မြန်မာတက္ကသိုလ်တွေက သုတေသနစာတမ်း အတုပြဿနာ

သုတေသနစာတမ်းစစ်ဆေးမှု အဖွဲ့ ဓာတ်ပုံ မူပိုင် Ko Ko
Image caption သုတေသနစာတမ်းစစ်ဆေးမှု အဖွဲ့

မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက ဆရာ၊ ဆရာမ တွေ ၂၀၁၉ ခုနှစ် အတွင်းတင်သွင်းခဲ့တဲ့ သုတေသန စာတမ်း ၂၀၀၀၀ နီးပါး ကို နေပြည်တော် ပညာရေးဝန်ကြီးဌာန မှာ ဘာသာရပ်အသီးသီးက ဆရာ၊ ဆရာမ အင်အား ၅၀၀ ကျော်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဆေးခဲ့ရာမှာ စာတမ်းအတု တစ်ထောင် ကျော် စိစစ်တွေ့ရှိထားတယ်လို့ သုတေသနစာတမ်းစစ်ဆေးမှု အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းနိုင် ကပြောပါတယ်။

တစ်ဦးတည်း ကိုသုတေသန စာတမ်း အတု ၂၀ ကျော်အထိ တင်ထားတာတွေ တွေ့ရတယ်လို့လည်း သူကပြောပါတယ်။

နေပြည်တော် ပညာရေးဝန်ကြီးဌာန မှာ တက္ကသိုလ် ဘာသာရပ်အသီးသီး က ဆရာ၊ ဆရာမ အင်အား ၅၀၀ ကျော်နဲ့ရာထူးတိုးပြောင်းမှုအတွက် သုတေသနစာတမ်းစစ်ဆေးမှုတွေ ကို အောက်တိုဘာ၂၄ ရက်မှစတင်ကာ စတင် ခဲ့ တာလည်းဖြစ်ပါတယ်။

စာတမ်း အတုတွေ အများဆုံးတွေ့ရတဲ့ ဘာသာရပ်ကတော့ သိပ္ပံ ဘာသာရပ်တွေ ဖြစ်ပြီး အိန္ဒိယ ဘက်က ဝယ်တာတွေ အများဆုံးတွေ့ ရတယ်လို့လည်း ဒေါက်တာထွန်းထွန်းနိုင် ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Ko Ko
Image caption သုတေသနစာတမ်းစစ်ဆေးမှုသတ်မှတ်ချက်များ

အဲဒီ့ သုတေသနစာတမ်းတွေ ကို တချို့ဟာ ဖြတ်ညှပ် ကပ် လုပ်ထားတာ၊ ပြန်ကူးထားတာတွေ ၊ပါပြီး သက်ဆိုင်ရာ ဝက်ဆိုဒ် တွေမှာ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးပြီးတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သုတေသနစာတမ်းစစ်ဆေးမှု အဖွဲ့ ဝင်တွေကပြောပါတယ် ။

တချို့ဟာတွေ က အတုတော့မဟုတ်ဘူး ပိုက်ဆံပေးရင် နိုင်ငံတကာ သုတေသနဂျာနယ် မှာ ထည့်ပေးတာမျိုး လုပ်တာ လည်းရှိတယ် လို့ ပြည်တက္ကသိုလ် က ကထိက ဆရာမ တစ်ဦးကပြောပါတယ် ။

အဲဒီစာတမ်းထည့်ပေးတဲ့ ဂျာနယ်တွေဟာ သုတေသန စာတမ်းတွနဲ့ ပတ်သက်ပြီး ခေါင်းပုံဖြတ်ပြီးလုပ်စားတဲ့ဂျာနယ်တွေတွေ့ရတယ်လို့လည်း သုတေသနစာတမ်းစစ်ဆေးမှု အဖွဲ့ ဝင်တွေကပြောပါတယ်။

နိုင်ငံခြားသုတေသနစာတမ်းအတုတစ်စောင်ကို ၂၅ ဒေါ်လာ ကနေ ဒေါ်လာ ၅၀ ထိ ဝယ်ယူပြီး ရာထူးတိုးလျှောက်လွှာနဲ့အတူ တင်ကြတာကို စိစစ်ရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့ပါတယ် ။

တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ ရာထူးတိုး ဖို့အတွက်ကို လုပ်သက်ရယ်၊ သုတေသနစာတမ်း ရယ်ပေါင်းပြီးကြီးစဉ်ငယ်လိုက်စီပြီးတော့ ရာထူးတိုးပေးတာကို ပညာရေးဝန်ကြီးဌာန က မနှစ် က စတင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ko Ko
Image caption အပယ်ခံရတဲ့ စာတမ်းပိုင်ရှင်တွေရဲ့ အမည်၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ အပယ်ခံရတဲ့စာတမ်းအရေအတွက် တွေကို သက်ဆိုင်ရာပေးဖို့ရှိ

အဲဒီမှာ သုတေသနစာတမ်းတစ်ခုကို နှစ်မှတ်ရတော့ သုတေသနများလေ ရာထူးတတ်လေဆိုတော့ အမှတ်များအောင် လုပ်ကြတာလို့ လည်းရူပဗေဒ ဘာသာ က ကထိက တစ်ဦးကပြောပါတယ်။

မကြာမီရက်ပိုင်းအတွင်းမှာအပယ်ခံရတဲ့ စာတမ်းပိုင်ရှင်တွေရဲ့ အမည်၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ အပယ်ခံရတဲ့စာတမ်းအရေအတွက် စာရင်းကို ပါမောက္ခချုပ်တွေဆီကို ပို့ပေးသွားမယ်လို့ လည်း စိစစ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်

စိစစ်တွေ့ရှိထားတဲ့ သုတေသနစာတမ်း အတုတင်ထားတွေ ကို အရေး ယူ ဖို့ ပညာရေးဝန်ကြီးဌာနကို တင်ထားတယ်လို့လည်းဒေါက်တာထွန်းထွန်းနိုင် ကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ရာထူးတိုးတွေမှာ အခုလို သုတေသန စာတမ်း အတုတွေနဲ့ ရာထူးတိုးသူတွေလည်းပါတယ် လို့လည်း တက္ကသိုလ် ကထိက အသိုင်းဝိုင်း ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Ko Ko
Image caption ရာထူးတိုးသတ်မှတ်ချက်

သုတေသနစာတမ်း(paper)အတုတွေနဲ့ ရာထူးတိုးသွားပြီးသူတွေ၊ ရာထူးတိုးပြောင်းတင်ထားသူတွေကို ပြင်းထန်စွာ သတိပေးဖို့ ၊ရာထူးပြန်လျှော့ ဖို့ ၊နယ်တွေ ပို့ ဖို့၊ ရာထူးတိုး နှစ်ကန့်သတ် ရပ်ဆိုင်း ဖို့၊

အမည်ပျက်စာရင်းထည့်ဖို့ စတဲ့အချက်တွေကို စစ်ဆေးကြတဲ့ဆရာဆရာမတွေရဲ့သဘောထားမှတ်ချက်၊ တွေကိုပေးထားပါတယ်။

အခုလောလောဆယ်တော့ ဘယ်လို အရေးယူ မယ်ဆို တာကို ပညာရေးဝန်းကြီးဌာန က ထုတ်ပြောတာမျိုး မရှိသေးပါဘူး။

တက္ကသိုလ် ကထိက အသိုင်းအဝိုင်းမှ ယအခု လို သုတေသန စာတမ်း အတုတွေပြသာနာ ထွက်လာတာ ကြောင့် သုတေသန မှန်မှန်ကန်ကန်လုပ်နေ သူတွေ အတွက် ပါ ထိခိုက်တယ်လို့ လည်း ပြည်တက္ကသိုလ်က ဆရာမတစ်ဦးကပြောပါတယ်။

လာမယ့်အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက် တွေမှာ နည်းပညာ တက္ကသိုလ်တွေက တင်သွင်းတဲ့ သုတေသနစာတမ်းတွေကိုလည်းစိစစ်ဖို့ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ