လက်ပံတောင်း အနောက်က တရုတ်ကြေးနီစီမံကိန်းသစ် ခြေလှမ်း

ဝါးစိမ်းတောင်ဒေသ ဓာတ်ပုံ မူပိုင် Aung May Ye FB
Image caption ဓါတ်သတ္ထုစမ်းသပ်ရှာဖွေတိုင်းတာဖို့ ယန်စီကုမ္ပဏီ တင်ထားတဲ့ ဝါးစိမ်းတောင်ဒေသ

မုံရွာတစ်ဘက်ကမ်း က ဒေသခံတွေ အသက်နဲ့ လဲပြီး ကာကွယ်ခဲ့ကြတဲ့ လက်ပံတောင်းစီမံကိန်းအကြောင်းကို လူအတော်များများ ကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ် ။

အခုစက်တင်ဘာလအတွင်းကပဲ လက်ပံတောင်းစီမံကိန်းနဲ့ မိုင်၂၀ လောက် အကွာမှာ မြန်မာယန်စီ တရုတ်ကုမ္ပဏီက နောက်ထပ်သတ္တုစီမံကိန်းသစ်တစ်ခုစမ်းသပ်ရှာဖွေမှာကို ကန့်ကွက်ဖို့မရှိဘူးဆိုပြီး တိုင်းအစိုးရ ကပြည်ထောင်စု အစိုးရ ကကို သဘောထားပေးပို့လိုက်ပါတယ်။

ဒါဟာ လက်ပံတောင်း အပြင်နောက်ထပ်စီမံကိန်း ရှာဖွေရေးကို တိုင်းအစိုးရ က ထောက်ခံပေးလိုက်တာဖြစ်ပြီးတော့ တိုင်းအစိုးရ ကကန့်ကွက်ရန်မရှိဘူးဆိုတာကြောင့် ပြည်ထောင်စု အစိုးရ က ကခွင့်ပြဖို့ကသေချာသလောက်ရှိတယ်လို့ လည်း ယင်းမာပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ဘီဘီစီကို ပြောပါတယ်။

မုံရွာတစ်ဘက်ကမ်း ကြေးနီသတ္ထုတူးဖော်ထုတ်လုပ်တဲ့စီမံကိန်းတွေကို လက်ပံတောင်းဒေသနဲ့ စံပယ်ကြေးစင်ဒေသမှာ လုပ်ကိုင်လျက်ရှိပြီးတော့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကုမ္ပဏီစတဲ့တရုတ်ကုမ္ပဏီတွေကလုပ်ကိုင်လျက်ရှိပါတယ်။

လက်ပံတောင်း မြေယာအစားထိုးပေးမဲ့ အစီအစဉ် တောင်သူတွေ ဘဝင်မကျ

လက်ပံတောင်း ရုန်းရင်းဆန်ခတ်တွင် ဦးဆောင်သူ ၃ ဦးကို အရေးယူ

ဓာတ်ပုံ မူပိုင် Aung May Ye FB
Image caption လမ်းမြေ ဆည်မြောင်းမြေ မြို့မြေ ရွာမြေ သာသနာမြေချန်ပြီး ဧက ၂၈၁၃၆ ဧက ကို ခွင့်ပြုပေး

အခုအဲဒီလုပ်ကွက်တွေရဲ့ အနီးနားက ယင်းမာပင် ဆားလင်းကြီးမြို့နယ်ထဲက ဝါးစိမ်းတောင်ဒေသမှာ ဧကတစ်သိန်းကျော်ကို ဓါတ်သတ္ထုစမ်းသပ်ရှာဖွေတိုင်းတာဖို့ ယန်စီကုမ္ပဏီမှ အစိုးရထံ မှာ ၂၀၁၈ ခုနှစ်က လျှောက်ထားခဲ့တာဖြစ်ပါတယ် ။

အဲဒီလျှောက်ထားမှုအပေါ်ပြည်ထောင်စုအစိုးရက တိုင်းအစိုးရကို သဘောထားတောင်းခဲ့ပြီးတော့ တိုင်းအစိုးရက စီမံကိန်းအတွက် ဧက နှစ်သောင်းကျော်ကို ကန့်ကွက်ရန်မရှိဆိုပီးစီစစ်ပြီး စက်တင်ဘာလ ၁၃ ရက်နေ့က သဘောထားမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

"ကျွန်မတို့ ဒေသကို စီမံကိန်းအတွက် သဘောထားလာကောက်တုန်း ဒေသခံတွေ သဘောမတူဘူးလို့ အားလုံး ကပြောထားပါတယ်။ လွှတ်တော်ထဲမှာ ဒီစီမံကိန်းနဲ့ပတ်သက်ပြီးမေးတဲ့ အခါ အစီစဉ်မရှိဘူးလို့ အစိုးရဘက်က ပြောထားပါတယ် ဒါပေမယ့် ဘာလို့ အခုလိုစမ်းသပ်လုပ်ကိုင်ခွင့်ပြုလိုက်တာလဲ ဆိုတာ ကတော့ နားမလည်အောင်ဖြစ်နေပါတယ် " လို့ ဒေါ်အောင်မေရီက ပြောပါတယ်။

စစ်ကိုင်တိုင်းအတွင်းမှာ တရုတ်ကုမ္ပဏီတစ်က နောက်ထပ်သတ္တုစီမံကိန်းသစ်တစ်ခု အစပျိုးလာတာ ကို ဒေသခံတွေက လုံးဝသဘောမတူတာကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဆန္ဒပြဖို့လည်းရှိနေတယ် လို့လည်း သူကဘီဘီစီကိုပြောပါတယ် ။

ဓာတ်ပုံ မူပိုင် Aung Mya Ye
Image caption မြန်မာယန်စီကုမ္မဏီကတော တိုးချဲ့စီမံကိန်းအတွက် စမ်းသပ်တိုင်းတာဖြစ်မြောက်ရေးလုပ်မယ်ဆိုပြီး တော့ လျှောက်ထားခဲ့တာဖြစ်

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကို မြန်မာယန်စီ ကုမ္မဏီကတော တိုးချဲ့စီမံကိန်းအတွက် စမ်းသပ်တိုင်းတာဖြစ်မြောက်ရေးလုပ်မယ်ဆိုပြီး တော့ လျှောက်ထားခဲ့တာဖြစ်ပါတယ် ။

စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့ အစည်းအဝေး က စက်တင်ဘာလ ၄ ရက်နေ့ အစည်းဝေးအပြီးမှာ ကုမ္မဏီ အဆိုပြုတဲ့ ဧက တစ်သိန်းကျော်ထဲက စိုက်ပျိုးမြေ လမ်းမြေ ဆည်မြောင်းမြို့မြေ ရွာမြေ သာသနာမြေချန်ပြီး ဧက ၂၈၁၃၆ ဧက ကို ခွင့်ပြုပေးလိုက်ပါတယ်။

အဲ့ဒီကြေးနီစီမံကိန်းဟာ စလာမယ် ဆိုရင်သဘာဝပတ်ဝန်းကျင်ပြဿနာ၊အလုပ်သမားပြဿနာနဲ့လူမှုရေးပွတ်တိုက်မှုပြဿနာများတွေ အများကြီး ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"လက်ပန်းတောင်းနဲ့ မိုင်၂၀လောက် ဝေးတာကို တိုးချဲ့စီမံကိန်းလို့ပြောတာ သဘောမတူပါဘူး၊ ကျွန်မက အခု သူတို့ မျက်စိ ကျနေတဲ့ ဝါးစီမ်းတောင် ရွာသူ ပါ၊ ကျွှ န်မတို့ဒေသမှာ အဲဒီစီမံကိန်း ဝင်လုပ်လို့ရအောင် ပညာတတ်နဲ့လူတွေ မရှိတော့ အလုပ်အကိုင်တွေရမယိဆိုတာ မဖြစ်နိုင်ဖူး နောက်တစ်ခု က သူတို့စမ်းသပ်တယ်ဆိုတာတူးချင်လို့စမ်းသပ်တာလေ မတူးချင်ရင်စမ်းသပ်မှာမဟုတ်ဘူး"လို့ လည်း ဒေါ်အောင်မေရီကပြောပါတယ် ။

ဓာတ်ပုံ မူပိုင် Ko Thet Monywa
Image caption စံပယ်တောင်ကြေးနီစီမံကိန်း ကြေးပြားထုတ်လုပ်သည့် လုပ်ငန်းခွင်

မြန်မာယန်စီရဲ့ ကြေးနီစီမံကိန်းတိုးချဲ့စီမံကိန်းသစ်စမ်းသပ်ခြင်းအပေါ်မှာ ဒေသခံပြည်သူတွေနဲ့လွှတ်တော်ကိုယ်စားလှယ် တွေ့ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိနေပါတယ်။

"ရှာဖွေတဲ့ သူတွေက ကျွန်မတို့ရဲ့ သယံဇာတတွေကို ရှာဖွေ တွေ့ရှိသွားပြီဆိုရင် သူတို့က နောက်မဆုတ်ဘဲ ရှေ့ကို မရ ရတဲ့နည်းနဲ့ လုပ်တော့မှာ ဖြစ်တဲ့အတွက် ကျွန်မသဘောထား အရတော့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အရ လွှတ်တော်ထဲကနေ တရားဝင် ကန့်ကွက်မယ်လို့ "လည်း ဒေါ်အောင်မေရီကပြောပါတယ် ။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဟာ ယခု အချိန်ထိ ဒေသခံတွေနဲ့ ပြဿနာ ရှိနေချိန်မှာ အခုလို နောက်ထပ်စီမံကိန်းနဲ့ ပတ်သက်ပြီး အများဆန္ဒနဲ့ ဆန့်ကျင်ပြီး လုပ်လာတာကိုလည်း ဝေဖန်နေကြပါတယ်။

"ဒေသခံတွေ ကတောတောင်တွေ မှီခိုပြီးလုပ်ကိုင်စားနေရတာ သူတို့ ကသဘာဝပတ်ဝန်းကျင်ပျက်မှာစိုးရိမ်တယ်။ စီမံကိန်းကြောင့်အလုပ်ရမယ်ဆိုတာကလည်းလက်ပံတောင်းတို့ စံပယ်တောင်တို့ကို ကြည့်လေ အားလုံးကို အလုပ်မပေးနိုင် ဘူး နောက်မျိုးဆက်အတွက်လည်း ဒေသမှာ ဘာမှ မရှိတော့မှာ စိတ်ပူကြတာပေါ့ "လို့လည်းဒေါ်အောင်မေရီကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Ko Thet Monywa
Image caption လက်ပံတောင်းစီမံကိန်းမှာ ဒေသခံတွေပညာအရည်ချင်းကြောင့် အလုပ်သတ်မှတ်တဲ့ ပမာဏ မရခဲ့ပါဘူးလို့တိုင်း လွှတ်တော်မှာပြော

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကို တိုင်းအစိုးရအနေနဲ့တော့ တူးဖော်ထုတ်လုပ်ရန်သဘောတူကြောင်း သဘောထားမှတ်ချက်ပေးတာတော့မဟုတ်ပါဘူး ။

စမ်းသပ်ရှာဖွေတိုင်းတာမယ့်အပေါ် ကန့်ကွက်ရန်မရှိကြောင်း စိစစ် သဘောထားပေးခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့် စမ်းသပ်ပြီးမတူးပါဘူးလို့ ဘယ်သူကမှအာမခံချက် မပေးပါဘူး။

စမ်းသပ်ရုံမျှသာဖြစ်တယ် တူးဖော်မှုမလုပ်ပါဘူးလို့ ယုံကြည်လောက်ဖွယ် တရားဝင်ပြောကြားချက်များမရှိတဲ့အတွက် ဒေသခံများအနေနဲ့ မိမိတို့ဒေသအပေါ်စိုးရိမ်မှုတွေမြင့်လာနေတာလို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။