မြန်မာနိုင်ငံရဲတပ်ဖွဲ့ ညွှန်ကြားလို့ သက္ကမိုးညိုကို အမှုဖွင့်အရေးယူ

အခုလိုအမှုဖွင့်လဲ ကျွန်တော်ကဆက်ပြီးကူညီသွားမှာပဲ။ ရေးတာအမှန်ရေးတာ၊ သက်သေအထောက် အထားတွေမရှိပဲ မဟုတ်တာပြောတာမဟုတ်ဘူး
Image caption အခုလိုအမှုဖွင့်လဲ ကျွန်တော်ကဆက်ပြီးကူညီသွားမှာပဲ။ ရေးတာအမှန်ရေးတာ၊ သက်သေအထောက် အထားတွေမရှိပဲ မဟုတ်တာပြောတာမဟုတ်ဘူး

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ညွှန်ကြားမှုကြောင့် ဗစ်တိုးရီးယားအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဒေါက်တာဝင်းကိုကိုသိန်း (ခ) သက္ကမိုးညိုကို ပျဉ်းမနား မြို့နယ်ရဲတပ်ဖွဲ့မှူးက အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (ဃ)နဲ့အမှုဖွင့်တာလို့ ဒုရဲမှူး အောင်နိုင်ဦးက သတင်းမီဒီယာတွေကိုပြောလိုက်ပါတယ်။

သက္ကမိုးညို (ခ) ဒေါက်တာဝင်းကိုကိုသိန်းက ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ကျဆင်းအောင် လူမှုကွန်ရက်မှာ ရေးသားတာတွေကြောင့် အခုလိုအမှုဖွင့်တာလို့လည်း သူကဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
Hnin Nu

သူကို ဒီမနက်မှာ ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူးက စစ်ဆေးဖို့ လာရောက်ခေါ်ယူခဲ့တာလို့ ဒေါက်တာဝင်းကိုကိုသိန်း က မီဒီယာတွေကို ဇူလိုင်လ ၁၀ရက်၊ ရဲစခန်းက အာမခံရအပြီး မီဒီယာတွေကိုပြောပါတယ်။

"အခုလိုအမှုဖွင့်လဲ ကျွန်တော်ကဆက်ပြီးကူညီသွားမှာပဲ။ ရေးတာအမှန်ရေးတာ၊ သက်သေအထောက် အထားတွေမရှိပဲ မဟုတ်တာပြောတာမဟုတ်ဘူး" လို့ ဒေါက်တာဝင်းကိုကိုသိန်းက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘီဘီစီ သီးသန့်ရတဲ့ ဗစ်တိုးရီးယား အမှု စီစီတီဗီ မှတ်တမ်း

အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄ (ဃ) အရ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် သတင်းအချက်အလက်ကိုအီလက်ထရောနစ်နည်းပညာနဲ့ ပြုပြင်ပြောင်းလဲတာ၊ အဲဒီလိုလုပ်ထားတဲ့ဟာကို ရေးသား၊ ဖြန့်ဝေတယ်လို့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅နှစ်နဲ့ ဒဏ်ငွေ ချမှတ်နိုင်ပါတယ်။

ဇူလိုင်လ ၁၀ရက်နေ့မနက်ပိုင်း ရဲစခန်းကိုခေါ်ယူစစ်ဆေးပြီး နေလည့် ၁၂နာရီကျော်လောက်မှာ တော့ အာမခံ သိန်း ၁၀၀ကျပ်အာမခံ နဲ့ ပျဉ်းမနားရဲစခန်းက ဒေါက်တာဝင်းကိုကိုသိန်းကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အာမခံနဲ့ ပြန်လည်လွှတ်ပေးလိုက်ပေမယ့်လည်း အမှုနဲ့ ပက်သက်ပြီး ဆက်လုပ်သွားမယ့်အပေါ် ဒုရဲမှူး အောင်နိုင်ဦးက "ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုကျစေလို့တရားစွဲတာဖြစ်ပါတယ်။ အချက်အလက်တွေမှားတယ် မှန်တယ်ဆိုတာ ကစစ်ဆေးတွေ့ရှိချက်အပေါ်မူတည်ပြီးတော့ အဖြေထွက်မှာပါ။ ကျန်းမာရေးကိုလည်း ခွင့်ပြုချက်တာင်းထားပြီးသား၊ အမှုကိုတည်ဆောက်ပြီးမှ တရားရုံးစွဲတင်မှာပါ" လို့ ပြောပါတယ်။

ဒေါက်တာဝင်းကိုကိုသိန်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးအဖြစ်တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်လို့ ရဲတပ်ဖွဲ့က သူ့ကိုအရေးယူနိုင်ဖို့ ဝန်ကြီးဌာနနဲ့ ခွင့်ပြုချက်ကိုတောင်းယူထားတာဖြစ်ပါတယ်။ ခွင့်ပြုချက်ကို ဘယ်အချိန်ကတောင်းတယ်၊ ရဲတပ်ဖွဲ့က ညွှန်ကြားတယ်ဆိုတာ ဘယ်သူကညွှန်ကြားတယ်ဆိုတဲ့အသေးစိတ်ကိုတော့ ဒုရဲမှူး အောင်နိုင်ဦးက မဖြေကြားပါဘူး။

ရဲတပ်ဖွဲ့ကတော့ ဒေါက်တာဝင်းကိုကိုသိန်းက ဗစ်တိုးရီးယားအမှုနဲ့ပက်သက်ပြီး ဇူလိုင်လ ၄၊ ၅၊ ၆ ရက်နေ့တွေမှာ ရေးသားခဲ့တဲ့ စီစီတီဗီမှတ်တမ်းကို Hard disk မဖြုတ်ပဲ Download စွဲခဲ့တဲ့အပေါ်၊ ဆေးစာပျောက်ဆုံးတာ စတာတွေကို ဝေဖန်ရေးသားခဲ့တာကြောင့် ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေတယ်လို့ အကြောင်းပြထား ပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ ပက်သက်ပြီး ရဲတပ်ဖွဲ့ရဲ့စစ်ဆေးတွေ့ရှိချက်တွေအပေါ် ပြည်သူအများစုကတော့ ဝေဖန်မှုတွေအပြင်၊ တရားမျှတမှုမရရှိကြဘူးလို့ယူဆကာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဆန္ဒဖော်ထုတ်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ