ညောင်ဦးနယ်က ရေနံလက်ယက်တွင်းတွေကို အစိုးရကဖမ်းဆီး တရားစွဲ

ကျင်းပေါင်း ၇၀ ကျော် ကိုတူးနေကြတဲ့ ပိုင်ရှင် ၁၀ ဦးကို တရားစွဲလိုက်သလို သက်သေခံတွေလာသိမ်းတာပါ။ ဓာတ်ပုံ မူပိုင် NAY NAING
Image caption ကျင်းပေါင်း ၇၀ ကျော် ကိုတူးနေကြတဲ့ ပိုင်ရှင် ၁၀ ဦးကို တရားစွဲလိုက်သလို သက်သေခံတွေလာသိမ်းတာပါ။

ချောက်မြို့အရှေ့မြောက် ဖက် ၁၄မိုင်ခန့် အကွာက ညောင်ဦးနယ်ထဲက တက်မရေနံမြေ မှာ တရားမဝင် ရေနံတူးဖော်သူ တွေကို အစိုးရကအမှုဖွင့် တရားစွဲဆိုလိုက်ပြီး ၊ အဲဒီ ရေနံမှော်တွေမှာ တရားမဝင် ဆက်လက် တူးဖော်နေသူတွေကို လည်း အရေးယူနေတယ် လို့ရေနံလက်ယက်တွင်းတွေကို သွားရောက်စစ်ဆေးရာမှာပါဝင်ခဲ့တဲ ဒေသခံရပ်မိရပ်ဖတစ်ဦးက ဘီဘီစီကို ပြောပါတယ် ။

အစိုးရက အဲဒီနေရာမှာ ကျင်းပေါင်း ၇၀ ကျော် ကိုတူးနေကြတဲ့ ပိုင်ရှင် ၁၀ ဦးကို တရားစွဲလိုက်သလို၊ အဲဒီနေရာမှာ ရေနံတူးတာ တွေကိုလည်းဇူလိုင်လ ၆ ရက်နေ့ နေ့စွဲ နဲ့ စာထုတ်ပြီးတားမြစ်ထားပါတယ်။

တရားစွဲဆိုအမှုဖွင့်လှစ်ထားတာကြောင့် ဇူလိုင်လ ၁၂ ရက် နေ့လယ်ပိုင်းက ခရိုင်စီမံခန့်ခွဲမှုကော်မတီအဖွဲ့က သက်သေခံပစ္စည်းများ လာရောက်သိမ်းဆည်းပြီး စစ်ဆေးခဲ့ပါတယ် ။

အဲဒီရေနံမြေ မှာ လိုင်စင်မရှိဘဲ တူးဖော်နေသူ စာရင်းအရ ၃၇ ဦး၊ ရေနံလက်ယက်တွင်းကျင်းပေါင်း ၁၇၀ ရှိပြီး ၂၀၁၇ ခုနှစ်၊ ကအတည်ပြုလိုက်တဲ့ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေအရ အရေးယူဖို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်တာလည်းဖြစ်တယ်လို့ စစ်ဆေးရာမှာပါဝင်သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် NAY NAING
Image caption စစ်ဆေးဖမ်းဆီးသူတွေထဲမှာ ရဲတပ်ဖွဲ့တွေ ရပ်မိရပ်ဖ တွေ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ ပါဝင်ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့က ရေနံမြေကိုလာပြီး စစ်ဆေးဖမ်းဆီးသူတွေထဲမှာ ရဲတပ်ဖွဲ့တွေ၊ ရပ်မိရပ်ဖတွေ ၊ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ ပါဝင်ပါတယ်။

'' ဒီလိုစစ်သိမ်းပေးတယ်ဆိုတာ ရဲတပ်ဖွဲ့တစ်ခုထဲနဲ့ဆိုရင် ရုတ်ရုတ်ဖြစ်မှာစိုးလို့။ တရားစွဲတင်နိုင်အောင် သက်သေ စတိလောက် သိမ်းတာပါ လို့လည်း " စစ်ဆေးဖမ်းဆီးသူတွေထဲမှာ ပါသူက ဆက်ပြောပါတယ်။

ရေနံလက်ယက်တွင်း တူးဖော်လုပ်ကိုင်ပါကလက်ရှိ ဥပဒေအရ တစ်ဧကကို ငွေကျပ် ၃ သိန်း အစိုးရ ကို့ ပေးသွင်းရပြီး၊ တိုင်းဒေသကြီးအစိုးရကို ရေနံ တစ်ပေပါကို ငွေကျပ် ၃၀၀၀ ကျပ် ပေးဆောင်ရ ပါတယ်။

လက်ရှိ ဥပဒေမှာ ရေနံ လက်ယက်တွင်းတွေကို မြေအောက် အနက် ပေတစ်ထောင်အောက်သာ ခွင့်ပြုတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် NAY NAING
Image caption ရေနံမှော်ကို မှီပြီးလုပ်ကိုင်စားနေ ကြရတဲ့ လက်လုပ်လက်စား တွေ အများပြားရှိပါတယ်

ဒီရေနံမှော် တဝိုက်က ကျေးရွာတွေမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတာကြောင့် ရေနံမှော်ကို မှီပြီးလုပ်ကိုင်စားနေ ကြရတဲ့ လက်လုပ်လက်စား တွေ အများပြားရှိပါတယ် ။

တချို့ရေနံတွင်းတွေဟာလည်း ကျေးရွာ ဖွံ့ဖြိုးရေးအတွက် သုံးစွဲဖို့ဆိုပြီးတူးကြတာတွေလည်း ရှိပါတယ်။

ညောင်ဦးခရိုင် စီမံခန့်ခွဲမှုကော်မတီကတော့တက်မရေနံမြေ မှာရေနံလက်ယက်တွင်း တူးဖော်ခြင်းနဲ့ ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းလုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေတာ စီစစ်တွေ့ရလို့ ဇူလိုင်လ ၁၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်တဲ့စက် ပစ္စည်းတွေ ဖြုတ်သိမ်းဖို့ အကြောင်းကြားထားတယ်လို့အဲဒီ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထံကသိရပါတယ်။