ရခိုင်မှာ တစ်ရက်တည်း ကျေးရွာသုံးရွာမီးလောင်၊ICJ မှာ မြန်မာဘက်က ရှေ့နေ့လိုက်တဲ့ ပါမောက္ခ ဝီလီယံရှေဘတ်စ် ရန်ကုန်တက္ကသိုလ်မှာ လာရောက်ဟောပြောအပါအဝင် မနက်ခင်းသတင်းများ

ပါမောက္ခ ဝီလီယံရှေဘတ်စ် ရန်ကုန်တက္ကသိုလ်မှာ လာရောက်ဟောပြောဖို့ ရောက်ရှိ

ဓာတ်ပုံ ရင်းမြစ်, KHINMGWIN SHWEINNTHAR

ဓာတ်ပုံ ပုံစာ,

ပါမောက္ခ ဝီလီယံရှေဘတ်စ် ရန်ကုန်တက္ကသိုလ် ရောက်ရှိ

ICJ မှာ မြန်မာဘက်က ရှေ့နေ့လိုက်တဲ့ ပါမောက္ခ ဝီလီယံရှေဘတ်စ် ရန်ကုန်တက္ကသိုလ်မှာ လာရောက်ဟောပြော

အပြည်ပြည်ဆိုင်ရာတးရုံးICJ တွင် မြန်မာနိုင်ငံဘက်မှ ရှေ့နေလိုက်ပေးခဲ့တဲ့ ပါမောက္ခ ဝီလီယံရှေဘတ်စ်ဟာ ရန်ကုန်တက္ကသိုလ်မှာ လာရောက်ဟောပြောဖို့အတွက် ဒီကနေ့ မတ် ၅ ရက်နေ့မှာ ရန်ကုန်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ပါမောက္ခ ရှေဘတ်စ်ဟာ နိုင်ငံတကာ ရာဇဝတ်ဥပဒေနဲ့ လူ့အခွင့်အရေးဥပဒေတွေ ကျွမ်းကျင်သူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

တိုက်ပွဲတွေကြောင့် ကျေးရွာတွေမီးလောင်တာ၊ ကလေးငယ်တွေအပါအဝင်အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏဆိုသလိုရှိလာ

ရခိုင်မှာ တစ်ရက်တည်း ကျေးရွာသုံးရွာမီးလောင်

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ အကြား မတ်လ ၄ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေ ကြောင့် ကျော်တော်မြို့ထဲက ကျေးရွာ ၃ ရွာ မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဒေသခံတွေကပြောပါ တယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေကတော့ ကျောက်တော်မြို့နယ်အတွင်းက လိပ်ခေါင်းကျေးရွာ၊ ပွီဟုန်းရွာသစ်နဲ့ မုန့်သန်းပြင်ကျေးရွာတွေဖြစ်ကြပြီး ရခိုင်နဲ့ ခမီလူမျိုးတွေနေထိုင်တဲ့ လိပ်ခေါင်းကျေးရွာဟာ နေ့လည် ၂ နာရီလောက်မှာစတင်လောင်ကျွမ်းခဲ့ပြီး အဲ့ဒီရွာမှာ နေအိမ် ၃၀ ဝန်းကျင်လောက် သာရှိကာ တစ်ရွာလုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ မီးဝကျေးရွာက အမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ပွီဟုန်းရွာသစ် ကျေးရွာမှာကိုလည်း ညနေ ၆ နာရီခွဲလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၆ ဆောင်မီးလာင်ပြီး အသက် ၃၀ အရွယ် ကိုအလုံးဆိုသူ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ မုန့်သန်းပြင် ကျေးရွာက နေအိမ်တစ်လုး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ပြောပါတယ်။

မတ်လ ၄ ရက်နေ့က မီးချောင်းကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး နှစ်ဖက်တိုက်ခိုက် မှုတွေအတွင်း လက်နက်ကြီးပစ်ခတ်တာတွေရှိနေသလို တပ်မတော်ဘက်က ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ အေအေဘက် ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ကဝမြို့နယ်တွေအကြားမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းကနေ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေကြပြီး လေယာဉ်ပစ်ကူတွေနဲ့ တိုက်ခိုက်တာတွေလည်း ပြင်းပြင်းထန်ထန်ပြုလုပ်နေတယ်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ကိုရိုနာဗိုင်းရပ်စ် ကြောင့် ရုပ်ရှင်ထူးချွန်ဆုအပါအဝင် ပွဲအချို့ ရပ်ဆိုင်းတာ ရွှေ့ဆိုင်းတာရှိလာ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မတ်၄ရက်နေ့အထိ မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရုပ်ရှင်ထူးချွန်ဆုအပါအဝင် ပွဲအချို့ ယာယီရပ်ဆိုင်းတာတွေရှိလာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မတ် ၄ရက်နေ့ထိ တရားဝင်ထုတ်ပြန်ချက်များအရ စောင့်ကြည့် လူနာနဲ့ သံသယလူနာများကို ဓာတ်ခွဲအတည်ပြုစစ်ဆေးချက်တွေအရ COVID-19 ကူးစက်ဖြစ်ပွားသူ လူနာမတွေ့ရှိသေးဘူးလို့သိရပါတယ်။

မတ် ၄ ရက်နေ့မှာ ထပ်မံစစ်ဆေးချက်တွေအရ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်နေတဲ့တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း စောင့်ကြည့်လူနာ ၅ဦးရဲ့ဓာတ်ခွဲနမူနာရယူ စစ်ဆေးချက်တွေအရ ရောဂါပိုးမတွေ့ရှိကြောင်း ထပ်မံထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 အမည်ရှိ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူမတွေ့ရှိသေးသောလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားနေတဲ့အခြေအနေတွေအရ မြန်မာနိုင်ငံအတွင်းက တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအပါအဝင် ကျင်းပနေကြ ပွဲလမ်းသဘင်အချို့ကိုလည်း ကျင်းပခြင်းမပြုဘဲ ရပ်ဆိုင်းတာ၊ ယာယီရွှေ့ဆိုင်းတာတွေလည်းရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ မတ်၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ COVID-19 ကူးစက်ပြန့်ပွားမှုဟာ ၇၆ နိုင်ငံအထိ ပြန့်နှံ့နေပြီး စုစုပေါင်းကူးစက်ခံရသူ ၉သောင်းကျော်နဲ့ သေဆုံးသူ သုံးထောင်ကျော်အထိရှိလာပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နယူးယောက်မှာလည်း ကူးစက်ခံထားရသူ ၂ဦးတွေ့ရှိထား

ကယ်လီဖိုးနီးယားမှာ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေအဖြစ်ကြေညာ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ကိုရိုနာရောဂါ ကူးစက်ပျံ့ပွားမှုကို အရေးပေါ်အခြေအနေအဖြစ် ပြည်နယ်အုပ်ချုပ်ရေးမှူးက ကြေညာလိုက်ပါပြီ။

ဒီကြေညာချက်ကြောင့် ကယ်လီဖိုးနီးယားပြည်နယ်ဟာ ကောင်တီ ၁၂ ခုမှာ ပျံ့နေပြီး တစ်ဦးသေ၊ ကူးစက်မှု ၅၀ ကျော်အထိရှိဖြစ်စေတဲ့ ဒီဗိုင်းရက်စ် တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေ ပိုသုံး ခွင့်ရလာမှာပါ။

တစ်ချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု နှေးအောင် ကြိုးပမ်းတဲ့အနေနဲ့ ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ဖို့ တိုက်တွန်းတဲ့ ကုမ္ပဏီတွေ အမေရိကန်မှာ ပိုများလာ ပါတယ်။ အဲဒီကုမ္ပဏီတွေထဲမှာ ဝါရှင်တန်အခြေစိုက် ကွန်ပြူတာ ကုမ္ပဏီကြီး မိုက်ခရိုဆော့လည်း ပါဝင်ပါတယ်။