အေအေ အဖွဲ့ ဖမ်း သွားသူတွေထဲက ၁၄ ဦး ပြန်ကယ်နိုင်

ဓာတ်ပုံ မူပိုင် cnicds
Image caption ၁၄ ဦး ကို နေရာအသီးသီးမှ ရှာဖွေတွေ့ရှိ ကယ်တင်နိုင်ခဲ့

ရက္ခိုင့်တပ်တော် အေအေ က ဖမ်းဆီးခဲ့တဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထဲက ၁၄ ဦး ကို ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို မြန်မာတပ် မတော်ဘက် က သတင်းထုတ်ပြန်ပါတယ်။

ဘယ်သူတွေကို ကယ်တင်နိုင်ခဲ့တယ်ဆိုတာကို တော့ သတင်း ထုတ်ပြန်ချက်မှာမဖော်ပြထားပါဘူး ။

အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်း ကတော့ တပ်မတော်သား ၁၄ဦး၊ရဲတပ်ဖွဲ့ဝင် ၂၉ဦး၊အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၂ဦး၊အရပ်သား ၁၃ဦး စုစုပေါင်း ၅၈ယောက်ကို အေအေ အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့ သတင်းထုတ်ပြန်ထားပါတယ် ။

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ၁၀ နာရီ ၂၀ မိနစ်ခန့် က စစ်တွေ ကနေ ဘူးသီးတောင်ပြေးဆွဲနေတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ရေမျက်ကျေးရွာ အနီး မှာ အေအေ အဖွဲ့က လက်နက်ငယ်တွေနဲ ပစ်ခတ်ပြီး ကမ်းကို ကပ်ခိုင်းခဲ့ကာ လိုက်ပါလာတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း အချို့ကို ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ် ။

ဓာတ်ပုံ မူပိုင် cnicds
Image caption ရဟတ်ယာဉ် ကျည်အချို့ထိမှန်ခဲ့

တပ်မတော်က ကယ်ဆယ်ရေး ဆောင်ရွက်စဉ် မှာ ပို့ဆောင်ရေး ရဟတ်ယာဉ်တွေသုံးခဲ့ပြီး ရဟတ်ယာဉ် ကျည်အချို့ထိမှန်ခဲ့ကာ ရဟတ်ယာဉ်မှူး ၁ ဦးမှာ ဒဏ်ရာရခဲ့တာရှိပါတယ်။ဒါကြောင့် ပစ်ခတ်နှောင့်ယှက် တဲ့ နေရာတစ်ဝိုက်ကို သတိပေးပစ်ခတ်မှုတွေ ပြန်လည်ပြုလုပ်ခဲ့တယ်လို ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ အေအေ ရဲ့ ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးထားသူတွေကို စစ်ဆေးမှုပြုဖို့ လှေတွေနဲ့ ပြောင်းရွှေ့နေစဉ် တပ်မတော်က စစ်ရဟတ်ယာဉ် ၃ စီးနဲ့ ကျောက်တန်းနယ်မြေတဝိုက်ကို ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးထားသူတွေထဲက တချို့ဟာ လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

"ဘယ်နှစ်ယောက် သေသွားလဲ၊ ထိခိုက်ဒဏ်ရာရသလဲ၊ ဘယ်လောက်က ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေနဲ့ ဘေးကင်းလုံခြုံစွာရှိသလဲ ဆိုတာ ဆက်ပြီးတော့ စိစစ်နေတုန်းပါ" လို့ အေအေပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

တပ်မတော်ဘက်ကတော့ "ဖမ်းဆီးခံရသူတွေကို ပြန်လည်ကယ်ဆယ်နိုင်ဖို့ ရတဲ့နည်းလမ်းနဲ့ လုပ်ဆောင်မှာ ဖြစ်တယ်" လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ရေယာဉ်ပေါ်က လူတွေကိုအေအေ ဘက်က ဖမ်းဆီးခဲ့တာကြောင့် တပ်မတော်က လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်ခဲ့ပြီး အဲ့ဒီဒေသအနီးတဝိုက်ရွာသားတွေဟာ ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စောစောပိုင်းကတော့ တပ်မတော်ဘက်ကတော့ အေအေ ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ဖြစ်တယ်ဆိုပြီးတော့ တုံ့ပြန်ပြောထားပါတယ်။

ကယ်ဆယ်ရှာဖွေရေးတွေ ဆက်လုပ်နေပြီးတော့ အဲဒီ ၁၄ ဦး ကို နေရာအသီးသီးက ရှာဖွေတွေ့ရှိ ကယ်တင်နိုင်ခဲ့ တာလို့လည်းပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ