လူ့အခွင့်အရေးကော်မရှင်မှာ တပ်ကလူတွေ မထည့်ဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

ကော်မရှင်အဖွဲ့ဝင်တွေက အရင်စစ်အာဏာရှင်လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့ သူတွေသာဖြစ်နေလို့ အရပ်ဘက်လူမှုအသိုင်းအဝိုင်းအကြားမှာ လူ့အခွင့်အရေးကော်မရှင်အပေါ် ယုံကြည်မှု ပျက်ယွင်းနိမ့်ကျနေတယ်လို့ဆို ဓာတ်ပုံ မူပိုင် MNHRC Website
Image caption ကော်မရှင်အဖွဲ့ဝင်တွေက အရင်စစ်အာဏာရှင်လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့ သူတွေသာဖြစ်နေလို့ အရပ်ဘက်လူမှုအသိုင်းအဝိုင်းအကြားမှာ လူ့အခွင့်အရေးကော်မရှင်အပေါ် ယုံကြည်မှု ပျက်ယွင်းနိမ့်ကျနေတယ်လို့ဆို

လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေကို လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့နဲ့ မရွေးချယ်ဖို့ လူ့အခွင့်အရေး၊ အမျိုးသမီးနဲ့ တိုင်းရင်းသားအရေးလှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့ ၂၄ခုက ဇူလိုင်လ ၂၅ရက်နေ့မှာ ပူးပေါင်းထုတ်ပြန်တောင်းဆိုပါတယ်။

စစ်တပ်က လူ့အခွင့်အရေးအဓိကချိုးဖောက်နေသူဖြစ်လို့ ကော်မရှင်အဖွဲ့ဝင်တွေ ရွေးချယ်တဲ့ ဘုတ်အဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက ပါနေတာအပြင်၊ အခြားစစ်မှုထမ်းဟောင်းတွေက ပါဝင်ရွေးချယ်ပေးနေတာတွေ ရှိလို့ ပြဿနာရှိတယ်လို့ အဲဒီအဖွဲ့တွေကထုတ်ပြန်ပါတယ်။

အဲဒီလိုရွေးချယ်ခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင်တွေက အရင်စစ်အာဏာရှင်လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့ သူတွေသာဖြစ်နေလို့ အရပ်ဘက်လူမှုအသိုင်းအဝိုင်းအကြားမှာ လူ့အခွင့်အရေးကော်မရှင်အပေါ် ယုံကြည်မှု ပျက်ယွင်းနိမ့်ကျနေတယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့်လည်း စက်တင်ဘာလထဲမှာ သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြန်လည်ရွေးချယ်ရာမှာ တိုင်းရင်းသားအရေး၊ ကျားမတန်းတူရေး၊ ကော်မရှင်အတွင်းလည်း ကျားမတန်းတူရေးတို့ကို အဓိကထား ရွေးချယ်သင့်တယ်လို့ တောင်းဆိုရာမှာပါဝင်တဲ့ ညီမျှခြင်းမြန်မာ ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဘီဘီစီကိုပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်သူတွေက ရွေးချယ်လိုက်တဲ့ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ ကော်မရှင်ဝင်တွေဟာ ပစ်ပယ်မှုအများဆုံးခံထားရသူတွေရဲ့ အခွင့်အရေး၊ အထူးသဖြင့် ပဋိပက္ခဒဏ် သက်ရောက် နေတဲ့ တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုတွေကို လုံလုံ လောက်လောက် မလုပ်နိုင်ဘူးလို့ သူကဆိုပါတယ်။

"ဖွဲ့ပြီးမှသိရတာထက် မဖွဲ့ခင် ဘယ်သူဘယ်ဝါတွေဆိုတာကို ချပြရမယ်။ ပါသင့်တဲ့သူတွေပါဖို့၊ ကန့်ကွက်စရာ ရှိရင်လည်း ကန့်ကွက်လို့ရနိုင်မယ့် ယန္တရားလိုမျိုးတွေ ဖန်တီးပေးဖို့လိုတယ်" လို့ ဦးအောင်မျိုးမင်းက ပြောပါ တယ်။

၂၀၁၄ခုနှစ်၊ မတ်လတုန်းက ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေအရဆိုရင် တော့ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင်၊ အခြားတရားရေး၊ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသမီးရေးရာ အဖွဲ့နဲ့ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေက ကော်မရှင်အဖွဲ့ဝင်လောင်းတွေကို ရွေးချယ် ပေးပြီး အဲဒီထဲကမှ သမ္မတက သင့်လျော်တဲ့ အရေအတွက်နဲ့၊ ပုဂ္ဂိုလ်တွေကို အပြီးသတ်ရွေးချယ် ပေးရပါတယ်။

အဲဒီလိုပုံမှန်လုပ်ဆောင်နေတာထက် တကယ့်လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ တိုင်းရင်း သားတွေ၊ ကျားမရေးရာကျွမ်းကျင်သူတွေကိုရွေးချယ်ပြီး၊ အဲဒီလိုမရွေးချယ်ခင်မှာလည်း ပြည်သူတွေ အကြားပွင့်လင်းစွာချပြတာတွေကို သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ လုပ်ဆောင်သင့်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MNHRC
Image caption တကယ့်လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ တိုင်းရင်း သားတွေ၊ ကျားမရေးရာကျွမ်းကျင်သူတွေကိုရွေးချယ်ပြီး၊ အဲဒီလိုမရွေးချယ်ခင်မှာလည်း ပြည်သူတွေ အကြားပွင့်လင်းစွာချပြတာတွေကို သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ လုပ်ဆောင်သင့်တယ်

လက်ရှိကော်မရှင်ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဦးယုလွင်အောင်ကတော့ တစ်နှစ်ထက်တစ်နှစ် ကော်မရှင်ရဲ့ လူ့အခွင့် အရေးဆိုင်ရာလုပ်ဆောင်ချက်တွေက ပိုပိုပြီးထိရောက်မှုရှိလာတာကို လွှတ်တော်ကလည်း အသိအမှတ် ပြုလာတာတွေရှိတယ်လို့ တုံ့ပြန်ပါတယ်။

ဥပဒေအရတော့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေရဲ့ သက်တမ်းက ၅နှစ်အထိသတ်မှတ်ပေးထားပြီး နှစ်ကြိမ်အထိ ပြန်လည်ရွေးချယ်ခံနိုင်ပါတယ်။ လက်ရှိ ကော်မရှင်အဖွဲ့ဝင် ၁၀ ယောက်ထဲမှာတော့ ကော်မ ရှင်ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးဝင်းမြနဲ့ အခြား ဦးစစ်မြိုင်၊ ဦးညွန့်တင်နဲ့ ဦးညွန့်ဆွေတို့က အရင်ကော်မရှင်သက်တမ်း ကတည်း ကပါခဲ့တဲ့သူတွေဖြစ်ပါတယ်။

လက်ရှိကော်မရှင်မှာပါတဲ့သူတွေကလည်း တပ်အငြိမ်းစားတွေ၊ အစိုးရဝန်ထမ်းအငြိမ်းစားတွေသာ ပါရှိပါတယ်။

အခုလိုထုတ်ပြန်တောင်းဆိုတာကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူနဲ့ အမျိုးသားလွှတ် တော်တို့အပြင် ကော်မရှင်ကိုပါပေးပို့တောင်းဆိုသွားမှာဖြစ်ပါတယ်လို့ အဲဒီအဖွဲ့တွေထံက သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ