သစ်တောပြုန်းတီးမှု လျော့ချဖို့ စွမ်းအားမြှင့် မီးဖိုတွေ အစိုးရကအခမဲ့ဝေမယ် အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/GETTY
Image caption နိုင်ငံရဲ့ သစ်တောပြုန်းတီးမှု ကိုလျော့နည်းသက်သာသလို၊ သစ်ထုတ်လုပ်မှုလည်း လျော့နည်းသွားမှာဖြစ်သလို၊ သဘာဝပတ်ဝန်းကျင် ကိုထိန်းသိမ်းနိုင်ပြီး သဘာဝဘေးအန္တရယ်များလည်း လျော့နည်းသွားမယ်

သစ်တောပြုန်းတီးမှု လျော့ချဖို့ စွမ်းအားမြှင့် မီးဖိုတွေ အစိုးရကအခမဲ့ဝေမယ်

သဘာဝဘေးအန္တရာယ်တွေ အဆိုးဆုံးခံစားနေရတဲ့ မြန်မာပြည်မှာ သစ်တောပြုန်းတီးမှုကို လျော့ချဖို့ စွမ်းအားမြှင့် မီးဖိုတွေကို ပြည်သူတွေထံ အစိုးရကအခမဲ့ဖြန့်ဝေပေးသွားမယ်လို့ သြဂုတ်လ ၁၄ရက်ထုတ် နိုင်ငံပိုင်သတင်းစာ အယ်ဒီတာ အာဘော်မှာဖော်ပြပါတယ်။

စွမ်းအားမြှင့် မီးဖိုတွေကို ၂၀၁၉ခုနှစ်ကနေ ၂၀၂၆ခုနှစ်အထိ ၇နှစ်တာကာလအတွင်း အလုံးရေ ၄ သန်းကျော် ကို နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အခမဲ့ဖြန့်ဝေ သွားမယ်လို့လည်း ဆိုပါတယ်။

စွမ်းအားမြှင့် မီးဖိုကိုသုံးစွဲရာမှ ထင်းသုံးစွဲမှုကိုလျော့ချနိုင်ခြင်းအားဖြင့် နိုင်ငံရဲ့ သစ်တောပြုန်းတီးမှု ကိုလျော့နည်းသက်သာသလို၊ သစ်ထုတ်လုပ်မှုလည်း လျော့နည်းသွားမှာဖြစ်သလို၊ သဘာဝပတ်ဝန်းကျင် ကိုထိန်းသိမ်းနိုင်ပြီး သဘာဝဘေးအန္တရယ်များလည်း လျော့နည်းသွားမယ်လို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ မွန်၊ ကရင်၊ တနင်္သာရီအပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်အများစုမှာ ရေးကြီးနစ်မြှပ် တာ၊ မိုးများတာ၊ မြေပြိုတာတွေစတဲ့ သဘာဝဘေးအန္တရယ်တွေကို ပြည်သူတွေခံစားနေရပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း လူဦးရေ သိန်းချီပြီးလည် ရေဘေးသင့်နေပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption လက်ရှိအချိန်မှာတော့ မွန်၊ ကရင်၊ တနင်္သာရီအပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်အများစုမှာ ရေးကြီးနစ်မြှပ် တာ၊ မိုးများတာ၊ မြေပြိုတာတွေစတဲ့ သဘာဝဘေးအန္တရယ်တွေကို ပြည်သူတွေခံစားနေရပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း လူဦးရေ သိန်းချီပြီးလည် ရေဘေးသင့်နေပါတယ်။

ထင်းသုံးစွဲမှု သက်သာစေတဲ့ စွမ်းအားမြှင့်မီးဖိုကို သဲ၊ ရွှံ့စေးမြေတို့နဲ့ ပြုလုပ်ထားတာဖြစ်ပေမယ့် အပူစွမ်းအင် ကိုပိုမိုရရှိစေတာကြောင့် ထင်းအကုန်အကျသက်သာစေပြီး မီးဖိုတစ်လုံးကို ၂နှစ်သုံးစွဲနိုင်မယ်လို့ ဖော်ပြပါတယ်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့ အိမ်ထောင်စုပေါင်း ၁၁သန်းလောက်မှာ ၆သန်းကျော်က ထင်းသုံးစွဲနေတယ်လို့လည်း ပါရှိပါတယ်။

ဓာတ်ပုံ မူပိုင် FFSS / HANDOUT/EPA
Image caption H1N1 သံသယရှိသူကလည်း ၁၂၅၂ယောက်အထိရှိနေပြီး အဲဒီထဲကမှ ရောဂါဖြစ် တယ်လို့ စစ်ဆေးတွေ့ရှိသူက ၅၂၀အထိရှိပါတယ်။ အဲဒီ ၅၂၀မှာ အယောက် ၂၀က ပြီးခဲ့တဲ့ ၄ရက်အတွင်း တိုးလာ

၄ရက်အတွင်း H1N1 ကြောင့် သေဆုံးသူ ၂ဦးထပ်တိုး၊ ရောဂါရှိသူလည်း ၂၀ ဦးတိုး

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်အရ သြဂုတ်လ ၁၀ရက်နေ့မှ ၁၃ရက်နေ့အထိ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၂ဦး ထပ်တိုးပြီး ရောဂါရှိသူလည်း နောက်ထပ် ၂၀ဦးထပ်တိုးလာပါတယ်။

ရာသီတုပ်ကွေး H1N1 စတင်ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီကစလို့ သြဂုတ် ၁၃ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၉၄ဦးထိရှိခဲ့ပြီး အဲဒီထဲမှာမှ ပြီးခဲ့တဲ့ ၄ရက်အတွင်းက သေဆုံးခဲ့သူ ၂ဦးလည်း ပါဝင်တာဖြစ်ပါတယ်။

ဒါ့အပြင် ရာသီတုပ်ကွေး H1N1 သံသယရှိသူကလည်း ၁၂၅၂ယောက်အထိရှိနေပြီး အဲဒီထဲကမှ ရောဂါဖြစ် တယ်လို့ စစ်ဆေးတွေ့ရှိသူက ၅၂၀အထိရှိပါတယ်။ အဲဒီ ၅၂၀မှာ အယောက် ၂၀က ပြီးခဲ့တဲ့ ၄ရက်အတွင်း တိုးလာတာလည်းဖြစ်ပါတယ်။

ရာသီတုပ်ကွေး H1N1 ရောဂါက အသက်ရှုလမ်းကြောင်းအတွင်းပိုးဝင်တာကြောင့်ဖြစ်ပြီး၊ နှာချေတာ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ပြီးဆိုးတာ၊ လူထူထပ်တဲ့နေရာကိုသွားတာတွေကို ရှောင်ရှား ရမယ့်အပြင်၊ လက်ကိုသန့်ရှင်းအောင် မကြာခဏဆေးကြောပေးဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က အသိပေးထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကြန့်ကြာနေတဲ့ပစ္စည်းတွေထဲမှာတော့ မိုဘိုင်းဖုန်း၊ လက်တော့၊ ဗီဒီယိုဂိမ်းတွေ၊ ကစားစရာပစ္စည်းတွေ၊ ကွန်ပျူတာမော်နီတာတွေ၊ ဖိနပ်နဲ့ဆက်စပ်ပစ္စည်းတွေအပြင် အဝတ်အထည်တွေ ပါဝင်

တရုတ်ကုန်ပစ္စည်းတွေကို အခွန်တိုးမယ့် အမေရိကန်ရဲ့အစီအစဉ် ကြန့်ကြာနေ

တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ့် အမေရိကန်ရဲ့အစီအစဉ်က ကျန်းမားရေး၊ ဘေးကင်းမှု၊ အမျိုးသားလုံခြုံရေးနဲ့ အခြားအကြောင်းအရာတွေကြောင့် ဒီနှစ် ဒီဇင်ဘာလလောက်အထိ ကြန့်ကြာနိုင်ပါတယ်။

အဲဒီလိုအခွန်တိုးကောက်ဖို့ ကြန့်ကြာနေတဲ့ပစ္စည်းတွေထဲမှာတော့ မိုဘိုင်းဖုန်း၊ လက်တော့၊ ဗီဒီယိုဂိမ်းတွေ၊ ကစားစရာပစ္စည်းတွေ၊ ကွန်ပျူတာမော်နီတာတွေ၊ ဖိနပ်နဲ့ဆက်စပ်ပစ္စည်းတွေအပြင် အဝတ်အထည်တွေ ပါဝင်ပါတယ်။

အဲဒီပစ္စည်းတွေမှအပ အခြားသော တရုတ်ရဲ့ ကုန်ပစ္စည်းတွေကိုတော့ လာမယ့် စက်တင်ဘာ ၁ရက်နေ့က စပြီး ၁၀ရာခိုင်နှုန်းအခွန်စည်းကျပ်မှာဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဟွာဝေးကုမ္ပဏီကို ကန့်သတ်မှု အမေရိကန်ကို တရုတ် လက်တုံ့ပြန်မယ်

အခုလိုပစ္စည်းအချို့အခွန်တိုးဖို့ ကြန့်ကြာရတာလည်း ခရစ်စမတ်မှာ အမေရိကန်ပြည်သူတွေအပေါ် ထိခိုက်မှုရှိနိုင်မှာကို ရှောင်ရှားချင်တာကြောင့်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ကသတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်က အခုလိုထုတ်ပြန်အပြီး မိနစ်အနည်းငယ်အကြာမှာပဲ တရုတ် စီးပွားရေးဌာနက ဒုတိယအကြီးအကဲကို အမေရိကန်ကုန်သွယ်ရေးအကြီးအကဲက ဖုန်းခေါ်ပြီး ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးမှုလုပ်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ