ့ရာမှာ ၁၄၁ ဦး ကရောဂါပိုး တွေ့နေရတာဖြစ်ပါတယ်။

သံသယရှိတဲ့ လူနာတွေကို စောင့်ကြပ်ကြည့်ရှုပြီး အထူးကုသမှုပေးမယ့် ဆေးရုံအရေအတွက် ကို မနှစ်ကထက် ထက်ဝက်နီးပါး တိုးမြှင့်ပေးလိုက်တယ်လို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မနှစ်က ဆေးရုံ ၈ရုံမှာ သာဆောင်ရွက်ခဲ့ရာကနေ ဒီနှစ်မှာတော့ ဆေးရုံ၇ရုံ ထပ်တိုး ပြီး စုစုပေါင်း ဆေးရုံ၁၅ရုံ ရှိလာသလို ရန်ကုန် ကလေးဆေးရုံ မှာလည်းဇွန် လ၂၆ ရက်နေ့က ရာသီတုပ်ကွေးရောဂါ H1N1 Ward (သီးသန့်လူနာဆောင်) ကို စတင်ဖွင့်လှစ်ခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ကနေ သိရပါတယ် ။

အခုတရားဝင် စာရင်းတွေအရ H1N1 ရောဂါပိုး သံသယ ရှိတဲ့လူနာတွေကို တနိုင်ငံလုံးအနှံ့ ရှိနေပြီး ရှမ်းအရှေ့၊ ကရင်၊ ချင်းက လွဲပြီး ကျန်တဲ့ပြည်နယ် တိုင်းတွေမှာ ရောဂါပိုးရှိသူတွေ တွေ့နေရတာဖြစ်ပါတယ်။

၂၀၁၇ ကတော့ H1N1 ဖြစ်ပွားသူ လေးရာကျော် ရှိခဲ့ကာ သုံးဆယ်ကျော် သေဆုံးခဲ့ပါတယ် ၂၀၁၈ခုနှစ် မှာတော့ရောဂါ သံသယရှိသူ သုံးရာကျော်ရှိပြီး သေဆုံးမှု မရှိခဲ့ပါဘူး။

လက်ရှိသေဆုံးမှုနဲ့ ဖြစ်ပွားမှု အများဆုံး ကလည်း ရန်ကုန်တိုင်းက ဖြစ် ပြီးရန်ကုန်တိုင်း ဟာ မြို့နယ် ပေါင်း၄၅ ခုလောက်ရှိသလို လူနေထိုင်မှု များတာကြောင့် လက်ရှိသေဆုံးမှုနဲ့ ဖြစ်ပွားမှု အများဆုံး ဖြစ်နေတာလို့ လည်း ဒေါ်ဖြူဖြူအေးကရှင်းပြခဲ့ပါတယ် ။

ဆက်စပ် အကြောင်းအရာများ