တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU ဥက္ကဋ္ဌ တွေ့ဖို့ ညှိနေ

အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေး မကျင်းပနိုင်တာ တစ်နှစ်ကျော်နေပြီဖြစ် ဓာတ်ပုံ မူပိုင် THET AUNG/AFP/Getty Images
Image caption အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေး မကျင်းပနိုင်တာ တစ်နှစ်ကျော်နေပြီဖြစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ဆို့နေမှုကို ဖြေရှင်းတဲ့နေရာမှာ ဆွေးနွေးဖက်အားလုံးပါဝင်ဖို့လိုအပ်ပြီး လူစုံတက်စုံမပါရင် အထစ်အငေါ့ရှိတဲ့အခါ ပြေလည်အောင်ညှိဖို့ နှောင့်နှေးနိုင်တယ်လို့ အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ဖြစ်တဲ့ RCSS အဖွဲ့အကြံပေး ဦးခွန်စိုင်းက ပြောပါတယ်။

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ နေပြည်တော် ခရီးစဉ် ပျက်တာဟာ လုံခြုံရေး အခြေအနေအရ စိတ်မချရတဲ့အတွက် တပ်မတော်ဘက်က ခွင့်မပြုရ တာဖြစ်တယ်လို့ တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးယွက်စစ်ကို လေယာဉ်နဲ့လာဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က အားလုံးစီစဉ်ပေးထား ပေမယ့် RCSS ဘက်က ကုန်းလမ်းဘက်က လာချင်တာဖြစ်ပြီး သူဖြတ်သန်းသွားမယ့်လမ်းကြောင်းမှာ ပြဿနာတချို့ရှိနေတယ်လို့ သူက ဆိုပါတယ်။

"သူဖြတ်သန်းသွားမယ့်လမ်းကြောင်းမှာ ပန်ပိ-ပန်တဝိနယ်မြေမှာ ပအိုဝ်းအဖွဲ့ PNO နဲ့ RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီ ပန်ပိပန်တဝိဘက်မှာ PNO ရွာတွေကို RCSS က မီးရှို့ခဲ့တာတွေ သတ်ဖြတ်ခဲ့တာတွေရှိတယ်ဆိုတဲ့အတွက်ကြောင့် သူဖြတ်သန်းမယ့်နယ်မြေတွေထဲမှာ အဲဒီအဖွဲ့တွေ လည်းရှိပါတယ်။ နောက်တစ်ခုက ရလခနယ်မြေထဲမှာ ထိတွေ့တိုက်ပွဲမရှိပေမယ့် ကျွန်တော်တို့ မူးယစ်ဆေးဝါးဖမ်းဆီးတာတွေရှိတယ်။ အဲဓီမှာလှုပ်ရှာေးနတဲ့အဖွဲ့တွေရှိတယ်။ ဒါကြောင့်ကုန်းလမ်းခရီးက လုံခြုံရေးအနေအထားအရ တော်တော်ကိုစိတ်မချရတဲ့အနေအထားဖြစ်ပါတယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption တစ်ခုခုဖြစ်သွားလို့ရှိရင် တပ်မတော်နယ်မြေထဲ ဝင်လာတာဖြစ်တဲ့အတွက် အဓိက တာဝန်ရှိ တာက လုံခြုံရေးအဖွဲ့တွေဖြစ်

ဒါကြောင့် တစ်ခုခုဖြစ်သွားလို့ရှိရင် တပ်မတော်နယ်မြေထဲ ဝင်လာတာဖြစ်တဲ့အတွက် အဓိက တာဝန်ရှိ တာက လုံခြုံရေးအဖွဲ့တွေဖြစ်ပြီး လုံခြုံရေးကိုအဓိကဆောင်ရွက်နေတာက တပ်မတော်နဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဖြစ်တာကြောင့် တာချီလိတ်ကနေ လေယာဉ်နဲ့လာဖို့ စီစဉ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ခရီး စဉ်နဲ့ ပတ်သက်လို့ ပြန်ညှိနှိုင်းစေ့စပ်မှုတွေလုပ်နေပေမယ့် လက်ခံတာမခံတာကတော့ RCSS အပိုင်း ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က သူ့ဌာနချုပ် လွယ်တိုင်းလျှံကနေ ဟိုမိန်း-လင်းခေး-တောင်ကြီး လမ်းကြောင်းက တစ်ဆင့် ကုန်းလမ်းကနေ နေပြည်တော်ကို လာဖို့ စီစဉ်ထားတာကို အစိုးရဘက်က ခွင့်ပြုထားပေမယ့် အရှေ့အလယ်ပိုင်းတိုင်း တိုင်းမှူးက ခွင့်မပြုတဲ့အတွက် အောက်တိုဘာ ၂၅ ရက်မှာ လမ်းတစ်ဝက်ကနေ ပြန်ခဲ့ရတယ်လို့ RCSS အကြံပေးဦးခွန်စိုင်းက ပြောပါတယ်။

"အစိုးရဘက်က တာချီလိတ်ကနေ လာဖို့ ထပ်အကြောင်းကြားပါတယ်။ ဒါပေမဲ့ တာချီလိတ်ကို ထိုင်းဘက် က ဝင်ဖို့ ထိုင်းအာဏာပိုင်တွေကို ငါးရက်ကြိုအကြောင်းကြားရမှာဆိုတော့ အချိန်လည်းမမီတော့တဲ့အတွက် အဆင်မပြေတော့ပါဘူး။ ဒီတော့ NCA လေးနှစ်ပြည့်လည်းမတက်နိုင်သလို JICM အစည်းအဝေး လုပ်ဖြစ်ခဲ့ ရင်တောင် လူစုံတက်စုံတော့ မဟုတ်တော့ဘူးပေါ့" လို့ ဦးခွန်စိုင်း က ပြောပါတယ်။

NCA စာချုပ်ဟာ အစိုးရပိုင်တာလည်းမဟုတ်၊ တပ်မတော်ပိုင်တာလည်းမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေက စဆွဲတာဖြစ်တယ်၊ ငြိမ်းချမ်းရေးစတင်ဖိတ်ခေါ်ချိန်ကနေ စာချုပ်လက်မှတ်ထိုး တဲ့အထိဖြစ်လာဖို့ လေးနှစ်ကြာခဲ့ပြီး ဒီနှစ်ပတ်လည်အခမ်းအနားလုပ်ရတာက စာချုပ်ဖြစ်ပေါ် လာဖို့ ကြိုးပမ်းမှု၊ စာချုပ်ရဲ့အနှစ်သာရနဲ့ စာချုပ်ဖြစ်လာဖို့ လုံးပန်းရတဲ့အချိန်က စည်းလုံးညီညွတ်မှုတွေကို အမှတ်ရစေဖို့ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒီလိုပွဲမျိုးကိုအနှောင့်အယှက်ကင်းကင်းနဲ့ တက်ရောက်ဖို့မျှော်လင့်ပြီး အားလုံးပူးပေါင်းဆောင်ရွက်တာက ငြိမ်းချမ်းရေးအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ သူက ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU ဘာကြောင့်တွေ့မှာလဲ

နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆယ်ဖွဲ့ လက်မှတ်ရေးထိုးထားပြီး လေးနှစ်မြောက်နှစ်ပတ်လည်ပွဲတက်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးလည်း ဒီကနေ့ အောက်တိုဘာ ၂၆ ရက်မှာ ဌာနချုပ်ကနေ ထွက်ခွာလာတယ်လို့ အဲဒီအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ROMEO GACAD
Image caption KNU ဘက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ ခွင့်တောင်းထားတာ ညှိနှိုင်းဆဲ

KNU ဘက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ ခွင့်တောင်းထားတာ ညှိနှိုင်းဆဲပဲဖြစ်ပြီး NCA လေးနှစ်ပြည့်ပွဲအပြီး နောက်ပိုင်းမှာတော့ ဖြစ်နိုင်ခြေရှိတယ်လို့ ပဒိုစော ကွယ်ထူးဝင်းကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နှစ်ဖက်ညှိနှိုင်းနေပြီး တွေ့ဆုံချိန်မှာ သတင်းထုတ်ပြန်သွားမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တဲ့အခါ အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စတွေတင်ပြဖို့ရှိပြီး အဲဒီက တစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာမှာ နားလည်မှုရှိရှိနဲ့ ပိုမိုသွက်လက်မြန်ဆန် အောင်လို့ ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။

NCA လေးနှစ်ပြည့်အခမ်းအနားအပြီးမှာ ထိပ်သီးခေါင်းဆောင်တွေတက်ရောက်ရမယ့် အပစ်ရပ်စာချုပ် အကောင်အထည်ဖော်ရေးအစည်းအဝေး JICM ကို ကျင်းပဖို့ စီစဉ်ထားပေမယ့် ကြိုတင်ညှိနှိုင်း ပြင် ဆင်မှုတွေလုပ်ရမှာမို့ JICM အစည်းအဝေးကို ဆက်တိုက်လုပ်သွားနိုင်တဲ့အနေအထားတော့ မရှိသေးဘူးလို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် THET AUNG
Image caption အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေး JICM ကို မကျင်းပနိုင်တာ တစ်နှစ်ကျော်နေပြီဖြစ်လို့ အမြန်ဆုံး ကျင်းပလို

NCA စာချုပ်ပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဖို့ သုံးလတစ်ကြိမ်ပြုလုပ်ရတဲ့ အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေး JICM ကို မကျင်းပနိုင်တာ တစ်နှစ်ကျော်နေပြီဖြစ်လို့ အမြန်ဆုံး ကျင်းပဖို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေကနေ ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ အခုတော့ ဒီအစည်းအဝေးလုပ်ဖို့ အကြိုညှိနှိုင်းမှုကို အောက်တိုဘာ ၂၅ ရက်က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြုလုပ်ခဲ့ပြီး ပဏာမသဘောတူညီချက် ကိုးချက်ရရှိထားပြီးဖြစ်ပါတယ်။

ခေါင်းဆောင်တွေအကုန်စုံမှ JICM အစည်းအဝေးကို လုပ်မယ်ဆိုတာမျိုး ကန့်သတ်တာမျိုးမရှိပေမယ့် လုပ်ခဲ့မယ်ဆိုရင်တော့ အထစ်အငေါ့တွေရှိလာခဲ့ရင် နှောင့်နှေးကြန့်ကြာသွားနိုင်တယ်လို့ ဦးခွန်စိုင်းက ပြောပါတယ်။

"မနေ့က JICM ကိုတင်ပြဖို့ ပဏာမသဘောတူညီချက်ကိုးချက်ကို ရရှိတယ်ကြားတယ်။ ဒါကို JICM မှာ လုံးဝအတည်ပြုပြီးတော့မှ UPDJC ခေါ်မယ်။ ဒီကနေမှ ပင်လုံညီလာခံဖြစ်ပေါ်ရေး လုပ်ဆောင်မယ်။ အဲဒီ ကိုးချက်က ထွက်လာတဲ့ရလဒ်တွေကလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေပြုသော ပြည်ထောင်စု တည်ထောင်ရေး အထောက်အကူပေးမှာဖြစ်တယ်။ တကယ်လို့ JICM က မဖြစ်ဘူးဆိုရင် အများကြီး နောက်ကျသွားမယ်။ လုပ်ချင်ရင် လုပ်လို့တော့ရမယ်။ တကယ့်အရေးပါတဲ့ခေါင်းဆောင်တွေမပါဘဲလုပ်ရင် အများကြီးအထစ် အငေါ့ဖြစ်နိုင်တာပေါ့" လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ