ဧရာဝတီမြစ်ထဲက မြေနုကျွန်းရွာနှစ်ရွာ ရန်ပွဲ ၁၀ ဦးသေ၊ ၃၀နီးပါး ပျောက်ဆုံး

ဝေဠုကျော် ဖောင်ဒေးရှင်း ကကယ်ဆယ်ရေးနဲ့ရှာဖွေရေးတွေ လုပ်ဖို့ရှိပါတယ်၊ ဓာတ်ပုံ မူပိုင် Aung kyaw Oo
Image caption ဝေဠုကျော် ဖောင်ဒေးရှင်း ကကယ်ဆယ်ရေးနဲ့ရှာဖွေရေးတွေ လုပ်ဖို့ရှိပါတယ်၊

မကွေးတိုင်း ရေနံချောင်းမြို့နယ် ၊ ဧရာဝတီမြစ်ပေါ်မြေနုကျွန်းရွာနှစ်ရွာက ရွာသားတွေရဲ့ ဇူလိုင်၂၃ ရက်နေ့ ရန်ပွဲမှာ လူ ၁၀ ဦးသေဆုံးသွားခဲ့ပြီး လူ၃၀နီးပါး လောက် ပျောက်ဆုံးနေပါတယ်။

သေဆုံးသူတွေက အမျိုးသား ၈ယောက် အမျိုးသမီး ၂ ယောက် ဖြစ်ပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့လည်း ရေနံချောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

ရေနံချောင်းမြို့နယ် ကန်သာရွာနဲ့ ဖရဲကျွန်းကျေးရွာတို့ဟာ ဧရာဝတီမြစ်ထဲ မြေနုကျွန်းပေါ်က ရွာနှစ်ရွာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း က ကန်သာရွာဘက်က မြေနုကျွန်းတွေမှာ ကမ်းပါးပြိုရာကနေ ဖရဲကျွန်းရွာဘက် နားကို အိမ်တွေပြောင်းကြရင်း သူ့ နယ် ငါ့နယ် အငြင်းပွားမှုတွေ စပါတယ်။

ဒီရွာနှစ်ရွာဟာ သူ့နယ် ငါ့နယ် လုရာကနေ အငြင်းပွားမှုဟာ ဇူလိုင်လဆန်းကစဖြစ်တယ်လို့ ရေနံချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် ကဘီဘီစီကိုပြောပါတယ် ။

ဓာတ်ပုံ မူပိုင် Aung Kyaw Oo
Image caption သေဆုံးသူတွေက အမျိုးသား ၈ယောက် အမျိုးသမီး ၂ ယောက် ဖြစ်ပြီး ဒဏ်ရာရသူတွေလည်းရှိတယ်။

ရန်ပွဲကြောင့် ဆိုပေမဲ့ ဇူလိုင်၂၄ ရက်နေ့ ကတွေ့ရတဲ့သေဆုံးသူ အများစုဟာ ရေနစ်သေဆုံးတာဖြစ်ပါတယ် ။ဖူလိုင် ၂၄ ရက်နေ့ မှာ အလောင်း ၁၀လောင်းရပြီးတော့ ၂ ဦးကို အသက်ရှင်ရက် ပြန်တွေ့ပါတယ်။

ကျန်ပျောက်နေသူ ၂၈ ဦးဟာလည်းအမျိုးသားတွေ ဖြစ်ပါတယ်။သူတို့အားလုံးရေနစ်သေတယ် လို့ပဲ ယူဆနေကြပါပြီ။

" အနီးတစ်ဝိုက်မှာ ရှာလို့ မတွေ့တော့ဘူး မနက်ဖြန် ဝေဠုကျော် ဖောင်ဒေးရှင်း ကကယ်ဆယ်ရေးနဲ့ရှာဖွေရေးတွေ လုပ်ဖို့ရှိပါတယ် " လို့ရေနံချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးတင့်လွင် ကဘီဘီစီကိုပြောပါတယ်။

ဇူလိုင် ၂၃ရက်နေ့ ညနေ၂ နာရီခွဲနာရီဝန်းကျင်ကတော့ ကျေးရွာမြေအငြင်းပွားမှုဟာ ရုန်းရင်းဆန်ခတ်ဖြစ်လာခဲ့ကြပါတယ်။

ဖရဲကျွန်းရွာ က လူတွေက သူ့နယ်ထဲ ဝင်လာတယ်ဆိုပြီးကန်သာရွာ ဘက်က လူတွေဆောက်ထားတဲ့အိမ်တွေ ကို လာဖျက်ပါတယ်။ အချိန်ကတော့ဇူလိုင်၂၃ ရက် နေ့လယ် ၂ နာရီခွဲလောက်ပါ။ အိမ်၂ လုံးလောက် အဖျက်ခံရ ပြီးမှာ ကန်သာရွာ ဘက်က လူတွေထွက်လာ ကြပြီးတော့ အုပ်စုဖွဲ့ပြန်တိုက်ခိုက်မှု တွေ စဖြစ်ခဲ့တာဖြစ်ပါတယ် ။

ဓာတ်ပုံ မူပိုင် Aung Kyaw Oo
Image caption ဥပဒေအတိုင်းဖြေရှင်းဖို့ထက် မိမိကျေးရွာပိုင်မြေထဲကို ကျူးကျော်နေထိုင်တဲ့နေအိမ်တွေကို ဖျက်ဖို့သွားကြတာက ရန်ပွဲစ

ဖရဲကျွန်းနဲ့ အခုဖြစ်တဲ့နေရာကြား ရိုးလေးခြားနေလို့ စက်လှေ နဲ့ ဖရဲကျွန်း ဘက်ကို လူတွေခေါ်လာပြီး အိမ်တွေဖျက်ဖို့ အားဖြည့် ဖို့အလာ ၊အိမ်တွေဖျက်နေတဲ့လူတွေ ကို ကန်သာရွာ ဘက်ကလူတွေ က လေးခွတွေ နဲ့ အပစ်ခံရလို့ ရေကူးပြီး စက်လှေပေါ် ဝိုင်းအတက်မှာ စက်လှေမှောက်ပါတယ်။

"မနေ့က ၂ နာရီခွဲလောက်မှာ ဖရဲကျွန်းဘက်က လူအုပ်နဲ့ ကူးလာပြီး ကန်သာရွာသစ်က လူတွေရဲ့အိမ်နှစ်လုံး တက်ဖျက်တယ်။ ကန်သာဘက်ကလည်း လူအုပ်နဲ့ လောက်ခွတွေနဲ့ အပြန်အလှန်ထုကြဖြစ်တယ်။ ဒီဘက် ကန်သာဘက်က လူတွေထွက်လာကြတော့ တဖက်ကမ်းဖရဲကျွန်းဘက် အဖွဲ့တွေက စက်လှေနဲ့ ခေါက်ပြန်ကဲ့ပြီး လူပို့နေတာ။ နောက်ဆုံးပို့တဲ့စက်လှေကို ဒီဘက်ရောက်ပြီးသား ဖရဲကျွန်းဘက်ကလူတွေ အခြေနေမဟန်လို့ ရေထဲဆင်းပြေး စက်လှေပေါ်ဝိုင်းတက်တော့ သုံးခေါက်စာ လောက်လူက ဝိုင်းတက်တော့ စက်လှေကကမ်းနဲ့ ပေ ၂၀ ကျော်လောက်မှာ မြုပ်သွားတာ လို့ ရေနံချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးတင့်လွင် ကဘီဘီစီကိုပြောပါတယ်။

အဲဒီနေရာကို ရဲတပ်ဖွဲ့နဲ့ လွတ်တော်ကိုယ်စားလှယ်တွေ ရောက်တဲ့ချိန်မှာတော့ လူ ၃၈ယောက်ယောက်ပျောက်နေတယ်လို့ စာရင်းရပါတယ် ။ဒီကနေ့မနက်ပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာတော့ အမျိုးသား၈ဦးနဲ့ အမျိုးသမီး၂ ဦး အလောင်းတွေ့ပြီး အသက်ရှင်နေတဲ့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးကို တွေ့ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Aung Kyaw Oo
Image caption အခင်းဖြစ်တဲ့နေရာကို ရဲတပ်ဖွဲ့ ကလုံခြု့ရေးယူထားပြီး

ညနေပိုင်းမှာ အလောင်းတွေ တွေ့တာ တစ်လောင်းပြီး တစ်လောင်းပဲလို့ လည်း အခင်းဖြစ်တဲ့နေရာကို ရောက်နေတဲ့ ဝက်လွတ် ရွာသားတစ်ဦးကပြောပါတယ်။

ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအဆင့်ဆင့်ကို ဖရဲကျွန်းဘက်က တိုင်ကြားခဲ့ကြောင်း သိရပါတယ်။ တာဝန်ရှိသူတွေက ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးခြင်းမရှိတော့ ဖရဲကျွန်းဘက်က ဥပဒေအတိုင်းဖြေရှင်းဖို့ထက် မိမိကျေးရွာပိုင်မြေထဲကို ကျူးကျော်နေထိုင်တဲ့နေအိမ်တွေကို ဖျက်ဖို့သွားကြတာလို့လည်းရွာဘက်ကနေ သိရပါတယ်။

အဲလိုနဲ့ ကံသာရွာဘက်က ပြန်တိုက်ကြလို့ တချို့ဆိုဒဏ်ရာ တွေကိုယ်စီနဲ့ရွာပြန်ပြေးခဲ့ရသူလည်းရှိတယ် ဆေးရုံတက်ရတဲ့သူလည်းရှိတယ်။အခုလို လူ အများပြားသေရတာဟာ ရွာကိုပြန်တဲ့မော်တော်ကို ကံသာကလူတွေက ဝိုင်းပြီးရေထဲနှစ်ကြလို့ မော်တော်မှောက်ပြီး သေတာလို့ လည်း ဖရဲကျွန်းရွာဘက်ကနေသိရပါတယ်။

သေဆုံးသူတွေကို ဒီနေ့ ရင်ခွဲမှတ်တမ်းယူ သင်္ဂြိုဟ်ကြတယ် လို့လည်းရေနံချောင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးတင့်လွင် ကဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် Aung Kyaw Oo
Image caption ပျောက်နေသူ ၃၀ နီးပါးကျန်

ဒီကနေ့အထိ ပြန်မတွေ့သေးဘဲ ပျောက်နေသူ ၂၀ကျော်ကတော့ ရေထဲမှာလား တခြားနေရာသွားပုန်းနေလာဆိုတာ အဖြေကို တိတိကျကျ မသိရသေးဘူးလို့ မြို့နယ်ထွေအုပ်ရုံးက ပြောပါတယ်။

ဒါပေမဲ့ ဒီလူတွေ သေဆုံးတာဖြစ်နိုင်တယ်လို့လည်း ဖရဲကျွန်းဘက်က ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ ကလည်း ဖရဲကျွန်းရွာသား၃၀၀ လောက် ဟာ ကံသာရွာဘက် ကို လာပြီးအိမ်တွေဖျက်လို့ ရဲတပ်ဖွဲ့ က အမှုဖွင့်ထားတာ ရှိပါတယ်။ဧရာဝတီ မြစ်လယ် ထွန်းတဲ့ မြေနု ဆိုတာ နေထိုင်ဖို့ သက်သက် မဟုတ်ပဲ၊ ပြောင်း၊ ဖရဲ၊ ခရမ်းချဉ်တို့လို ကိုင်းသီးနှံတွေ စိုက်ပျိုးရာ နေရာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဧရာဝတီမြစ်လယ်မှာ မြေနု ပိုင်ဆိုင်မှု အငြင်းပွားပြီး ရွာတွေကြား ခိုက်ရန်ဖြစ်တဲ့ သတင်းတွေ နှစ်စဉ်ဆိုသလို ကြားရလေ့ ရှိပါတယ်။

အခင်းဖြစ်တဲ့နေရာကို ရဲတပ်ဖွဲ့ ကလုံခြု့ရေးယူထားပြီး ဒီသေဆုံးမှုကို အမှုဖွင့်ဖို့ ဒုရဲမှူး အောင်လွင်ဦးက ဆောင်ရွက်နေတယ်လို့ ရေနံချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးတင့်လွင် ကဘီဘီစီကိုပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ