ငြိမ်းချမ်းရေးပြန်မစနိုင်ရင် တိုက်ပွဲတွေပြန်ဖြစ်ရင် ပိုပြီးပြင်းထန်တဲ့သဘာဝရှိတယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လို အတားအဆီးတွေ ရှိနေလဲ။

တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေနဲ့ အစိုးရတို့ကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တာ လေးနှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နှေးကွေးနေတယ်၊ ဒီသဘောတူစာချုပ် အကောင်အထည်ဖော်ရေးမှာ အခက်အခဲတွေ ရှိနေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ထောက်ပြကြပါတယ်။

ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လို အတားအဆီးတွေ ရှိနေလဲ။ ဒါကိုကျော်လွှားဖို့ ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။

NCA လုပ်ငန်းစဉ်တစ်လျှောက်မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်နိုင်ဦးကို ဘီဘီစီအကြီးတန်း သတင်းထောက် စောရန်နိုင်က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ရိုက်ကူး - စံကျော်ထွန်း