မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရ သူ တတိယမြောက်တစ်ဦးထပ်တွေ့

Image caption သုဝဏ္ဏဘူမိ လေဆိပ်ကတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သူ

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူနှစ်ဦး မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး တတိယမြောက်တစ်ဦးထပ်တွေ့ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂၅ရက်နေ့က ထုတ်ပြန်ပါတယ်။

ကူးစက်ခံရသူ ဟာ အင်္ဂလန်နိုင်ငံမှ ပြန်လာတဲ့ မြန်မာနိုင်ငံသားဖြစ်ပြီး၊ အင်းစိန်မြို့နယ်မှာနေထိုင်သူ၊ အသက်၂၆ နှစ် အရွယ်ဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

အင်္ဂလန်နိုင်ငံက မတ်လ ၂၁ ရက် နေ့မှာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်ကတစ်ဆင့် လေကြောင်းခရီးနဲ့ ဝင်ရောက်လာခဲ့တာဖြစ် ပြီး ၊ ကိုယ်ပူဖျားနာတာ နဲ့ ချောင်းဆိုးရောဂါလက္ခဏာတွေ ကြောင့်မတ်လ ၂၃ ရက်နေ့မှာ အင်းစိန်ပြည်သူ့ဆေးရုံ မှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းထားရှိ(isolation) စောင့်ကြပ်ကုသမှု ခံယူခဲ့သူဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) စစ်ဆေးခဲ့တဲ့ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ သားနှစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပထမဆုံးတွေ့

မတ်လ ၂၃ ရက်နေ့ က မြန်မာနိုင်ငံမှာ လူနာနှစ်ဦးမှာ COVID-19 ရောဂါပိုး တွေ့ပြီးတဲ့ နောက် သူဟာ တတိယမြောက်တွေ့ရှိတဲ့လူနာဖြစ်ပါတယ်။

ဝေဘာဂီအထူးကုဆေးရုံမှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု (quarantine) ခံယူနေသူ (၁၂) ဦး၊ မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု (quarantine) ခံယူနေသူ (၆၀) ဦး၊ တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်းမှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု (quarantine) ခံယူနေသူ (၃၇) ဦးနှင့် ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံ မှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံယူနေသူ (၁) ဦး တို့၏ ဓာတ်ခွဲအဖြေများမှာ COVID-19 ရောဂါပိုး မရှိဘူးလို့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။